အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း ပဲခူးတိုင်းဒေသကြီးရှိ အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေး
ရန်ကုန်၊စက်တင်ဘာလ(၃)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း သည် ဒုတိယအမြဲတမ်း အတွင်းဝန် နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့ သို့ရောက်ရှိရာ ပြည်မြို့နယ် အားကစားကွင်း၊ ကာယဗလလေ့ကျင့်ရေးရုံ နှင့်ပြည်ခရိုင် အားကစား ကွင်းပွဲကြည့်စင်ပျက်စီးနေမှုနှင့် ကွင်းပြင်ဆင်ထားရှိမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးသည်ပြည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတွင်ဝန်ထမ်းများ နှင့် တွေ့ဆုံခဲ့ ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်မြို့ရှိ အားကစားကွင်း/အားကစားရုံ များကိုလည်းကောင်း၊ နတ်တလင်းမြို့ရှိ အားကစားကွင်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး နတ်တလင်းခရိုင် အားကစားကော်မတီဥက္ကဋ္ဌနှင့်အတူ ဝန်ထမ်းများအားတွေ့ဆုံခဲ့ပါသည်။
ယင်းနောက် ဇီးကုန်းမြို့ရှိ အားကစားကွင်း၊ ကြို့ပင်ကောက်မြို့ရှိအားကစားကွင်းတို့အား လည်းကောင်း၊ သာယာဝတီမြို့ရှိအားကစားရုံနှင့် ခရိုင်အားကစားကွင်းတို့အား လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒုတိယဝန်ကြီးသည်သာယာဝတီခရိုင် အားကစား နှင့် ကာယပညာ ဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။ ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံရာ တွင် အားကစားကွင်း/ အားကစားရုံသန့်ရှင်းရေးကိစ္စ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးကိစ္စ၊ အားကစား သင်တန်းများဖွင့်လှစ်နိုင်ရေးကိစ္စ၊ ဝန်ထမ်းစည်းကမ်း နှင့် အညီလုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင် ရေးကိစ္စ၊ အထူးသဖြင့်လုံခြုံရေးအားအလေးထားသတိပြု၍လုပ်ငန်းဆောင်ရွက်ကြရန်မှာကြားခဲ့ ကြောင်းသိရှိရသည်။




