အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပြည်နယ်/တိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာလ(စတုတ္ထအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် စတုတ္ထအပတ်အနေဖြင့် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲနှင့်ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ(လွန်ဆွဲ၊ ဂိုးကျဉ်း၊ ဖားခုန်၊ ဂုန်နီအိတ်စွပ်)ကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချူပ်၊ ပြည်နယ်ဝန်ကြီးများ၊ တပ်ဘက်ဆိုင်အကြီးအကဲများ၊ အား/ကာသိပ္ပံ(စစ်တွေ)မှ ဝန်ထမ်းများ၊ ပြည်နယ်အဆင့်/ခရိုင်အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသားများ၊ နတလမှ ဆရာ/ဆရာမကျောင်းသား/သူများ၊ ရပ်မိရပ်ဘက်များနှင့် မိဘပြည်သူများတက်ရောက်ကြပြီး တက်တက်ကြွကြွလှုပ်ရှားဆောင်ရွက်ခဲ့ကြပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့တို့တွင်လည်း ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဆင်နွှဲခဲ့ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်းတို့မှ ဦးဆောင်၍ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများဌာနဆိုင်ရာ အကြီးအကဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ ပြည်သူများမှ ပုသိမ်မြို့အဝင်ရွှေရုပ်ထုအဝိုင်းမှကိုသိန်းအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲအမှတ်(၁)၊(၂)နှင့် MFD လေ့ကျင့်ခန်းများကို တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြပါသည် ။

ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ဒီဇင်ဘာလူထု စုပေါင်းလမ်းလျှောက်ပွဲကို ရေကြည်မြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းချစ်အေး ဦးဆောင်လျက် ဌာနဆိုင်ရာများ၊ ပညာရေးမိသားစုများနှင့်အားကစားဝါသနာရှင်မိဘပြည်သူများစုပေါင်း၍နံနက် ၅း၀၀ နာရီ အချိန်၌ မြို့နယ်ထွေအုပ်ရုံးရှေ့၌ စုရပ်ပြုလုပ်ကာ နံနက် ၅း၃၀ နာရီ အချိန်တွင်တာထွက်၍ မြို့တပတ်တပျော်တစ်ပါးစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ရေကြည်မြို့နယ်အားကစားကွင်းအတွင်းသို့ ပန်းဝင်ကာ EIM အစီအစဉ်ဖြင့် ကိုယ်လက်ကြံခိုင်မှုလေ့ကျင့်ခန်းအတွဲ ၁၊၂ ပြုလုပ်ခြင်း၊ Fitness Dance အကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ရွှေဘိုမြို့တွင် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမျိုးဦး၊ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးရဲထွဋ်ဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစွမ်းဇာနည်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်း၊ မြို့နယ်စီမံ့ခန့်ခွဲမှုကော်မတီဥက္ကဌဦးဇော်မျိုးဝင်း၊အဖွဲ့ဝင်ဗိုလ်မှူးဟန်ဇင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မျိုးဝင်း၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ စုစုပေါင်းအင်အား(၁၀၀၀)ဦးခန့်ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲခဲ့ကြသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် ရန်ကြီးအောင်အားကစားကွင်း သတ်မှတ်နေရာများမှ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)၊ (၂)နှင့် Physical Fitness Dance Exercises လေ့ကျင့်ခန်းများကိုလှုပ်ရှားဆောင်ရွက်ခဲ့ကြပြီးနောက် သက်ဆိုင်ရာဌာနများမှရေသန့်ဗူးနှင့် အာဟာရမုန့်များ ပေးဝေခဲ့ကြသည်။ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၏ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။