ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် AFC Women’s Championship League (AWCL) 2025/2026 ၏ Preliminary Stage ပြိုင်ပွဲ အုပ်စုအဆင့်ပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
ရန်ကုန်၊ ဩဂုတ်လ ၃၁ ရက်
AFC Women’s Championship League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်းတွင်ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲသည် ၂၀၂၅-၂၀၂၆ ရာသီအာရှချန်ပီယံလိဂ် အမျိုးသမီးကလပ်ခြေစစ်ပွဲ ဖြစ်ပြီး ယနေ့တွင် အုပ်စုအဆင့်ပွဲစဉ်များ ဆက်လက်ကျင်းပရာတွင် မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် ဖိလစ်ပိုင်နိုင်ငံမှ STALLION LAGUNA FC အမျိုးသမီးဘောလုံးအသင်း တို့ ယှဉ်ပြိုင်ကစားရာ ပထမပိုင်း( ၄၅ )မိနစ်တွင် STALLION LAGUNA FC အမျိုးသမီးဘောလုံး အသင်းက (၁)ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်း ဆက်လက်ယှဉ်ပြိုင်ကစားရာတွင် I.S.P.E FC အမျိုးသမီး ဘောလုံးအသင်းက ( ၃ )ဂိုး သွင်းယူနိုင်ခဲ့ကာ ပြိုင်ပွဲပြီးဆုံးချိန်တွင် I.S.P.E FC အမျိုးသမီးဘောလုံး အသင်းက ဖိလစ်ပိုင်နိုင်ငံမှ STALLION LAGUNA FC အမျိုးသမီးဘောလုံးအသင်းကို (၃)ဂိုး(၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ကာ Group State သို့ တက်ရောက်သွားခဲ့ပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး Group State သို့ တက်ရောက်သွားသော I.S.P.E FC အမျိုးသမီးဘောလုံးအသင်းကို ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။




