အရှေ့နှင့် အရှေ့တောင်အာရှနည်းပြများနှင့်ဒိုင်လူကြီးများအတွက် အာရှအိုလံပစ်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သို့တက်ရောက်ရန် ပြည်ပထွက်ခွာ
ရန်ကုန် ၊ နိုဝင်ဘာ ၂၄ရက်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိကျင်းပမည့် အရှေ့နှင့်အရှေ့တောင်အာရှနည်းပြများနှင့်ဒိုင်လူကြီးများအတွက် အာရှအိုလံပစ်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ( OCA Development Programmer For Coach and Referees – East Asia and Southeast Asia )သို့ တက်ရောက်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီ ဦးဆောင်သည့်အဖွဲ့ဝင်စုစုပေါင်း ၈ ဦးတို့သည် ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်က လေယာဉ်ခရီးစဉ်အမှတ် 8M 501 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာသွားကြောင်းသိရှိရသည်။