အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယ ဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံမြင်းစီး အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့်အဖွဲ့အား နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ ဦးစွာ ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က မြင်းစီးအားကစားနည်း တိုးတက်ဖွံ့ဖြိုးစေရန်၊ မြင်းစီး မျိုးဆက်သစ် လူငယ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရန်နှင့် နိုင်ငံတကာမြင်းစီးအားကစား ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်အတွက်ရည်ရွယ်၍ မြင်းစီးအားကစားပြိုင်ပွဲများနှင့် နည်းစနစ် သင်တန်းများကို ၂၀၂၄ ခုနှစ်တွင် (၁၄) ကြိမ်ခန့် ကျင်းပပြုလုပ်ပေးနိုင်ခဲ့ကြောင်း၊ မြင်းစီးအားကစားနည်း […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ ခုနှစ်၊ ဂျူဒိုအားကစားနည်း ပထမအကြိမ် လူရွေးချယ်လက်ရည်စမ်းပြိုင်ပွဲ တက်ရောက်

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ ခုနှစ်၊ ဂျူဒိုအားကစားနည်း ပထမအကြိမ် လူရွေးချယ်လက်ရည်စမ်းပြိုင်ပွဲ တက်ရောက် နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့မှ (၂၀) ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ် မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဂျူဒိုအားကစားနည်းအနေဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ်၊ ဂျူဒိုအားကစားနည်း ပထမအကြိမ် လူရွေးချယ်လက်ရည်စမ်းပြိုင်ပွဲကို နေပြည်တော်၊ အားကစား လေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ကျင်းပခဲ့သည်။ ယနေ့ လက်ရည်စမ်းပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) အလွတ်တန်းပြိုင်ပွဲ၊ အမျိုးသား -60 kg ပြိုင်ပွဲနှင့် အမျိုးသမီး -52 […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံဂျူဒို အားကစားအဖွဲချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံခြင်းနှင့် ကာယပညာနှင့်အားကစားနည်းပြ(မွမ်းမံ)သင်တန်း အမှတ်စဉ်(၂)မှ သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံဂျူဒို အားကစားအဖွဲချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံခြင်းနှင့် ကာယပညာနှင့်အားကစားနည်းပြ(မွမ်းမံ)သင်တန်း အမှတ်စဉ်(၂)မှ သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယ ဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့်အဖွဲ့အား နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ ဦးစွာ ဥက္ကဋ္ဌ ဦးထွန်းထွန်းက ဂျူဒိုအားကစားနည်း တိုးတက်ဖွံ့ဖြိုးစေရန်နှင့် ဂျူဒိုမျိုးဆက်သစ် လူငယ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရန်အတွက် လက်ရှိသင်ကြားပေးလျက်ရှိသည့် ပြည်ပ မှ ငှားရမ်းထားသည့် ဂျပန်နည်းပြဆရာအား ဆက်လက်ငှားရမ်းပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေး စေလိုကြောင်း၊ အင်အားဖြည့်စွက်စာကျွေးမွေးမှုများနှင့် ထောက်ပံ့ပေးနေမှုအပိုင်းများ၊ လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းထောက်ပံ့နေမှုအပိုင်းများ၊ နည်းပြဆရာလိုအပ်မှုအပိုင်းများ၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယ ဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံနှင့်အဖွဲ့အား နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ ဦးစွာ ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံက မြန်မာနိုင်ငံ E-Sports အားကစားနည်း တိုးတက်ဖွံ့ဖြိုး စေရန်၊ လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် E-Sports အားကစားနည်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သည့် အားကစားသမားများ မွေးထုတ် ပေးနိုင်စေရန်အတွက် ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်တွင် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ ဝန်ထမ်းများ ဥပဒေဆိုင်ရာအသိပညာဗဟုသုတများတိုးပွားပြီး ဥပဒေရေးရာ စည်းမျဉ်း/ စည်းကမ်းများကို ပိုမိုသိရှိနားလည်နိုင်စေရန်နှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာ စကားပြောကြားရာတွင် ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်သည့် အရာတစ်ခုဖြစ် သည့်အပြင် မိမိတို့နိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံသားများ၊ ပြည်သူများ မဖြစ်မနေ သိရှိလိုက်နာ စောင့်ထိန်းကြရမည့် သတ်မှတ်ပြဌာန်းချက်တစ်ရပ်လည်းဖြစ်သည့်အတွက် […]

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ တို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဇီးဖြူပင် ကျောင်း၌ ကျင်းပခဲ့သည်။ ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဇီးဖြူပင်ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့အခမ်းအနားအား ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကကျကြောင်း၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် […]

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲတွင် ပါဝင်ဆင်နွှဲ

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲတွင် ပါဝင်ဆင်နွှဲ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းတတ်စေရန်နှင့် ဝန်ထမ်းများအချင်းချင်း ရိုင်းပင်းကူညီစိတ်များထားရှိပြီး စည်းလုံးပျော်ရွှင်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းအလေ့အထ များရရှိစေရန်အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဝန်ထမ်းမိသားစုဝင်များ၏ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Center-1 ရှေ့၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဌာနခွဲအလိုက် ပျော်ရွှင်စွာ ထမနဲထိုးနေကြသည့် ဝန်ထမ်းများအား ကြည့်ရှုအားပေးပြီး ၎င်းအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ […]

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ ဆေးပေးခန်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်သည့် နေရာများအား လိုက်လံကြည့်ရှု

Loading

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ ဆေးပေးခန်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်သည့် နေရာများအား လိုက်လံကြည့်ရှု နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်း၊ ဦးဇင်မင်းထက်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဆေးပေးခန်း နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ တည်းခိုနေထိုင်သည့်နေရာများအား လိုက်လံကြည့်ရှု ခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဆေးပေးခန်းတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်း ပြုလုပ်ထားရှိမှုအခြေအနေများ၊ X Scan စက်နှင့် ကုသရေးအထောက် အကူပြုစက်ပစ္စည်းထားရှိမှုအခြေအနေများ၊ ဆေးဝါးသိုလှောင်ထားရှိမှု အခြေအနေများနှင့် အားကစားသမားများအား နေ့စဉ်အားဆေးတိုက်ကျွေးလျက်ရှိသည့်အခြေအနေများ၊ အားကစားသမားများ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများမှ ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများမှ ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ ၈ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဝန်ကြီးဌာနအလိုက် နေထိုင်လျက်ရှိသော ဝန်ထမ်းအိမ်ရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၅၃၅၀၊ ၅၃၅၁ နှင့် ဉာဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၃၃၁၂၂ နှင့် ၃၃၉၉ တို့အားလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်နှင့်အဖွဲ့သည် ဇေယျသိဒ္ဓိ ရပ်ကွက် စံပယ်အိမ်ရာ တိုက်အမှတ် ၃၅ နှင့် ဘောဂသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၆၀၃၊ ၇၄၇၊ ၈၂၁ နှင့် ၈၂၂ တို့အားလည်းကောင်း အဖွဲ့များခွဲ၍ အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ထားမှု အခြေအနေ၊ ရေ၊ မီး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင် ရှမ်းပြည်နယ်အားကစားကွင်းတွင်ကျင်းပနေသည့် အလွတ်တန်းဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေး၍ အားကစားကွင်း/ရုံများ၊ အားကစားလေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင် ရှမ်းပြည်နယ်အားကစားကွင်းတွင်ကျင်းပနေသည့် အလွတ်တန်းဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေး၍ အားကစားကွင်း/ရုံများ၊ အားကစားလေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား တောင်ကြီး၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်ရောက်ရှိနေသော အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ ညနေပိုင်းတွင် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ခဲ့ပြီး၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ကမ္ဘောဇဖလား အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင် အသင်းများမှ အုပ်ချုပ်နည်းပြများ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ စီမံကိန်းပါလုပ်ငန်းဖြစ်သည့် ပြည်နယ်အားကစားကွင်းအတွင်း […]