အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

နေပြည်တော် ဒီဇင်ဘာ ၁၅

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပရာ အမျိုးသား/ အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းဘော်လီဘောပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘော်လီဘောရုံ၌ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို ၃ပွဲပြတ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို ၃ ပွဲပြတ်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အသင်းကို ၃ ပွဲပြတ်၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲ -၂ ပွဲ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို ၃ပွဲ-၁ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အသင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိ ခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ပထမအဆင့် ရှုံးထွက်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်ရုံ၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို ၁၁ ဂိုး-ဂိုး မရှိ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို ၅ ဂိုး – ၃ ဂိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းကို ၁၂ဂိုး – ၁ဂိုး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုတရားလွှတ်တော်အသင်းကို ၂၅ ဂိုး – ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ဧရာဝတီတိုင်း ဒေသကြီးအသင်းကို ၃ ပွဲ -၁ ပွဲ၊ မကွေးတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၃ပွဲ -၁ပွဲ၊ မွန်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ပွဲ – ၁ပွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ပွဲ -၂ပွဲ၊ ကချင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၃ပွဲ-၁ပွဲ၊ မကွေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ် အသင်းကို ၃ ပွဲ -၁ပွဲ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို ၃ပွဲ- ၁ပွဲ၊ မွန်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ပွဲ – ၁ပွဲ၊ ပဲခူးတိုင်းဒေသကြီး အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ကချင်ပြည်နယ်အသင်းကို ၃ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်း ကို ၃ပွဲပြတ်၊ မကွေးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်း ကို ၃ ပွဲပြတ်၊ မွန်ပြည်နယ်အသင်း က ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲပြတ်၊ စစ်ကိုင်း တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ပွဲ ပြတ်၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို ၃ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဘောဂဝတီအားကစားကွင်းနှင့် လယ်ဝေးမြို့နယ်အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၄ ဂိုး – ၁ ဂိုး၊ မန္တလေးတိုင်းဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို ၄ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို တင်းနစ်ကွင်း (ဗဟို) ၌ ကျင်းပရာ အမျိုးသားတင်းနစ်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက ပြည်ထောင်စု နယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်း ဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ ကချင်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို ၂ပွဲ – ၁ပွဲ၊ ပဲခူးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ပွဲပြတ်၊ အမျိုးသမီး တင်းနစ်ပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ကရင်ပြည်နယ် အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၂ ပွဲ -၁ပွဲ၊ ပဲခူးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၃ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း အလေးမ ပြိုင်ပွဲရုံ၌ကျင်းပရာ အမျိုးသား ၇၃ ကီလိုတန်းပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဝေယံဖြိုးက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ ရှိုင်းညီညီက ဒုတိယ၊ မကွေးတိုင်းဒေသကြီးမှ ထွန်းလွင်ငြိမ်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသား ၆၇ ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ ထက်ညီညီနိုင်က ပထမ၊ ရခိုင်ပြည်နယ်မှ ဆန်းထက်အောင်က ဒုတိယ၊ မွန်ပြည်နယ်မှ ထွန်းထွန်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး ၅၅ ကီလိုတန်းပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ ခင်သီတာရွှေက ပထမ၊ ရန်ကုန် တိုင်းဒေသကြီးမှ ဆုမြတ်မွန်က ဒုတိယ၊ မကွေးတိုင်းဒေသကြီးမှ သက်မွန်မြင့်က တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြ သည်။

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။