Sports Master Plan နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

Sports Master Plan နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၉)။ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေရှည်အသုံးပြုနိုင်မည့် Sports Master Plan နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း (အပေါ်ထပ်)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေရှည်အသုံးပြုနိုင်မည့် Sports Master Plan ရေးဆွဲနိုင်ရေးအတွက် ထည့်သွင်းဖော်ပြလိုသည့် အချက်များနှင့် ထပ်မံအကြံပြုလိုသည့် အချက်များကို ဆွေးနွေးတင်ပြပေးစေလိုကြောင်း၊ Sports Master Plan ရေးဆွဲရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီးနောက် ဒုတိယအကြိမ်ကျင်းပမည့်အစည်းအဝေးတွင် အားကစားအဖွဲ့ချုပ်များ၊ အားကစားကဏ္ဍနှင့်ပတ်သက်ပြီး နိုင်ငံခြားပညာတော်သင်သွားထားသူများနှင့် အားကစားသမားဟောင်းကြီးများထံမှ အကြံပြုချက်များ တောင်းခံသွားရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနများမှ […]
လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ(၁၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီတွင် နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ကျင်းပသည်။ အစီအစဉ်အရ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မသန်စွမ်းလူငယ်များအတွက် အခွင့်အရေးကာကွယ်ရေး၊ ဘဝမြှင့်တင်ဖွံ့ဖြိုးတိုးတက်နိုင်စေရေးနှင့် မသန်စွမ်းသူများ ပါဝင်မှုအပေါ်ပိုမိုလေးနက်စွာနားလည်ပြီး အသိအမှတ်ပြုနိုင်ရေးအတွက် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာန၊ မသန်စွမ်းလူငယ်ရေးရာဌာနခွဲအနေဖြင့်လည်း မသန်စွမ်းသူ လူငယ်များ အတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်များကို ဖွင့်လှစ်သင်ကြားပေးနိုင်ရေးနှင့် လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းလူငယ်များနှင့် ပတ်သက်ပြီး လူသုံးကုန်ထုတ်လုပ်မှု သင်တန်းများအပြင် အခြားလက်မှုအတတ်ပညာများနှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ ပေးသင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်ပေးနိုင်ရေးစီစဉ် ဆောက်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချပေးသည့်ပညာရပ်များဖြင့် မသန်စွမ်းလူငယ်များ အမှန်တကယ်လက်တွေ့ အသုံးချနိုင်စေရန်နှင့် […]
ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များအား ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု ဆုများပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များအား ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု ဆုများပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ ဇန်နဝါရီ ၁၉။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်/မျှော်မှန်းချက်ဖြင့်ချမှတ်ထားသော စံနှုန်းများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့်ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်များအား ၂၀၂၃ ခုနှစ်အတွက် တစ်နှစ်တာအတွင်း အားကစားလှုပ်ရှားဆောင်ရွက်မှု ဆုများပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ (၁၅:၃၀)နာရီအချိန်တွင် ပြည်နယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းဇော် ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ လက်ထောက်ညွှန်ကြားရေးမှူးများ ၊ မြို့နယ်အားကစားမှူးများ နှင့် မြို့နယ်တာဝန်ခံများက တက်ရောက်ခဲ့ကြပါသည်။ […]
ရေကြည်မြို့နယ်အတွင်းရှိ (အ.ထ.က)မြို့မ၌ “ လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပ

ရေကြည်မြို့နယ်အတွင်းရှိ (အ.ထ.က)မြို့မ၌ “ လူငယ်စကားဝိုင်း” အခမ်းအနားကျင်းပ “ လူငယ်စကားဝိုင်း” အခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ (အ.ထ.က)မြို့မ၌ ယနေ့မွန်းလွဲ(၉:၃၀)နာရီက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဌ(ကစ)မြို့နယ်ပညာရေးမှုးဆရာကြီး ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်းကိုစတင်ခဲ့ရာ ရေကြည်မြို့နယ် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မိုးစီစီအောင်နှင့်ရေကြည်မြို့နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ဒေါ်နှင်းနှင်းအေးတို့က ဦးဆောင်ဆွေးနွေးကြပြီး G-10 တွင် ပညာသင်ကြားနေသောမချိုနှင်းသဇင်ကျော်က “ လူငယ်နှင့်ရည်မှန်းချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ G-10 တွင် ပညာသင်ကြားနေသော မခိုင်ဝေဇင်ဦးက “ လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ G-8တွင်ပညာသင်ကြားနေသော မောင်ဟိန်းထက်ဇော်က “ လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ G-10တွင် ပညာသင်ကြားနေသော မောင်နေဖုန်းဝေက “ လူငယ်နှင့်အားကစား” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ G-12တွင် ပညာသင်ကြားနေသော မောင်ထူးသစ်နိုင်က “ လူငယ်နှင့်စာရိတ္တ” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်အခမ်းအနားတက်ရောက်လာသူများမှ သိရှိလိုသည်များ […]
“မြန်မာလူငယ်များရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လို့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ကြပါစို့” အလုပ်ရုံဆွေးနွေးပွဲ၏ Sideline အခမ်းအနားပွဲကို Virtual စနစ်ဖြင့် ကျင်းပ

“မြန်မာလူငယ်များရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လို့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ကြပါစို့” အလုပ်ရုံဆွေးနွေးပွဲ၏ Sideline အခမ်းအနားပွဲကို Virtual စနစ်ဖြင့် ကျင်းပ နေပြည်တော်၊ ဇန်နဝါရီ (၁၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကကြီးမှူး၍ လူငယ်ရေးရာဦးစီးဌာနမှ စီစဉ်ဆောင်ရွက်သည့် “မြန်မာလူငယ်များရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လို့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ကြပါစို့ ” အလုပ်ရုံဆွေးနွေးပွဲ၏ Sideline အစီအစဉ်ဖြစ်သည့် (ASEAN Talk Watchparty and Feedback Session)ကို ယနေ့နံနက်(၀၉:၃၀) အချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ပညာရေး၊ လူငယ်နှင့်အားကစားဌာနခွဲမှ တာဝန်ရှိသူများ၊ အာဆီယံလူငယ်ဆိုင်ရာအဖွဲ့(AYO)၊ အာဆီယံလူငယ်ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ (AYF)နှင့် အာဆီယံလူငယ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(CAYC)တို့မှ ကိုယ်စားလှယ်များနှင့် မြန်မာလူငယ်ကိုယ်စားလှယ် စုစုပေါင်း (၅၀)ဦးတို့ […]
အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး “ B” Diploma Coaching Course (Part-2) ဘောလုံးနည်းပြသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး “ B” Diploma Coaching Course (Part-2) ဘောလုံးနည်းပြသင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ ဇန်နဝါရီ(၁၈)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “ B” Diploma Coaching Course (Part-2) ဘောလုံးနည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်းရှိ Multi-Purpose Hall ၌ ကျင်းပသည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အမှာစကားပြောကြားရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲများကျင်းပရာတွင် အထောက်အကူပြုစေရန်နှင့် ဘောလုံး “ B” လိုင်စင်နည်းပြကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုသင်တန်းအားဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် နိုင်ငံ၏ဂုဏ်ကိုမြှင့်တင်ပေးနိုင်သည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့်ပူးပေါင်းပြီး အားကစားနည်းအလိုက်နည်းပြသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ “ B” Diploma […]
တောင်ကြီးမြို့၊ အ.ထ.က(၉)၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

တောင်ကြီးမြို့၊ အ.ထ.က(၉)၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို (၁၇.၁.၂၀၂၄)ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးစိုးထက်လင်းနှင့် ဝူရှူးအားကစားနည်းသရုပ်ပြအဖွဲ့တို့တက်ရောက်ခဲ့ကြပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန် ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းခန်းမအတွင်း၌ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးတို့မှတက်ရောက်ခဲ့ကြပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက ” လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး “ ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးစိုးထက်လင်းက ” ဝူရှူးအားကစားအကြောင်းသိကောင်းစရာ “ ခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး ဝူရှူးအားကစားနည်းသရုပ်ပြအဖွဲ့မှ သရုပ်ပြသခဲ့ကာ အဆိုပါသရုပ်ပြပွဲအား ကျောင်းသား/ ကျောင်းသူ (၃၀၀)ဦးမှ တက်ရောက်ကြည့်ရှုကြပြီးဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးက […]
၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား

၂၀၂၄ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တောင်ကြီး၊ ဇန်နဝါရီလ(၁၇)ရက်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား (၁၇.၁.၂၀၂၄)ရက်နေ့ ညနေ (၁၅:၃၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး နှင့် […]
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့်ဆုပေးပွဲဆက်လက်ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့်ဆုပေးပွဲဆက်လက်ကျင်းပ နေပြည်တော် ဇန်နဝါရီလ(၁၇)ရက်။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအားကစားရုံတို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး နဝမနေ့ပွဲစဉ်များအဖြစ် အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားခန်းမတွင် ယှဉ်ပြိုင်ကစားကြသည်။ ပြိုင်ပွဲများသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှုအားပေးကြသည်။ အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲ ပွဲစဉ်များတွင် […]
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ လူငယ်အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ လူငယ်အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ ဇန်နဝါရီ(၁၇)။ အာဆီယံအသိုက်အဝန်း၏ ရည်မှန်းချက်များနှင့်အညီ လူငယ်များအချင်းချင်း အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိစေရေး၊ အာဆီယံလူငယ်ဆိုင်ရာ လုပ်ငန်းအစီအစဉ်များ တွင် လူငယ်များတက်ကြွစွာပါဝင်ဆောင်ရွက်လာနိုင်စေရေးတို့ကို ရည်ရွယ်၍ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး “ မြန်မာလူငယ်များရဲ့ အခန်းကဏ္ဍကို အားပေးမြှင့်တင်လို့ သဟဇာတ ဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖော်ဆောင်ကြပါစို့” လူငယ်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(မြေညီထပ်)၊ GYM ခန်းမ၌ကျင်းပသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် မြန်မာလူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်အတွက်အားထားရသည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရန် လုပ်ငန်းစဉ်(၁၀)ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မျိုးဆက်သစ်လူငယ်များသည် နိုင်ငံ တစ်နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပါကြောင်း၊ […]