အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်၊ ဒီဇင်ဘာလ(၁၉)ရက်။

၂၀၂၃ခုနှစ် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဒဂုံမြို့သစ်ခရိုင်နှင့် မင်္ဂလာဒုံခရိုင်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဒဂုံမြို့သစ်ခရိုင်မှ (၁:၀)ဖြင့် အနိုင်ရှိခဲ့ပြီးနောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရာတွင် ပထမဆုရှိသော ဒဂုံမြို့သစ်ခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆု ကျပ်(၅၀)သိန်းနှင့်အတူ တံခွန်စိုက်ဆုဖလား ချီးမြှင့် ခြင်း ၊ ဒုတိယဆုရှိသော မင်္ဂလာဒုံခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ငွေသားဆု ကျပ်(၄၀)သိန်း ချီးမြှင့်ခြင်း၊ တတိယဆုရရှိသော တွံတေးခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မြို့တော်ဝန်မှ တစ်ဦးချင်းဆုတံဆိပ်များနှင့်အတူ ငွေသားဆု ကျပ်(၃၀)သိန်း ချီးမြှင့်ခြင်း ၊ စတုတ္ထဆုရရှိသော ဗိုလ်တထောင်ခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ၊ တိုင်းဒေသကြီး ဥပဒေချုပ်မှ ငွေသားဆု ကျပ်(၂၀)သိန်း ချီးမြှင့်ခဲ့ပါသည်။

ပြိုင်ပွဲတွင် အရှေ့တန်းအကောင်းဆုံးဆုရရှိသော မင်္ဂလာဒုံခရိုင်မှ ကျောနံပါတ်(၉) မောင်ဥဏ်လင်းထက်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးမှ ဆုတံဆိပ်နှင့်အတူ ငွေသားဆု ကျပ်(၂)သိန်း ချီးမြှင့်ခြင်း၊ အနောက်တန်းအကောင်းဆုံးဆု ရရှိသော တွံတေးခရိုင်မှ ကျောနံပါတ်(၁၇) မောင်ထက်အောင်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးမှ ဆုတံဆိပ်နှင့်အတူ ငွေ သားဆု ကျပ်(၂)သိန်း ချီးမြှင့်ခြင်း ၊ အလယ်တန်းအကောင်းဆုံးဆု ရရှိသော မင်္ဂလာဒုံခရိုင်မှ ကျောနံပါတ်(၇) မောင်ကျော်သီဟအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးမှ ဆုတံဆိပ်နှင့်အတူ ငွေသားဆု ကျပ် (၂)သိန်း ချီးမြှင့်ခြင်း ၊ အကောင်းဆုံးဂိုးသမားဆု ရရှိသော ဒဂုံမြို့သစ်ခရိုင်မှ ကျောနံပါတ်(၁) မောင်နိုင် ရဲထက်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီးမှ ဆုတံဆိပ်နှင့်အတူ ငွေသားဆု ကျပ်(၂)သိန်း ချီးမြှင့်ခြင်း ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသော ဒဂုံမြို့သစ်ခရိုင်မှ ကျော နံပါတ်(၉) မောင်လှဘုန်းဦးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ ဆုတံဆိပ်နှင့်အတူ ငွေသားဆု ကျပ်(၃)သိန်း အသီးသီးဆုချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။