အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အလွတ်တန်း ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဘောလုံးနှင့် ဖူဆယ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မန်နေဂျာများ အစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် အလွတ်တန်း ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/အမျိုးသမီး) ဘောလုံးနှင့် ဖူဆယ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မန်နေဂျာများ အစည်းအဝေးကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၁ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်ကြသည့် ဝန်ကြီးဌာနအဆင့် ဘောလုံး၊ ဖူဆယ်နှင့် ဘော်လီဘော အားကစားနည်းများအတွက် အသင်းမန်နေဂျာများအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ C နှင့် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း(ရွာတော်)တို့၌ အသီးသီးကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့်အသင်းများမှ အားကစားသမားများသည် ကြိုတင်ဖြန့်ဝေ အသိပေးထားသော စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီးနောက် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဝန်ကြီးဌာနအဆင့် ဘောလုံးပြိုင်ပွဲတွင် စုစုပေါင်း (၁၉)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုအဆင့်ပြိုင်ပွဲများကို ၂-၁၂-၂၀၂၄ ရက်နေ့မှ ၁၄-၁၂-၂၀၂၄ ရက်နေ့အထိ ညနေ ၃ […]

မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ပထမအကြိမ်အလုပ်အမှုဆောင် အစည်းအဝေးနှင့် အဖွဲ့ချုပ်အောက်၌ ဆပ်ကော်မတီအလိုက် ပြန်လည်ဖွဲ့စည်း

Loading

မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ပထမအကြိမ်အလုပ်အမှုဆောင် အစည်းအဝေးနှင့် အဖွဲ့ချုပ်အောက်၌ ဆပ်ကော်မတီအလိုက် ပြန်လည်ဖွဲ့စည်း ရန်ကုန် ၊ နို၀င်ဘာ ၃၀ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် ခြင်းလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားစနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးတို့အတွက် မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်၏ ပထမအကြိမ်အလုပ်အမှုဆောင်အစည်းအဝေးနှင့် အဖွဲ့ချုပ်‌‌အောက်၌ ဆပ်‌ကော်မတီအလိုက် ပြန်လည်ဖွဲ့စည်းသည့် အခမ်းအနားကို ယနေ့နံနက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ ဟိုတယ်ရွှေဂုံတိုင်(ရန်ကုန်)၌ကျင်းပသည်။ ဦးစွာမြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အသစ်တွင်နာယက ဦးစိုးတင့်ကခြင်းလုံးနှင့်ပတ်သက်၍သိကောင်းစရာများ၊‌ ရှေ့လုပ်ငန်းစဥ်များပြောကြားပြီး ဥက္ကဌဦးသက်လွင်က ဖွဲ့စည်းထားရှိမှုများအားရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဥက္ကဌ ဦးဝင်းတင့်က အမျိုးသားအားကစားပွဲ‌တော်တွင် သရုပ်ပြခတ်ကစားမည့်အစီအစဉ်များအားတင်ပြ၍လည်း‌ကောင်း ၊ ဒုတိယဥက္ကဌ ဦးထွန်းလင်းသောင်းက အမှာစကားပြောကြား၍လည်းကောင်း ၊ အမှုဆောင်များကခြင်းလုံးနှင့်ပက်သက်၍ အသီးသီး တင်ပြခဲ့ကြသည်။ အဆိုပါမြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်အသစ်တွင် နာယက ဦးစိုးတင့်၊ ဥက္ကဌဦးသက်လွင်၊ဒုတိယဥက္ကဌများဖြစ်ကြသည့် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (၃) ဦးကျော်ဇင်မိုး ၊ […]

(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

Loading

(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ နေပြည်တော်၊ နိုဝင်ဘာလ(၃၀)ရက်။ အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဦးဆောင်၍ ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီအထိ (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ (၉) ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးများကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ MGallery ဟိုတယ်၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ မြန်မာကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လူငယ်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများသည် In-person/ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများ၏ တည်းခိုဆောင်များနှင့် နေထိုင်စားသောက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများ၏ တည်းခိုဆောင်များနှင့် နေထိုင်စားသောက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာ ၂၉။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃) စစ်ကြောရေးနှင့်တည်းခိုရေးစခန်း (ရွာတော်)သို့ သွားရောက်၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အားကစားသမားများ လာရောက်တည်းခိုနေထိုင်လျက်ရှိသည့် တည်းခိုဆောင်များ၊ ဆပ်ကော်မတီအလိုက် ရုံးခန်းဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ စားရိပ်သာတွင် နေ့လည်စာ စားသောက်နေမှုများ၊ ချက်ပြုတ်ပြင်ဆင်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန် ရောက်ရှိလာသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်းများအား တွေ့ဆုံ၍ အားကစားသမားများအနေဖြင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ […]

(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကျင်းပ

Loading

(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကျင်းပ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက် အာဆီယံလူငယ်ဆိုင်ရာ အစည်းအဝေးများ၏ လက်ရှိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး (Thirteenth ASEAN Senior Officials Meeting on Youth (SOMY XIII) and Related Meetings)များအား ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် MGallery ဟိုတယ်၌လည်းကောင်း၊ Virtual စနစ်ဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးအား လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်၊ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်အတွင်းရှိ ပြိုင်ပွဲများ ကျင်းပပြုလုပ်မည့် အားကစားကွင်း/အားကစားရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်အတွင်းရှိ ပြိုင်ပွဲများ ကျင်းပပြုလုပ်မည့် အားကစားကွင်း/အားကစားရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာ ၂၈ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မည့် နေပြည်တော်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားပြိုင်ပွဲ များကျင်းပပြုလုပ်မည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်အားကစားကွင်း/အားကစားရုံ၊ ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်းအားကစားကွင်းနှင့် ဘောဂဝတီအားကစားကွင်းများအတွင်း ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပြိုင်ပွဲကွင်းများ အဆင့်မီစွာပြင်ဆင်ထားရှိရေး၊ ကွင်းအဝင်လမ်းနှင့် နောက်ခံဆိုင်းဘုတ်ဗီနိုင်းများ အချိန်မီပြီးစီးနိုင်ရေး၊ ဘောလုံးကွင်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စိမ်းလန်းစိုပြေမှုရှိစေရေး၊ ရေစီးရေလာ […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ပြိုင်ပွဲများကျင်းပပြုလုပ်မည့် အားကစားကွင်း/ရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ပြိုင်ပွဲများကျင်းပပြုလုပ်မည့် အားကစားကွင်း/ရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာ ၂၇ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားပြိုင်ပွဲများကျင်းပပြုလုပ်မည့် အားကစားကွင်း/အားကစားရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ပိုက်ကျော်ခြင်းပြိုင်ပွဲကွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နောက်ခံဆိုင်းဘုတ်ဗီနိုင်း တပ်ဆင်ထားရှိမှုအခြေအနေများ၊ ပြည်နယ် နှင့်တိုင်းဒေသကြီးအလံများ တပ်ဆင်ပြီးစီးမှုအခြေအနေများနှင့် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ လျှာထိုးကြမ်းခင်း ခင်းကျင်းပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် အလေးမအားကစားရုံ၊ လက်ဝှေ့အားကစားရုံ၊ ဘိလိယက် နှင့်စနူကာအားကစားရုံ၊ တင်းနစ်ပြိုင်ပွဲကွင်း၊ အားကစားလေ့ကျင့်ရေးခန်းမ(၃)တွင် […]

ဒုတိယဝန်ကြီး ဦးထိန်လင်း  အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများ၏ တည်းခိုဆောင်များနှင့် နေထိုင်စားသောက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ဒုတိယဝန်ကြီး ဦးထိန်လင်း  အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများ၏ တည်းခိုဆောင်များနှင့် နေထိုင်စားသောက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာလ(၂၅)ရက်။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၃) စစ်ကြောရေးနှင့်တည်းခိုရေးစခန်း(ရွာတော်)သို့ သွားရောက်၍ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားသမားများ လာရောက်တည်းခိုမည့် တည်းခိုဆောင်များ ခင်းကျင်းထားရှိမှုများ၊ ဆပ်ကော်မတီအလိုက် ရုံးခန်းဖွင့်လှစ်ထားရှိမှုအခြေအနေများ၊ စားရိပ်သာတွင် နေ့လည်စာ စားသောက်နေမှုများ၊ ချက်ပြုတ်ကျွေးမွေးထားရှိမှုများနှင့် ချက်ပြုတ်ရေးပစ္စည်းများ သိုလှောင်ထားရှိုမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ရန် ရောက်ရှိလာသည့် ကချင်ပြည်နယ်အသင်းမှ အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား တွေ့ဆုံ နှုတ်ဆက် […]

အရှေ့နှင့် အရှေ့တောင်အာရှနည်းပြများနှင့်ဒိုင်လူကြီးများအတွက် အာရှအိုလံပစ်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သို့တက်ရောက်ရန် ပြည်ပထွက်ခွာ

Loading

အရှေ့နှင့် အရှေ့တောင်အာရှနည်းပြများနှင့်ဒိုင်လူကြီးများအတွက် အာရှအိုလံပစ်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သို့တက်ရောက်ရန် ပြည်ပထွက်ခွာ ရန်ကုန် ၊ နိုဝင်ဘာ ၂၄ရက် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိကျင်းပမည့် အရှေ့နှင့်အရှေ့တောင်အာရှနည်းပြများနှင့်ဒိုင်လူကြီးများအတွက် အာရှအိုလံပစ်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ( OCA Development Programmer For Coach and Referees – East Asia and Southeast Asia )သို့ တက်ရောက်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီ ဦးဆောင်သည့်အဖွဲ့ဝင်စုစုပေါင်း ၈ ဦးတို့သည် ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်က လေယာဉ်ခရီးစဉ်အမှတ် 8M 501 ဖြင့် […]

Naypyitaw State Academy တွင် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာန ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

Naypyitaw State Academy တွင် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာန ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာလ(၂၂)ရက်။ Naypyitaw State Academy တွင် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာန ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ စာသင်ဆောင်ရှေ့တွင် ကျင်းပသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် စာသင်ခန်းအတွင်း အေးချမ်းစွာပညာ သင်ကြားနေကြသည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားသည်။ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို Naypyitaw […]