အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ SEAGF Council Meeting နှင့် SEAGF Executive Committee Meeting သို့တက်ရောက်

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ SEAGF Council Meeting နှင့် SEAGF Executive Committee Meeting သို့တက်ရောက် ကမ္ဘောဒီးယား၊ မေ (၅)။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာအားကစားအသင်းခေါင်းဆောင် Chief DE Mission(CDM) အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦး၊ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမြာ တို့သည်   ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Garden City Hotel ၌ ဒေသစံတော်ချိန်  နံနက်(၉)နာရီမှ (၁၂)နာရီအထိ ကျင်းပပြုလုပ် သည့် SEAGF Medical and […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်မှုအဖွဲ့ဝင်များအားတွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်မှုအဖွဲ့ဝင်များအားတွေ့ဆုံလမ်းညွှန်အမှာစကားပြောကြား ကမ္ဘောဒီးယား၊ မေလ(၄)ရက်။  ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှု ဆုတံဆိပ်များရရှိစေရန်နှင့် လိုအပ် သည့် အုပ်ချုပ်မှု ထောက်ပံ့မှုကိစ္စရပ်များနှင့် ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် ယနေ့နံနက် မြန်မာစံတော်ချိန် (၈)နာရီအချိန်တွင်  ပြိုင်ပွဲဝင် အားကစားသမားများ တည်းခိုနေထိုင်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Sports Village ၌ မြန်မာအားကစားအဖွဲ့မှ အုပ်ချုပ်မှုအဖွဲ့များနှင့် တာဝန်ရှိသူများကို မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့က တွေ့ဆုံလမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး နောက် မြန်မာအားကစားအဖွဲ့၏ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဗိုဗီနမ်(ခွန်ဘိုကာတာ) ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် ဗိုဗီနမ်(ခွန်ဘိုကာတာ) ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး နေပြည်တော်၊ မေလ(၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဗိုဗီနမ် (ခွန်ဘိုကာတာ)  ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့မွန်းလွဲ (၄)နာရီအချိန်တွင်  နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီရုံး၌ Virtual Online  စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အမျိုးသားတစ်ဦးချင်း (အခြေခံပြကွက်-လက်)ပြိုင်ပွဲ၌ မောင်လှိုင်ချစ်ဦး၊ အမျိုးသားတစ်ဦးချင်း (လက်သိုင်းအပြ) ပြိုင်ပွဲတွင် မောင်ခန့်လွန်းဇော်တို့မှ ကြေးတံဆိပ် ဆုစီရရှိပြီး အမျိုးသမီးတစ်ဦးချင်း (အခြေခံပြကွက်-လက်)ပြိုင်ပွဲ၌ မနီလာစိုးဦးမှ ငွေတံဆိပ်ဆု၊ အမျိုးသမီး တစ်ဦးချင်း (ဝါးညှပ်အက)ပြိုင်ပွဲတွင် မမြတ်နိုးဝေမှ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံ တောင်ကြီး၊ မေ(၄)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နေ့လယ်(၁)နာရီအချိန် အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)မှ အရာထမ်း/အမှုထမ်းများအား တွေ့ဆုံ၍ အုပ်ချုပ်ရေး၊ လေ့ကျင့်ရေး၊ ပညာရေးဆိုင်ရာများ လမ်းညွှန်မှာကြားခဲ့သည်။ ရှေးဦးစွာ ကျောင်းအုပ်ချုပ်မှု ရုံးအစည်းအဝေးခန်းမ၌ အားကစားနည်းအလိုက် တာဝန်ပေးအပ်ထားသည့် တာဝန်ခံအရာထမ်းများနှင့်တွေ့ဆုံရာ ကျောင်းအုပ်ကြီးက အုပ်ချုပ်ရေး၊ လေ့ကျင့်ရေး၊ ပညာရေးဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ နိုင်ငံတကာအားကစားပြိုင်ပွဲ များတွင် ဆုတံဆိပ်အများဆုံးချီးမြှင့်သည့် ပြေးခုန်ပစ်အားကစားနည်း ပိုမိုတိုးတက်အောင် တာဝန်ခံ နည်းပြများက ကြိုးစားဆောင်ရွက်ရန်နှင့် ပညာသင်နှစ်အလိုက် အောင်ချက်မြင့်မားရေး ကြပ်မတ် ဆောင်ရွက်ရေး ဒုတိယဝန်ကြီးက လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ဘက်စုံသုံးခန်းမ၌ အရာထမ်း၊ အမှုထမ်းများအားတွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားရာတွင် တိုင်းပြည်အနာဂတ်ဟာ လူငယ်များလက်ထဲတွင်ရှိသဖြင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အရေးကြီးပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံနှင့် မြန်မာနိုင်ငံ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ဘော်လီဘော(အမျိုးသား)အသင်းလိုက် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ဘော်လီဘော(အမျိုးသား)အသင်းလိုက် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး နေပြည်တော်၊ မေ (၄)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဘော်လီဘော (အမျိုးသား) အသင်းလိုက်ပြိုင်ပွဲ၌ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့နံနက် (၁၁)နာရီခွဲအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့များ ဘောလုံး(အမျိုးးသမီး)ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့များ ဘောလုံး(အမျိုးးသမီး)ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး ကမ္ဘောဒီးယား၊ မေ(၃)။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်၌ မြန်မာအမျိုးသားလေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) အမှတ် UB-7017 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာလာခဲ့ရာ မြန်မာစံတော်ချိန် ညနေ(၃)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်လေဆိပ်တို့ရောက်ရှိခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာအားကစားအဖွဲ့သည် PHNOM PENH Olympic City ရှိ ARMY STADIUM ၌ ကျင်းပလျက်ရှိသည့် ဘောလုံးအမျိုးသမီးအားကစားပြိုင်ပွဲတွင် မြန်မာအသင်းနှင့်ဖိလစ်ပိုင်အသင်းတို့ […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့များ ဘောလုံး (အမျိုးသမီး) ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့များ ဘောလုံး (အမျိုးသမီး) ပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး ကမ္ဘောဒီးယား၊ မေ(၃)။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံ ပုဂ္ဂိုလ်အဖြစ် တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်၌ မြန်မာအမျိုးသား လေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) အမှတ် UB-7017 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာခဲ့ရာ မြန်မာစံတော်ချိန် ညနေ(၃)နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်လေဆိပ်တို့ရောက်ရှိခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာအားကစားအဖွဲ့သည် PHNOM PENH Olympic City ရှိ ARMY STADIUM […]

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ

Loading

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ထွက်ခွာ ရန်ကုန်၊ မေလ (၃) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဖိတ်ကြားခံပုဂ္ဂိုလ်အဖြစ်တက်ရောက်မည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ် (၁၃:၀၀)နာရီ အချိန်၌ မြန်မာအမျိုးသားလေကြောင်းလိုင်း (စင်းလုံးငှားလေယာဉ်) အမှတ် UB-7017 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မိဘပြည်သူများ လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က မြန်မာအားကစားအဖွဲ့အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး ရန်ကုန်၊ မေလ (၂) ရက်။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာ၀န်ရှိသူများလိုက်ပါလျက် ယနေ့နေ့လယ်(၂)နာရီအချိန်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြင်းစီးအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ကြိုဆိုခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် မြင်းစီးလေ့ကျင့်ရေးကွင်း ၊ မြင်းစောင်းနှင့် အဖွဲ့ချုပ်အတွင်းရှိ လက်ရှိအဆောက်အဦများ တည်ရှိနေမှုတို့အား လှည့်လည်ကြည်ရှု စစ်ဆေး၍ စနစ်တကျ သပ်ရပ်စွာတည်ဆောက်ထားရှိရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေလှပရေးအတွက် ဆောင်ရွက်ရန်လိုအပ်မှုများအား လမ်းညွှန်မှာကြားပြီးနောက် မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်ရုံးခန်းရှိ ခန်းမ၌ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်နှင့် ရန်ကုန်မြင်းစီးအသင်းတို့ ပူးပေါင်း၍ မြင်းစီးအားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရှိရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား လမ်းညွှန်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ခရစ်ကတ်(အမျိုးသမီး)အသင်းလိုက် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် ခရစ်ကတ်(အမျိုးသမီး)အသင်းလိုက် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး နေပြည်တော်၊ မေ (၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ခရစ်ကတ် (အမျိုးသမီး) အသင်းလိုက်ပြိုင်ပွဲ၌ မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့နံနက်(၁၀)နာရီခွဲတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံအိုလံပစ်ကော်မတီရုံး၌ Virtual Online  စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။