၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ ရန်ကုန်၊ မေလ (၂၃)ရက် ။ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့တင်းနစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွှယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒိုင်လူကြီးများ၊ တင်းနစ်အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြသည်။ ယနေ့နံနက်(၈)နာရီမှစ၍ အမျိုးသားအသင်းလိုက် ပြိုင်ပွဲများတွင် ကချင်ပြည်နယ် အသင်း (၃:၀) ရှမ်းပြည်နယ်အသင်း ၊ ရန်ကုန်တိုင်းဒေသကြီး အသင်း(၃:၀) တနင်္သာရီ တိုင်းဒေသကြီး အသင်း ၊ မွန်ပြည်နယ် အသင်း(၀:၃) ပဲခူးတိုင်းဒေသကြီးအသင်း၊ ကရင်ပြည်နယ်အသင်း(၃:၀) ကယားပြည်နယ်အသင်း […]
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ မေလ (၂၂)ရက် ။ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် မြန်မာ့တင်းနစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ “၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား’’ကို ယနေ့ နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူတင်းနစ်ကွင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒိုင်လူကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တင်းနစ်အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေပြီး တင်းနစ်အားကစားနည်းကို နိုင်ငံအနှံ့ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားကစားကြစေခြင်းဖြင့် တင်းနစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်၊ […]
၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် ခရိုင်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ တောင်ကြီး၊ မေလ(၁၈)ရက်။ ၂၀၂၃ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများနှင့် ခရိုင်အလိုက်အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို မေ(၁၈)ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။ ဆုချီးမြှင့်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအသင်းတို့ယှဉ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းမှ အနိုင်ရရှိကြောင်းသိရသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာပူးတွဲတတိယဆုရရှိသော တောင်ကြီးခရိုင်အသင်းနှင့် တာချီလိတ်အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၅)သိန်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ကဆုများချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသောဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းအားတစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၈)သိန်းတို့ကို ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်သယံဇတရေးရာဝန်ကြီးတို့က ဆုချီးမြှင့်ပေးကြကြောင်းသိရသည်။ ထို့နောက် အကောင်းဆုံးဆုရအားကစားသမားများအား ဆုချီးမြှင့်ရာအကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆု၊အလယ်တန်းအကောင်းဆုံးဆု၊ရှေ့တန်းအကောင်းဆုံးဆု၊ အကောင်းဆုံးအားကစားသမားဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားကျပ်တစ်သိန်းစီကို ပြည်နယ်လုံခြုံရေးရာနှင့် […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အားကြိုဆို

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အားကြိုဆို ရန်ကုန်၊ မေလ (၁၇) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ ည(၁၉:၂၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို လေယာဉ်အမှတ် 8M – 402 ဖြင့် ပြန်လည်ရောက်ရှိ လာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မိဘပြည်သူများက ပန်းစည်းများဖြင့် ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။ အဆိုပါ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲအား ကြိုဆိုသည့်သတင်း(၁၆.၅.၂၀၂၃)

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲအား ကြိုဆိုသည့်သတင်း(၁၆.၅.၂၀၂၃) ရန်ကုန်၊ မေလ (၁၆) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲသည် ယနေ့ညနေ(၆:၀၀)နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် WE -303 ဖြင့် ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသော မြန်မာ E-Sports အားကစားအဖွဲတွင် Mobile Legends Games ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုရရှိခဲ့သော မင်းကိုကို၊ ပြည့်ဟိန်းကို၊ ပြည့်စုံခန့်၊ စွမ်းထက်အောင်၊ ကျော်ဇင်ဘို၊ ရဲနောင်ဦးနှင့် အတူ အုပ်ချုပ်/နည်းပြ၊ အားကစားသမား စုစုပေါင်း(၂၄)ဦးတို့ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို(၁၆.၅.၂၀၂၃)

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို(၁၆.၅.၂၀၂၃) ရန်ကုန်၊ မေလ (၁၆) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ နံနက်(၁၀:၃၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် WE – 301 ဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ပန်းစည်းများဖြင့် ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။ အဆိုပါ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ကြိုဆို ရန်ကုန်၊ မေလ (၁၄) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့သည် ယနေ့ ညနေ(၁၉:၂၀) နာရီ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေယာဉ်အမှတ် 8M – 402 ဖြင့် ပြန်လည်ရောက်ရှိလာရာ အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် ပြေးခုန်ပစ်အားကစားနည်း မီတာ(၁၀၀၀၀) အမျိုးသားပြိုင်ပွဲ၌ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲအားကြိုဆို

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲအားကြိုဆို ရန်ကုန်၊ မေလ (၁၄) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့ သည် ယနေ့နံနက် (၁၀:၃၀)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို လေယာဉ် အမှတ် WE – 301 ဖြင့် ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာနှင့် ဝူရှူးအဖွဲချုပ်မှ နည်းပြများ၊ ဒိုင်များနှင့် မိဘပြည်သူများက ပန်းစည်းများဖြင့် ဝမ်းပန်းတသာ ဂုဏ်ပြုကြိုဆိုကြပါသည်။ အဆိုပါ ပြန်လည်ရောက်ရှိလာသော မြန်မာဝူရှူးအားကစားအဖွဲ့တွင် ရွှေတံဆိပ်ဆုရှင် […]
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား တက်ရောက်ချီးမြှင့်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ၂၀၂၃ခုနှစ်၊ နေပြည်တေ်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနား တက်ရောက်ချီးမြှင့် နေပြည်တော်၊ မေ (၁၃)။ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ နေပြည်တာ်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ညနေ (၃) နာရီခွဲတွင် နေပြည်တော် လယ်ဝေးမြို့နယ် အားကစားလေ့ကျင့်ရေးစခန်း(၂) (TC-2) ၌ ကျင်းပသည်။ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ်အသင်းနှင့် လယ်ဝေးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ […]
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့ဆက်လက်ထွက်ခွာ ရန်ကုန်၊ မေလ (၁၀) ရက်။ ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာအားကစားအဖွဲ့သည် ယနေ့ နေ့လယ်(၁၄:၁၅) နာရီ အချိန်၌ လေယာဉ်အမှတ် 8M-401 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာန မှ တာဝန်ရှိသူတို့က လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ အားကစားအဖွဲ့များတွင် တိုက်ကွမ်ဒိုအားကစားနည်းမှ အုပ်ချုပ်/ နည်းပြ (၄)ဦး၊ အမျိုးသားအားကစားသမား(၇)ဦး၊ အမျိုးသမီးအားကစားသမား(၆)ဦး၊ E-Sport အားကစားနည်းမှ နည်းပြ (၁)ဦး၊ အမျိုးသားအားကစားသမား(၆)ဦးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။