အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်၊စက်တင်ဘာလ(၂)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်း သည် ဒုတိယအမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ၊ အောင်လံမြို့သို့ရောက်ရှိရာ အားကစားကွင်း/အားကစားရုံများအား ကြည့်ရှုစစ်ဆေးပြီး အားကစားကွင်းရုံသစ်တည်ဆောက်ရန်အတွက် လျာထားမြေနေရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးအတွက် ရုံးစည်းကမ်းလိုက်နာစေရေး၊ ကွင်း/ရုံများသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အားကစားပြိုင်ပွဲများအား စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး၊ အားကစားသင်တန်းများဖွင့်လှစ်နိုင်ရေးကိစ္စရပ်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။