အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲတွင် မြန်မာဂျူဒိုအားကစားအဖွဲ့ ရွှေတံဆိပ် (၄)ခု၊ငွေတံဆိပ်(၂)ခု၊ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်းဆုတံဆိပ်(၈)ခု ဆွတ်ခူးရရှိ

နေပြည်တော်၊ ဒီဇင်ဘာလ(၁၁)ရက်။

မလေးရှားနိုင်ငံ၊ ပီနန်မြို့၌  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့နှင့် (၁၀)ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည့်  PENANG INVITATIONAL JUDO CHAMPIONSHIP 2023 ပြိုင်ပွဲ အမျိုးသား (-28)kg ပြိုင်ပွဲတွင် မောင်အောင်ဇေထက်က ရွှေတံဆိပ်(၁)ခု၊ (-66)kg ပြိုင်ပွဲတွင် မောင်ထက်အောင်က ရွှေတံဆိပ်(၁)ခု၊ (-73)kg ပြိုင်ပွဲတွင် မောင်ကျော်ခန့်စိုးက ရွှေတံဆိပ်(၁)ခုနှင့် အမျိုးသမီး (-32)kg ပြိုင်ပွဲတွင် မနှင်းဦးဝတ်ရည်က ရွှေတံဆိပ်(၁)ခု၊ အမျိုးသား(-24)kg ပြိုင်ပွဲတွင် မောင်ဘုန်းပြည့်ချမ်းသာထွန်းက ငွေတံဆိပ်(၁)ခု၊ (-90)kg ပြိုင်ပွဲတွင် မောင်အောင်ဝေဖြိုးက ငွေတံဆိပ်(၁)ခု၊  အမျိုးသား  (-50)kg ပြိုင်ပွဲတွင် မောင်ခိုင်ခန့်က ကြေးတံဆိပ်(၁)ခု၊ အမျိုးသမီး(-57)kg ပြိုင်ပွဲတွင် မငွေပုံချစ်က ကြေးတံဆိပ်(၁)ခု ဆွတ်ခူးရရှိခဲ့ပြီး မြန်မာဂျူဒိုအားကစားအဖွဲ့အနေဖြင့် ပြိုင်ပွဲဝင်အားကစားသမား(၉)ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ရာ ပြိုင်ပွဲများအပြီးတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု၊ စုစုပေါင်းဆုတံဆိပ်(၈)ခုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။