၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားများ ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၆
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ဝန်ကြီးဌာနအဆင့်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ပြိုင်ပွဲပွဲစဉ်များ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာ အားကစားကွင်းနှင့် အားကစား ရုံများ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဘိလိယက်ရုံ၌ ကျင်းပရာ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင် က စနူကာ 6 Red Single ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပူးတွဲ တတိယဆုရရှိကြသည့် ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော် က စနူကာ 6 Red Double နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကရင်ပြည်နယ်၊ ဒုတိယဆုရရှိ သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသား အားကစား ပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ် ချီးမြှင့် ကြသည်။
ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကို က 9 Ball Pool Single ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိ သည့် ဧရာဝတီတိုင်းဒေသကြီး၊ ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်နှင့် ကချင်ပြည် နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦး သာဌေး က 9 Ball Pool Double နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်း ပြည်နယ်၊ ဒုတိယဆုရရှိသည့် ရခိုင်ပြည်နယ်၊ ပူးတွဲ တတိယဆုရရှိသည့် ရန်ကုန် တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦး ချင်းဂုဏ် ပြု ဆုတံဆိပ်နှင့် အမျိုးသား အားကစား ပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ် ချီးမြှင့် ကြသည်။
ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဝဏ္ဏသိဒ္ဓိဘော လုံးကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသာအောင် က အမျိုးသားမီတာ(၅၀၀၀) အပြေးပြိုင်ပွဲတွင် ပထမ နှင့် ဒုတိယဆုရရှိသည် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ တတိယဆုရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း က အမျိုးသမီး မီတာ(၅၀၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန နှင့် တတိယဆုရရှိသည့် ဆောက်လုပ် ရေးဝန်ကြီးဌာန အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးထိန်လင်း က အမျိုးသားမီတာ(၄၀၀) တန်းကျော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၊ ဒုတိယ နှင့် တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန အသင်း တို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦး ချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသား အားကစား ပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် က အမျိုးသမီး မီတာ(၄၀၀)တန်း ကျော်ပြိုင်ပွဲတွင် ပထမ နှင့် ဒုတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနနှင့် တတိယဆု ရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန် ကြီး ဦးအေးကျော် က အမျိုးသမီး သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က အမျိုးသား မာရသွန်အပြေးပြိုင်ပွဲ တွင် ပထမဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန နှင့် တတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးအေးထွန်း က အမျိုးသားမီတာ(၈၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယ ဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီး ဌာန အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦး ချင်းဂုဏ် ပြု ဆုတံဆိပ်နှင့် အမျိုးသား အားကစား ပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့် ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က အမျိုးသမီးမီတာ(၈၀၀) အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် တတိယဆုရရှိသည့် အလုပ်သမားဝန်ကြီးဌာနအသင်းတို့မှ ပြိုင် ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က အမျိုးသားသံပြားဝိုင်း ပစ် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန နှင့် တတိယဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က အမျိုး သမီး မာရသွန်အပြေးပြိုင်ပွဲတွင်ပထမနှင့် ဒုတိယဆုရရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန နှင့် တတိယဆုရရှိသည့် အလုပ်သမားဝန်ကြီးဌာန အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်း ကောင်း တစ်ဦး ချင်းဂုဏ် ပြု ဆုတံဆိပ်နှင့် အမျိုးသား အားကစား ပွဲတော် အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် က အမျိုးသားမီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် တတိယဆုရရှိသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်း ကောင်း၊ အမျိုးသမီး မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဆုရရှိသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာန နှင့် တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန အသင်းတို့မှ ပြိုင်ပွဲဝင်များ ကိုလည်းကောင်း တစ်ဦး ချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ၃၂ ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အမျိုးသား၊ အမျိုးသမီးလမ်းလျှောက်ပြိုင်ပွဲတွင် ရရှိခဲ့သည့် စံချိန်ဟောင်းထက် ယခုပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် သာလွန်ကောင်းမွန်သည့် စံချိန်သစ်များရရှိခဲ့ကြသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မောင်နိုင်လင်းထွန်း နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ မဇင်မေထက်တို့အား မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း နှင့် ဒုတိယဥက္ကဋ္ဌ ဦးသာအောင်တို့က မော်တော်ဆိုင်ကယ်တစ်စီးစီ အထူးဆုအနေဖြင့် ချီးမြှင့်ခဲ့ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို အလေးမအားကစား ရုံ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် က အမျိုးသမီး ၄၅ကီလိုအလေးမပြိုင်ပွဲ တွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီး နှင့် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း တို့မှ ပြိုင်ပွဲဝင်များကိုလည်း ကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် က အမျိုးသမီး ၄၉ ကီလို အလေးမပြိုင်ပွဲတွင် ပထမ ဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး နှင့် တတိယဆုရရှိသည့် ပဲခူး တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမင်းသူ က အမျိုးသမီး ၅၅ ကီလိုအလေးမပြိုင်ပွဲတွင် ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ် ပြုဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က အမျိုးသား ၅၅ ကီလိုအလေးမပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး နှင့် တတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က အမျိုးသား ၆၁ ကီလိုအလေးမ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး ၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး နှင့် တတိယဆုရရှိသည့် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊အမျိုးသား ၆၇ ကီလို အလေးမပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီး ၊ ဒုတိယဆုရရှိသည့် ရခိုင်ပြည်နယ် နှင့် တတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦး ချင်းဂုဏ် ပြု ဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး ဝူရှူးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရွှေကြာပင်အားကစားကွင်း၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် က အမျိုးသမီး ချန်းချွမ်ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များ ကိုလည်းကောင်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးနေလင်းအောင် က အမျိုးသား ချန်းချွမ်ပြိုင်ပွဲတွင် ပထမ နှင့် ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးနှင့် တတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်း ကောင်း တစ်ဦး ချင်းဂုဏ် ပြု ဆုတံဆိပ်နှင့် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့် သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမျိုးသမီးနန်းချွမ်ပြိုင်ပွဲတွင် ပထမ နှင့် ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်နှင့် တတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က အမျိုးသား နန်းချွမ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရှမ်းပြည်နယ်၊ ဒုတိယဆုရရှိသည့် စစ်ကိုင်း တိုင်းဒေသကြီးနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့မှ ပြိုင်ပွဲဝင်များကိုလည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်နှင့် အမျိုးသား အားကစားပွဲတော်အထိမ်းအမှတ်အရုပ်အား ပေးအပ်ချီးမြှင့်ကြ သည်။
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားနည်းများအလိုက် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ဒီဇင်ဘာ ၁၇ ရက်တွင် သက်ဆိုင်ရာအားကစားရုံများနှင့် အားကစားကွင်းများ၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။