အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကျင်းပ

Loading

ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကျင်းပ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့ရာ အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဒုတိယဥက္ကဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်း ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ ပြည်နယ်/ခရိုင်/မြို့နယ်များမှ ကော်မတီအဖွဲ့ဝင်များ ၊ ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Online စနစ်ဖြင့်လည်းကောင်း ၊ ပရဟိတအသင်းအဖွဲ့များ နှင့် ဖိတ်ကြားထားသူများက တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီအနေနဲ့ […]

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ တောင်ကြီး၊ မေလ(၂၃)ရက်။ ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်များ အလိုက် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၁၅:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး […]

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ (၂)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်များ စတင်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ (၂)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်များ စတင်ကျင်းပ နေပြည်တော်၊ မေ(၂၃)။ ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) (၂)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း(အမျိုးသား) (၂)ယောက်တွဲအဖွဲ့လိုက် အုပ်စုပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ချင်းပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နေပြည်တော်အသင်းက ကချင်ပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို […]

၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့် မြန်မာ့သိုင်းအားကစားသင်တန်း အမျိုးသား/အမျိုးသမီး ခါးစည်းဖြေဆိုပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့် မြန်မာ့သိုင်းအားကစားသင်တန်း အမျိုးသား/အမျိုးသမီး ခါးစည်းဖြေဆိုပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ မေလ(၂၂)ရက်။ မြန်မာ့သိုင်းအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်သိုင်းဆပ်ကော်မတီတို့မှ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ၊ နွေရာသီအဆင့်မြင့် မြန်မာ့သိုင်းအားကစားသင်တန်း အမျိုးသား/အမျိုးသမီး ခါးစည်းဖြေဆိုပေးအပ်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့ နံနက် (၀၈:၀၀)နာရီအချိန်က စတင်ကျင်းပပြုလုပ်လျက်ရှိရာ ညနေ (၁၆:၀၀)နာရီအချိန်တွင် ခါးစည်းပေးအပ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း ၊ ပြည်နယ်သိုင်းဆပ်ကော်မတီမှ တာဝန်ရှိသူများ နှင့် မြန်မာ့သိုင်းအားကစားဝါသနာရှင် မိဘပြည်သူများ ၊ ဗန်တိုအတိုက် အားကစားသမား ကျား […]

ရပ်စောက်မြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ

Loading

ရပ်စောက်မြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ ရပ်စောက်၊ မေလ ၂၀ ရက်။ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို မေလ ၂၀ ၊ နံနက်(၁၀:၀၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ Community Center ခန်းမ၌ ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ လူငယ်စကားဝိုင်းဖွင့်ပွဲကို ဒုတိယမြို့နယ်ပညာရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့ပါသည်။ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမြတ်သူ၊ မြို့နယ်ပညာရေးမှူး ရုံးမှ ဒုဦးစီး(ကာယ) ဒေါ်အမာကြူတို့က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အ−ထ−က(ဗထူး) ကျောင်း Grade−12၊ Grade−11၊ Grade−10 […]

အောင်ပွဲရနိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလအားကစားအဖွဲ့ အား ပြည်သူများသောင်းသောင်းဖျဖျကြိုဆို

Loading

အောင်ပွဲရနိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလအားကစားအဖွဲ့အား ပြည်သူများသောင်းသောင်းဖျဖျကြိုဆို ရန်ကုန် ၊ မေ (၂၀) ရက် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌ မေ ၁၆ ရက်နေ့မှ၂၀ ရက်နေ့အထိကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံခိုင်မှုအားကစားပြိုင်ပွဲ( 18 th South East Asian Bodybuilding And Physique Sports Championship 2024) ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဌ (ဒုတိယမြို့တော်ဝန်)ဦးညီညီ ဦးဆောင်‌သောမြန်မာ့ကာယဗလအားကစားအဖွဲ့သည် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့ပြီး ယနေ့ ညတွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်ရောက်ရှိလာ ကြသည်။ အဆိုပါ အောင်ပွဲရနိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယကတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှုးဦးညွန့်ဖေနှင့်ကော်မတီဝင်များ ၊ တာဝန်ရှိသူများ ဌာနဆိုင်ရာတာဝန်ရှိသူများ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး […]

အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲသို့မြန်မာအားကစားအဖွဲ့ထွက်ခွာ

Loading

အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲသို့မြန်မာအားကစားအဖွဲ့ထွက်ခွာ ရန်ကုန်၊ မေ(၂၀ )ရက်။ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့၌‌ မေ(၂၂)ရက်မှ(၂၆)ရက်အထိကျင်းပမည့်အရှေ့တောင်အာရှဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲ၂၀၂၄ (Badminton Asia South East(U-17&U-15)Mixed Team&Individual Event 2024)ပြိုင်ပွဲသို့ဝင်‌ရောက်ယှဉ်ပြိုင်မည့် ကြက်တောင်အားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းက ထွက်ခွာသွားရာ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌဦးအောင်ပိုင်၊ တွဲဖက်အတွင်းရေးမှူးနှင့် အားကစားသမားများ၏‌ မိဘ‌ဆွေမျိုးများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါမြန်မာကြက်တောင်အားကစားအဖွဲ့တွင်အုပ်ချုပ်သူအောင်ခိုင်ထွေး၊နည်းပြ‌ ဒေါ်တွယ်တာဦး၊အားကစားသမားရှစ်ဦးတို့ ၀င်‌ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်‌ကြောင်းသိရသည်။ ယင်းပြိုင်ပွဲတွင်အိမ်ရှင်လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဘရူနိုင်း၊ အရှေ့တီမောနိုင်ငံတို့ပါ၀င်မည်ဖြစ်‌ကြောင်းသိရသည်။

၂၀၂၄ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၄ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအား အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်လက်ရွေးစင် အမျိုးသား/အမျိုးသမီး အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကို (၂၀.၅.၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) […]

နွေရာသီဖိတ်ခေါ် (အမျိုးသား၊အမျိုးသမီး) ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆု‌ပေးပွဲကျင်းပ

Loading

နွေရာသီဖိတ်ခေါ် (အမျိုးသား၊အမျိုးသမီး) ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆု‌ပေးပွဲကျင်းပ ရန်ကုန် ၊ မေ ၁၉။ အားကစားနှင့်လူငယ်‌ရေးရာ၀န်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော၂၀၂၄ခုနှစ်နွေရာသီဖိတ်ခေါ် အမျိုးသား၊အမျိုးသမီး 5 ×5(အလွတ်တန်း)၊ 3×3(U-20)ဘတ်စကက်ဘောပြိုင်ပွဲများကိုယ‌နေ့မွန်းလွဲပိုင်းကရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သု၀ဏ္ဏ၌ကျင်းပသည်။ ဗိုလ်လုပွဲပြိုင်ပွဲ၌ အမျိုးသား5 ×5(အလွတ်တန်း)တွင် ko box myanmar အသင်းနှင့် လားရှိုးအသင်းတို့အကြိတ်အနယ်ယှဥ်ပြိုင်ကစားကြရာ ko box myanmar အသင်းက လားရှိုးအသင်းကို ၈၇မှတ်၊ ၅၀မှတ်ဖြင့်အနိုင်ရရှိသွားသည်။ ပြိုင်ပွဲများအပြီးဆုပေးပွဲကိုကျင်းပရာ အမျိုးသမီး၊ အမျိုးသား3×3(U-20)ပြိုင်ပွဲ၊ အမျိုးသား 5 ×5(အလွတ်တန်း)၊ အမျိုးသမီး5 ×5 ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြ‌သောအသင်းများအား ရန်ကုန်တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြား‌ရေးမှူး၊ မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်မှ တာ၀န်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့်‌ ငွေသားဆုများချီးမြှင့်ကြသည်။ ထို့‌နောက် အမျိုးသမီး၊ အမျိုးသားအ‌ကောင်းဆုံးဆုအားကစားသမားများအား မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်အတွင်းရေးမှူးကလည်း‌ကောင်း၊ အမျိုးသား5 ×5(အလွတ်တန်း) […]

၂၀၂၄ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အောင်ပွဲရအားကစားသမားများအား ကြိုဆိုဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

Loading

၂၀၂၄ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အောင်ပွဲရအားကစားသမားများအား ကြိုဆိုဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ မေလ(၁၇)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်မှ ၂၀၂၄ ခုနှစ် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် (၃)နှစ်ဆက်တိုက်ချန်ပီယံဆုဖလားရရှိခဲ့သော ရှမ်းပြည်နယ်အမျိုးသားအသင်းနှင့် (၂)နှစ်ဆက်တိုက် တတိယဆုရရှိခဲ့သောအမျိုးသမီးအသင်းတို့အား ကြိုဆိုဂုဏ်ပြုခြင်း ၊ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို (၁၇.၅.၂၀၂၄)ရက်နေ့ ညနေ (၁၇:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်ဝန်ကြီးများ၏ဇနီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ ၊ […]