အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နွေရာသီအခြေခံအားကစားသင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြား

Loading

၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နွေရာသီအခြေခံအားကစားသင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြား တောင်ကြီး၊ ဧပြီ (၁၇)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့်အညီ ရှမ်းပြည်နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အတူ တောင်ကြီးခရိုင်ကြီးကြပ်မှုအောက်ရှိ တောင်ကြီးမြို့နယ်တို့ မှ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ နွေရာသီအခြေခံအားကစားသင်တန်းများအား ၂၀.၃.၂၀၂၂ရက်နေ့မှ ၃၀.၄.၂၀၂၂ရက်နေ့ထိ အားကစားနည်း (၁၉)နည်းဖြင့်ဖွင့်လှစ်သွားမည်ဖြစ်ရာ မဟာသင်္ကြန်တွင်းရုံးပိတ်ရက်များတွင် သင်တန်းများအား ၁၁.၄.၂၀၂၂ရက်နေ့မှ၁၇.၄.၂၀၂၂ရက်နေ့ထိ ခေတ္တရပ်နားထားခဲ့ရာမှ မနက်ဖြန် ၁၈.၄.၂၀၂၂ ရက်နေ့ နံနက်/ညနေ အချိန်ဇယားများအတိုင်း ပုံမှန်ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။မှတ်ချက်။ သင်တန်းသား/သူများအနေဖြင့် မိမိတို့သင်ယူနေသော အားကစားနည်းများအလိုက် ပြန်လည်တက်ရောက်နိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဂုဏ်ပြုညစာစားပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဂုဏ်ပြုညစာစားပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီး၊ ဧပြီ (၁၅)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်းကာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မဟာသင်္ကြန် အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်း အနားကို ၁၄.၄.၂၀၂၂ရက်နေ့ ညနေ (၁၇:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ အေးသာယာဂေါက်ကွင်း၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး ၊ ပြည်နယ်လမ်းပန်းနှင့်ဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကို ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ပြည်နယ်လူမှုရေးရာဝန်ကြီး […]

ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး၊ ဧပြီ (၁၁)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်နယ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်းကာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် မဟာသင်္ကြန် အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉:၁၅)နာရီအချိန်တွင် တောင်ကြီးမြို့ အေးသာယာဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးအောင်မြင့် ၊ ပြည်နယ်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဂေါက်သီးရိုက်အားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ ၂၀၂၂ခုနှစ် နွေရာသီအခြေခံ အားကစားနည်း(၁၁) နည်း သင် တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ နွေရာသီအခြေခံ အားကစားနည်း(၁၁)နည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ၂၀၂၂ခုနှစ် နွေရာသီအခြေခံအားကစားနည်း (၁၁) နည်း သင်တန်းဆင်းပွဲအခမ်းအနားကို (၆.၄.၂၀၂၂)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် တိုင်းဒေသကြီးအားကစားခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ နည်းပြဆရာ/ဆရာမများ၊ သင် တန်း သား/သူတက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ဝန်ကြီးချုပ်မှ သင်တန်းဆင်းအမှာစကားပြောခဲ့ပြီးနောက် အားကစားနည်း(၁၁)နည်းမှ နည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၃၇)သိန်း ချီးမြှင့်ပါသည်။ ထိုနောက် တရားသူကြီးချုပ်မှ သင်တန်းသား/သူများအား သင်တန်း ဆင်း လက်မှတ်ပေးအပ်ခဲ့ပြီး ကရာတေးဒို၊ မြန်မာ့သိုင်းနှင့် Fitness Dance တို့မှ သင်တန်းသား/သူများကသရုပ်ပြသခဲ့ပြီးအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ နွေရာသီအ‌ခြေခံအားကစားသင်တန်းကို အားကစားနည်း(၁၁)နည်း (ဘောလုံး၊ ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ တင်းနစ်၊စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်း၊ ရိုးရာခြင်း၊ ကရာတေးဒို၊ အလေးမ၊ ပိုက်ကျော်ခြင်း၊ Fithess […]

လားရှိုးမြို့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသား အလွတ်တန်း ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

Loading

လားရှိုးမြို့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသား အလွတ်တန်း ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ လားရှိုးမြို့၊ ဧပြီ (၄) ရက်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောအမိန့်များနှင့်အညီ ၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ အမျိုးသား အလွတ်တန်း ဖိတ်ခေါ် ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်အစိုးအဖွဲ့၏လမ်းညွှန်မှုများနှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ယနေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးအောင်မြင့် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ဒေသဦးစီးဥက္ကဌများ၊ […]

လားရှိုးခရိုင်၊ လားရှိုးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်

Loading

လားရှိုးခရိုင်၊ လားရှိုးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက် လားရှိုး၊ ဧပြီလ (၃)ရက်။ နောင်လာမည့်အနာဂတ်တွင် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁၃:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အ.ထ.က(၄)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ပညာရေးဆရာ/ဆရာမများနှင့်ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များးတက်ရောက်ခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်

Loading

ဧရာဝတီတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက် ပုသိမ်၊ မတ်လ(၂၆)ရက်။ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို (၂၆.၃.၂၀၂၂)ရက်နေ့တွင် ပုသိမ် မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ရတနာတန်ဆောင်ခန်းမတွင် နေ့လည် (၁၁:၃၀) အချိန်တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ကြပါသည် ။ အခမ်းအနားအား ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး အားကစား ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက်ဟောပြောပွဲအား ဆက်လက်ကျင်းပရာ ပညာရေး ဝန်ကြီးဌာနကိုယ်စား ပုသိမ်ခရိုင်ပညာရေးမှူးမှလည်း ကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စား ခရိုင်ပြန်/ဆက်ဦးစီးဌာနမှူးမှလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စား ပုသိမ်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးမှလည်းကောင်း အသီးသီး ဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါ ဟောပြောပွဲကို […]

မကွေးတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

Loading

မကွေးတိုင်းဒေသကြီး ခရိုင်/မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် မကွေး၊ မတ်လ(၂၆)ရက်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် လူငယ်များ၏ အနာဂတ်ဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို မတ်လ (၂၆) ရက်၊ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဝါတပ်ရှိ အခြေခံပညာ မူလတန်း လွန်ကျောင်း၌ ကျင်းပပြုလုပ်ပါသည်။  အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန အားကစားမှူး ဦးရန်လင်းအောင်မှ လူငယ်နှင့်အားကစား စွမ်းရည်မြှင့်တင်ရေး လုပ်ဆောင်ရမည့်အချက်များနှင့် အားကစားပြုလုပ်ခြင်းဖြင့် ရရှိစေမည့်အကျိုးကျေးဇူးများကို လည်းကောင်း ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနွေဝင့်ကျော် က လူငယ်နှင့် အနာဂတ်ခေါင်းစဉ်ဖြင့် […]

ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ လူငယ်ရေးရာအသိ ပညာပေး ဟောပြောပွဲကျင်းပ

Loading

ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ ပဲခူး၊ မတ်(၂၅)။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီးလူငယ်များအနေဖြင့် ကျန်းမာကြံ့ခိုင်လာစေရန်၊ အရည်အချင်းပြည့်ဝလာစေရန်၊ ဉာဏ်ပညာထက်မြက်လာစေရန်၊ လူမှုပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာစေရန်နှင့် ကာယဗလ၊ ဉာဏ်ဏဗလ၊ စာရိတ္တဗလ၊ မိတ္တှဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်ပြည့်ဝစေပြီး ဘက်စုံအရည်အသွေးမြင့်မားသည့် လူငယ်လူရွယ်များဖြစ်လာစေရေးကို အထူးအလေးထားပြုစုပျိုးထောင်ပေးရန်နှင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များဖွံ့ဖြိုးတိုးတက်‌စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို၂၅.၃.၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးဦးမြင့်ခိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နု၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးဇော်သန်းတို့မှ လူငယ်‌နှင့်အားကစားကဏ္ဍ၊လူငယ်နှင့်ကျန်းမာရေးကဏ္ဍ၊ လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လူငယ်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှုကဏ္ဍနှင့် လူငယ်နှင့်ပညာရေးကဏ္ဍများကို အသီးသီးဟောပြောဆွေးနွေးခဲ့ပါသည်။

၂၀၂၂ ခုနှစ် မွန်ပြည်နယ် နွေရာသီအခြေခံအားကစား သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများတက်ရောက်အားပေး

Loading

မော်လမြိုင်၊ မတ်လ(၂၅)ရက်။ ၂၀၂၂ ခုနှစ် မွန်ပြည်နယ်နွေရာသီအခြေခံအားကစား သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၅-၃-၂၀၂၂)ရက်နေ့ နံနက် (၀၉း၃၀) နာရီ အချိန်တွင် ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှ အဖွင့်အမှာစကား ပြောကြား၍ သင်တန်းအားဖွင့်လှစ်ပေးပြီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးမှ အားကစားသင်တန်းများသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်၍၊ ကရာတေးဒိုအားကစားနည်းမှ သရုပ်ပြသခဲ့ကြောင်း သိရှိရပါသည်။