အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဝင်များ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဝင်များ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၁၄ ။ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဝင်များ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအပေါ်ထပ် အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။ ဦးစွာ ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် တည်းခိုနေထိုင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ ကျန်းမာရေး၊ ပြန်ကြားရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် လစ်ဟာမှုများ၊ လွဲချော်မှုများမရှိစေရေးအတွက် အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးအတွက် အဓိက အခန်းကဏ္ဍအဖြစ် ပါဝင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တည်းခိုနေထိုင်ရေးတွင် တပြေးညီဖြစ်စေရေး၊ လုံခြုံရေး အဖွဲ့များအတွက် နေရာထိုင်ခင်းများ စနစ်တကျရှိစေရေး၊ စားသောက်ရေးတွင် ကျန်းမာရေးနှင့်အညီ […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့်နေပြည်တော်ကောင်စီလူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့်နေပြည်တော်ကောင်စီလူငယ်ရေးရာ ကော်မတီတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ နေပြည်တော် ဇန်နဝါရီလ(၁၀)ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာမကြီးနှင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန် တေးသီချင်းဖြင့် သီဆိုတင်ဆက်ကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကား ပြောကြားပြီး၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က […]

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ

Loading

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၄။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပလျက်ရှိသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တန်းခွဲများအလိုက် ကျောင်းသား/ကျောင်းသူများက အပြေးပြိုင်ပွဲများ၊ ဘော်လီဘော ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲများနှင့် စာအုပ်ရွက်ပြိုင်ပွဲများ၊ ဇကောရွက်ပြိုင်ပွဲများ၊ ခြေထောက်နှစ်ဖက်ပူးပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲ များကို အသီးသီး ယှဉ်ပြိုင်ကစားခဲ့သည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ တန်းခွဲများအလိုက် အားကစားပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို ဌာနဆိုင်ရာများမှ […]

၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၂ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)နှင့် လွန်ဆွဲ(အမျိုးသား/ အမျိုးသမီး) အကြိုဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များ၊ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်များ၊ ဘောလုံး တတိယလုပွဲနှင့် ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ ရွှေကြာပင်အားကစားကွင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တို့၌ ကျင်းပခဲ့သည်။ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)အကြို ဗိုလ်လုပွဲပြိုင်ပွဲ ပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကိုရမှတ် (၂၄)မှတ် (၁၇)မှတ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို ရမှတ် […]

၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး၊ လွန်ဆွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များနှင့် ဘော်လီဘော တတိယလုပွဲ ပွဲစဉ်များကျင်းပ

Loading

၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး၊ လွန်ဆွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များနှင့် ဘော်လီဘော တတိယလုပွဲ ပွဲစဉ်များကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၁ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)နှင့် လွန်ဆွဲ(အမျိုးသား/ အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ၊ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) တတိယလုပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တို့၌ ကျင်းပခဲ့သည်။ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကိုရမှတ် (၁၀၂)မှတ် ရမှတ်မရှိဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို ရမှတ်(၂၈)မှတ် (၉)မှတ်ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန […]

၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး၊ လွန်ဆွဲနှင့် ဘောလုံးအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကျင်းပ

Loading

၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး၊ လွန်ဆွဲနှင့် ဘောလုံးအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၃၁ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံထုပ်ဆီးတိုး(အမျိုးသမီး)၊ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)နှင့် ဘောလုံး(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) တို့၌ ကျင်းပခဲ့သည်။ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်း ကိုရမှတ် (၁၁)မှတ် (၃)မှတ်ဖြင့်လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီအသင်းကို ရမှတ်(၃၀)မှတ် (၅)မှတ်ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို ရမှတ် (၁၈)မှတ် (၈)မှတ် […]

၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ ဘော်လီဘော နှင့်ဘောလုံးအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ ဘော်လီဘော နှင့်ဘောလုံးအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၃၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)၊ ထုပ်ဆီးတိုး (အမျိုးသမီး) နှင့် လွန်ဆွဲ(အမျိုးသား/အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B) တို့၌ ကျင်းပခဲ့သည်။ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်းရုံးအသင်းက သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနအသင်းကိုရမှတ် (၃၃)မှတ် ရမှတ်မရှိဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို ရမှတ်(၇၅)မှတ် ရမှတ်မရှိဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာ […]

အပြည်ပြည်ဆိုင်ရာဖိတ်ခေါ် စနူကာချန်ပီယံရှစ်ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ

Loading

အပြည်ပြည်ဆိုင်ရာဖိတ်ခေါ် စနူကာချန်ပီယံရှစ်ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ရက် မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့တွင် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာဖိတ်ခေါ် စနူကာချန်ပီယံရှစ် Malaysia International Open Snooker Championship 2024 ပြိုင်ပွဲတွင် မြန်မာစနူကာအသင်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ဘက် နာမည်ကြီးကစားသမားများကို အနိုင်ရရှိပြီး မြန်မာအားကစားသမား ဝင်းကိုကို နှင့် နေမင်းထွန်းတို့က (၃၂)ယောက် အဆင့်သို့ရောက်ရှိခဲ့၍လည်းကောင်း ၊ သက်မင်းလင်း နှင့် သန်း‌ဇော်ထွန်းတို့က (၁၆)ယောက်အဆင့်သို့ အသီးသီးရောက်ရှိခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံအဖြစ် မလေးရှား ၊ အင်ဒိုနီးရှား ၊ စင်္ကာပူ ၊ အင်္ဂလန် […]

ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

Loading

ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၂၈ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပခဲ့သည်။ ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သေနတ်ပစ်ဖောက်၍ တာလွတ်ပေးရာ ပါဝင်ဆင်နွှဲကြသူ များသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ပျော်ပျော်ပါးပါးလမ်းလျှောက် ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများနှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်း များကို စုပေါင်းလှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ရေသန့်ဘူးနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဗဟိုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ […]

၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ ဘော်လီဘော နှင့်ဘောလုံးအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကျင်းပ

Loading

၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး၊ လွန်ဆွဲ၊ ဘော်လီဘော နှင့်ဘောလုံးအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၂၉ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)၊ ဘောလုံး (အမျိုးသား)နှင့် ထုပ်ဆီးတိုး(အမျိုးသမီး) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိကွင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၊ ပေါင်းလောင်းနှင့် ရွှေကြာပင် အားကစားကွင်းတို့၌ ကျင်းပခဲ့သည်။ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီအသင်းက နိုင်ငံခြားရေး ဝန်ကြီးဌာနအသင်းကို ရမှတ် (၆၀)မှတ် (၂)မှတ်ဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်း က ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ရမှတ်(၆၀)မှတ် […]