အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၃ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက်(အမျိုးသား) ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၂၅)။

ဂေါက်သီးရိုက်အားကစားနည်း ပိုမိုတိုးတက်လာစေရန်နှင့် ထူးချွန်သော မျိုးဆက်သစ် ဂေါက်သီးရိုက် အားကစားသမားများ ထွက်ပေါ်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက်(အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက် (၇)နာရီတွင် နေပြည်တော် မြို့တော်ဂေါက်ကွင်း၌ ဆက်လက်ကျင်းပခဲ့သည်။

ဂေါက်သီးရိုက်(အမျိုးသား)ပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များအဖြစ် တစ်ဦးချင်း(အကျောပေး) ပြိုင်ပွဲတွင် ချစ်ရင်ထူး(ပဲခူးတိုင်း)မှ သတ်မှတ်ရိုက်ချက် (၁၄၄)ချက်ထက်လျော့ပြီး အကောင်းဆုံး စုစုပေါင်းရိုက်ချက် (၁၂၄)ချက်ဖြင့် အဆင့်(၁)၊ အောင်မျိုးထွန်း(တနင်္သာရီတိုင်း)မှ စုစုပေါင်းရိုက်ချက် (၁၂၅)ချက်ဖြင့် အဆင့်(၂)၊ ကျော်နိုင်ဦး(ရှမ်းပြည်နယ်)မှ စုစုပေါင်း ရိုက်ချက်(၁၂၈)ချက်ဖြင့် အဆင့်(၃)၊ စိုးနိုင်ဦး (ကယားပြည်နယ်)မှ စုစုပေါင်း ရိုက်ချက်(၁၂၈)ချက်ဖြင့် အဆင့်(၄)၊ ဇေယျာလင်း(ပဲခူးတိုင်း)မှ စုစုပေါင်း ရိုက်ချက်(၁၂၈)ဖြင့် အဆင့်(၅)တို့အားလည်းကောင်း၊

တစ်ဦးချင်း(အကျောမဲ့)ပြိုင်ပွဲတွင်  ထွန်းနိုင်မင်း (နေပြည်တော်)မှ သတ်မှတ်ရိုက်ချက်(၁၄၄)ချက်တွင် အကောင်းဆုံး စုစုပေါင်းရိုက်ချက်(၁၄၆)ချက်ဖြင့် အဆင့်(၁)၊ ဆိုင်းဒူ (ကချင်ပြည်နယ်)မှ စုစုပေါင်း ရိုက်ချက်(၁၄၈)ချက်ဖြင့် အဆင့်(၂)၊ နေသူရိန်မင်း (မကွေးတိုင်း)မှ စုစုပေါင်းရိုက်ချက်(၁၄၉)ချက်ဖြင့် အဆင့်(၃)၊ လွင်မိုး(စစ်ကိုင်းတိုင်း)မှ စုစုပေါင်း ရိုက်ချက် (၁၄၉)ချက်ဖြင့် အဆင့်(၄)၊ သီဟစိုး (ကချင်ပြည်နယ်)မှ စုစုပေါင်းရိုက်ချက်(၁၄၉)ချက်ဖြင့် အဆင့်(၅)တို့အားလည်းကောင်း၊

အသင်းလိုက် (အကျောပေး)ပြိုင်ပွဲတွင် ပဲခူးတိုင်းမှ ချစ်ရင်ထူး၊ ဇေယျာလင်း၊ ထက်လင်းဦး၊ ကျော်စွာမိုးတို့အတွဲသည် စုစုပေါင်းရိုက်ချက်(၃၈၇)ချက်ဖြင့် အဆင့်(၁)၊ ရှမ်းပြည်နယ်မှ ကျော်နိုင်ဦး၊ စိုင်းသန်းအောင်၊ နေဝင်းသိန်း၊ ကျော်မင်းနိုင်တို့အတွဲသည် စုစုပေါင်း ရိုက်ချက်(၃၉၄)ချက်ဖြင့် အဆင့်(၂)၊  တနင်္သာရီတိုင်းမှ အောင်မျိုးထွန်း၊ ပြည့်စုံဝင်း၊ အောင်မျိုးမင်း၊ ငွေထွန်းတို့အတွဲသည် စုစုပေါင်းရိုက်ချက်(၃၉၆)ချက်ဖြင့် အဆင့်(၃)၊ ကရင်ပြည်နယ်မှ ကျော်စိုး၊ သက်ဇော်ဦး၊ သူရိန်မင်းကြည်၊ စံထွေးတို့အတွဲသည် စုစုပေါင်း ရိုက်ချက်(၄၀၁)ချက်ဖြင့် အဆင့်(၄)၊ ရခိုင် ပြည်နယ်မှ သန့်ဇင်၊ အောင်သန်းထွန်း၊ အောင်ဇော်၊ အောင်ဟိန်းဇော်တို့အတွဲသည် စုစုပေါင်းရိုက်ချက် (၄၀၉)ချက်ဖြင့် အဆင့်(၅)တို့အားလည်းကောင်း၊

အသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲတွင် နေပြည်တော်မှ ထွန်းနိုင်မင်း၊ မျိုးလင်းအောင်၊ ပြည့်ဖြိုးအောင်၊ ထွန်းမြင့်အောင်တို့အတွဲသည် စုစုပေါင်း ရိုက်ချက်(၄၄၉)ချက်ဖြင့် အဆင့်(၁)၊ ကချင်ပြည်နယ်မှ ဆိုင်းဒူ၊ သီဟစိုး၊ ဟံသာအုန်း၊ ကျော်မျိုးအောင် တို့အတွဲသည် စုစုပေါင်းရိုက်ချက်(၄၄၉)ချက်ဖြင့် အဆင့်(၂)၊ စစ်ကိုင်းတိုင်းမှ လွင်မိုး၊ အောင်လင်းဦး၊ လှိုင်မြင့်ဇော်၊ ဟိန်းထက်စိုးတို့အတွဲသည် စုစုပေါင်း ရိုက်ချက်(၄၅၃)ချက်ဖြင့် အဆင့်(၃)၊ မန္တလေးတိုင်းမှ ပြည့်ဖြိုးအောင်၊ ဇော်ဇော်ထွန်း၊ ကောင်းထိုက်ဇော်၊ ကိုကိုလတ်တို့အတွဲသည် စုစုပေါင်းရိုက်ချက် (၄၅၅) ချက်ဖြင့် အဆင့်(၄)၊ မကွေးမှ နေသူရိန်မင်း၊ တင်လင်းကို၊ ချစ်ကောင်း၊ ကျော်မင်းထွန်းတို့ အတွဲသည် စုစုပေါင်းရိုက်ချက်(၄၅၆)ချက်ဖြင့် အဆင့်(၅)တို့အားလည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အားကစားသမားများသည်   ဒုတိယနေ့ (၁၈)ကျင်း ပြိုင်ပွဲအပြီးတွင် အဆင့်များ အသီးသီးရရှိခဲ့ကြသည်။

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဂေါက်သီးရိုက် (အမျိုးသား) ပြိုင်ပွဲ တတိယနေ့ပြိုင်ပွဲ ပွဲစဉ်များကို (၂၆.၁၂.၂၀၂၂)ရက်နေ့ နံနက် (၇)နာရီတွင် နေပြည်တော် မြို့တော်ဂေါက်ကွင်း၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ  (အမျိုးသား) ပြိုင်ပွဲဝင် အသင်း(၁၅)သင်းမှ အားကစားသမား (၁၀၄)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ ကြောင်းသိရသည်။