၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ကြည့်ရှုအားပေး
တောင်ကြီး၊ ဇွန်လ ၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ဘော်လီဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရေး ၊ မျိုးဆက်သစ်ရွက်ပုန်းသီး ဘော်လီဘောအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး ကျင်းပပြုလုပ်သော၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ရှမ်းပြည်နယ်အသင်းရဲ့ အုပ်စုဒုတိယ ပွဲစဥ်အဖြစ် ရှမ်းပြည်နယ်အသင်း နှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့သည် ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယှဥ်ပြိုင်ကစားလျက်ရှိရာ အဆိုပါပွဲစဥ်သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးသက် ၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်း နှင့် ရှမ်းပြည်နယ်ဘော်လီဘောအားကစားဝါသနာရှင်မိဘပြည်သူများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိခဲ့ရပါသည်။
ယနေ့ ယှဥ်ပြိုင်ကစားလျက်ရှိသော ရှမ်းပြည်နယ်အမျိုးသားအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၂၅:၁၁ မှတ်၊ ၂၅:၁၃ မှတ်၊ ၂၅:၁၃ မှတ်ဖြင့် (၃)ပွဲ ပြတ်ဖြင့်အနိုင်ရရှိခဲ့ကြောင်းသိရှိခဲ့ရပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့အား တစ်ဦးလျှင် (၁)ရက် ၂၀၀၀ိ/-နှုန်းဖြင့် (၄၂၅)ဦးအတွက် စားစရိတ်ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် (၁၁,၁၇၄,၀၀၀ိ/-) တိတိကို ပေးအပ်ခဲ့ကြောင်းသိရှိရကာ ရှမ်းပြည်နယ်အတွင်းရှိ ဘော်လီဘောအားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိရပါသည်။


