အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏသို့သွားရောက်ကြည့်ရှုစစ်ဆေး

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏသို့သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာ (၂၆)ရက်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊  ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏသို့သွားရောက်ကြည့်ရှု စစ်ဆေး သည်။ ဦးစွာ အားကစားရုံအတွင်းရှိ အစည်းအဝေးခန်းမ၌ အားကစားနှင့်လူငယ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က အမျိုးသားအားကစားရုံ(၁)၊ သုဝဏ္ဏသမိုင်းအကျဉ်း၊ အမျိုးသားအားကစားရုံ(၁)၌ ကျင်းပခဲ့သည့်နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများ၊ ပြည်တွင်းအဆင့် အားကစားပြိုင်ပွဲများနှင့် နိုင်ငံတော်အဆင့် အခမ်းအနားများ ကျင်းပခဲ့မှုအခြေအနေများ၊ အမျိုးသားအားကစားပြိုင်ပွဲရုံအား အဆင့်မြှင့်တင်ခြင်းနှင့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများနှင့် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲများ ဆက်လက်ကျင်းပနေမှုအား တက်ရောက်ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများနှင့် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲများ ဆက်လက်ကျင်းပနေမှုအား တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဒီဇင်ဘာလ (၂၆) ရက်။        ဝန်ကြီးဌာနပေါင်းစုံမှ ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်ဖြစ်စေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို အားကစားနည်း (၆) နည်းအား ဒီဇင်ဘာလ (၂၁) ရက် နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ( ၄)  ရက် နေ့ အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ( Sports Complex)  […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံ များနှင့် အားကစားပြိုင်ပွဲများအား ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ဧရာဝတီတိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံ များနှင့် အားကစားပြိုင်ပွဲများအား ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာလ(၂၁) ရက်။ အားကစာနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့နှင့်အတူ ယမန်နေ့နံနက် (၇)နာရီ (၃၀)မိနစ်အချိန်တွင် ပုသိမ်မြို့ ကန်သုံးဆင့်ဘေးရှိ သစ်တောပျိုးဥယာဉ်၌ အဆင့်မြင့်ရေကူးကန်တည်ဆောက်မည့် မြေနေရာအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာပိုင် ရေကူးကန်အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသော လှေလှော်အားကစားသမားများနှင့် လှေများ ထားရှိရာနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားသမားများအား တိုင်းဒေသကြီး/ ပြည်နယ်ကိုယ်စားပြုမှတဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် ကြိုးစားလေ့ကျင့်ကြရန်မှာကြားခဲ့ပြီး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ ကိုးသိန်းအားကစားရုံ၌ ကျင်းပပြုလုပ်သည့်ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၂၆)မြို့နယ်၊ အသက်(၂၅)နှစ်အောက် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံ များ သွားရောက် ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ အားကစားကွင်း/ရုံ များ သွားရောက် ကြည့်ရှုစစ်ဆေး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့ လိုက်ပါလျက် (၁၉.၁၂.၂၀၂၁)ရက်နေ့ နံနက်ပိုင်းတွင် ကော့မှူးမြို့နယ် အားကစားကွင်း/ ရုံနှင့် ကွမ်းခြံကုန်းမြို့နယ် အားကစားကွင်း/ရုံတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးသို့ ဆက်လက် ထွက်ခွာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ လာရောက်ကြိုဆိုခဲ့ကြပြီး ဒေးဒရဲမြို့နယ် အားကစားကွင်း/ ရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားရုံ (Portico) မျက်နှာကြက်ပျက်စီးနေမှုအား ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ပျက်စီးနေသည့် (Outdoor Fitness) […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသောအားကစားအဖွဲ့များနှင့် အားကစားရုံများအား သွားရောက်ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသောအားကစားအဖွဲ့များနှင့် အားကစားရုံများအား သွားရောက်ကြည့်ရှုစစ်ဆေး ရန်ကုန်၊ ဒီဇင်ဘာလ(၁၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီး ဌာနညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများလိုက်ပါလျက် (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ရန်ကုန်မြို့တွင် စခန်းသွင်းလေ့ကျင့်နေသော အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ယနေ့နံနက်(၁၁)နာရီအချိန်တွင်ရောက်ရှိပြီး အားကစားသမား များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြား၍ အိပ်ဆောင်များ၊ စားဆောင်များသို့ လိုက်လံ ကြည့်ရှုစစ်ဆေးပြီး အားကစားသမားများ၏ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ကူညီပံ့ပိုးဖြည့်ဆည်းပေးခဲ့ပါသည်။ ယင်းနောက် သုဝဏ္ဏကွင်းအတွင်းရှိ အားကစားသမားများ(၄)ထပ်အိပ်ဆောင်၊ စားရိပ်သာနှင့် စားဖိုဆောင်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုပြီး အားကစားသမားများထားရှိရန်အတွက် လိုအပ်သော စားပွဲကုလားထိုင်၊ ကုတင်များ ထည့်သွင်းထားရန်၊ ရေစင်တည်ဆောက်ရန်၊ ခြံစည်းရိုးခတ်ရန်နှင့် လိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီးနောက် ဒဂုံတောင်ရှိ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ မြို့နယ်အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမသို့ လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ မြို့နယ်အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမသို့ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဒီဇင်ဘာလ(၁၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် တာဝန်ရှိ သူများ လိုက်ပါလျက် (၁၆.၁၂.၂၀၂၁)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရှိ မြို့နယ်အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံတွဲခရိုင်ရှိ မြို့နယ်အားကစားကွင်းသို့ ရောက်ရှိ လာပြီးနောက် ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေးနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သည့် ဝန်ထမ်းအင်အားအရေအတွက်များအတိုင်း ထပ်မံခန့်ထား ပေးနိုင်ရေးနှင့် ရေရရှိနိုင်ရေးအတွက် ရေကန်တည်ဆောက်ပေးခြင်း၊ ရေတွင်းတူးပေးခြင်းများ၊ ဘောလုံးကွင်းစိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းမှုရှိစေရန် မြက်ဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြက်ရိတ်စက် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မီတာ (၄၀၀)ပြေးလမ်း ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရန်နှင့် ပွဲကြည့်စင်အား အမြဲတမ်း သန့်ရှင်းသပ်ရပ်စွာ ထားရှိနိုင်ရေးအတွက် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့သိုင်း ဒိုင်လူကြီးနှင့်နည်းပြ သင်တန်း ဆင်းပွဲအခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မြန်မာ့သိုင်း ဒိုင်လူကြီးနှင့်နည်းပြ သင်တန်း ဆင်းပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ ဒီဇင်ဘာလ(၁၇)ရက်။           မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မြန်မာ့သိုင်းပညာရပ်များကို ထိန်းသိမ်းစောင့်ရှောက် ကြရန်နှင့် ခေတ်နှင့်အညီပြန့်ပွားတိုးတက်စေရန်အတွက် နိုင်ငံသားတိုင်း၏ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည့်အတွက် မြန်မာ့သိုင်းဒိုင်လူကြီးနှင့်နည်းပြသင်တန်း ဆင်းပွဲအခမ်းအနား ကို ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦး၊ ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တတ်ရောက်ခဲ့ကြပါသည်။           ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် […]

၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲအုပ်စုမဲနှိုက်ခြင်း၊ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲအုပ်စုမဲနှိုက်ခြင်း၊ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဒီဇင်ဘာလ (၁၆) ရက်။ ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲအုပ်စုမဲနှိုက်ခြင်း၊ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၂) နာရီ အချိန်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း B ရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁)နှင့် အားကစားနှင့် ဆေးဘက်ဌာနခွဲမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်ဝန်ကြီးဌာနအသင်းအုပ်စုများ/ […]

အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏအဆင့်မြှင့်တင်ပြီး လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်

Loading

အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏအဆင့်မြှင့်တင်ပြီး လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တရုတ်နိုင်ငံတွင် (Joint Training) ပူးတွဲသွားရောက် လေ့ကျင့်လျက်ရှိသော မြန်မာအားကစားအဖွဲ့များအား တွေ့ဆုံ လမ်းညွှန်အမှာစကားပြောကြား

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် တရုတ်နိုင်ငံတွင် (Joint Training) ပူးတွဲသွားရောက် လေ့ကျင့်လျက်ရှိသော မြန်မာအားကစားအဖွဲ့များအား တွေ့ဆုံ လမ်းညွှန်အမှာစကားပြောကြား နေပြည်တော်၊ ဒီဇင်ဘာလ(၁၃)ရက်။ (၁၂.၅.၂၀၂၂) ရက်နေ့မှ (၂၃.၅.၂၀၂၂) ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစား အဖွဲ့များ အောင်မြင်မှုရရှိစေရန်အတွက် တရုတ်နိုင်ငံတွင် (Joint Training) ပူးတွဲသွားရောက် လေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင် ဝူရှူး၊ အလေးမ၊ ဘော်လီဘော၊ လက်ဝှေ့နှင့် ပြေးခုန်ပစ် မြန်မာအားကစားအဖွဲ့များ၏ လေ့ကျင့်လှုပ်ရှားမှု၊ နေထိုင်စားသောက်မှု အခြေအနေများနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ […]