ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၁)မှ အုပ်ချုပ်/နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၁)မှ အုပ်ချုပ်/နည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဇူလိုင်(၂၉)။ အခြေခံပညာဦးစီးဌာန၊ ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ်(၂၁)မှ အုပ်ချုပ်/ နည်းပြများနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၄၈၀)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစား သမားများ၏ ပုံတူရုပ်ထုများအား လာရောက်ကြည့်ရှုလေ့လာခဲ့ရာ ပြခန်းတာဝန်ရှိသူမှ သိရှိမေးမြန်းလိုသည် များကို လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၃၀)။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက် (၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင် (အမျိုးသမီး)ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို (၄)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ (အမျိုးသား)ပွဲစဉ်များတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၅)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၅)ဂိုး (၄)ဂိုး ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇူလိုင်(၂၉)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင် ကွာတားဖိုင်နယ်ပြိုင်ပွဲ(အမျိုးသား) ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၄)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း က မွန်ပြည်နယ်အသင်းကို (၅)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၅)ဂိုး (၄)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက နေပြည်တော်ကောင်စီနယ်မြေ အသင်းကို (၄)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ တပ်မတော်မှအရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။ ဇူလိုင်(၃၀)ရက်နေ့ နံနက်(၇)နာရီမှစတင်၍ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဝင်အသင်းများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဝင်အသင်းများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဇူလိုင်(၂၈)။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည့် မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစား သမားများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအားလည်းကောင်း၊ မြန်မာ့အားကစားမော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားရှိ ထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ပုံတူရုပ်ထုများအား လာရောက် ကြည့်ရှုလေ့လာခဲ့ရာ ပြခန်းတာဝန်ရှိသူမှ သိရှိမေးမြန်းလိုသည်များကို လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၈)ရက်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင် ကွာတားဖိုင်နယ်ပြိုင်ပွဲ (အမျိုးသမီး)ပွဲစဉ်များအဖြစ် မကွေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၅)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၇)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို (၃)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၉)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၇)ရက်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက် (၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင် (အမျိုးသမီး)ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို (၃)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၇)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ (အမျိုးသား)ပွဲစဉ်များတွင် ကချင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို (၈)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအသင်းက ကယားပြည်နယ်အသင်းကို (၄)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ […]
မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃) ကျင်းပ

မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃) ကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် လူငယ်ရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ဩဂုတ်လ (၁၂)ရက်နေ့ တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများနှင့် ကဏ္ဍအသီးသီးတွင် ထူးချွန်ဆုရရှိခဲ့ကြသူများကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထူးချွန်ဆုများအဖြစ် အားကစား၊ ပညာရေးနှင့် ကဏ္ဍအသီးသီးတို့တွင် အပြည်ပြည်ဆိုင်ရာထူးချွန်ဆုရရှိခဲ့ကြသူများ၊ အာဆီယံထူးချွန်ဆု၊ တစ်နိုင်ငံလုံးကဏ္ဍအလိုက်ထူးချွန်သူ ပထမတစ်ဦးကိုသာဆုချီးမြှင့်ရန်အတွက် ဝန်ထမ်းမိသားစုများမှ ထူးချွန်သူများ၊ အင်္ဂလိပ်စာထူးချွန်သူများ၊ ရေကြောင်း/လေကြောင်းလူငယ်၊ ကင်းထောက်လူငယ်၊ လူရည်ချွန်လူငယ်၊ မီးသတ်လူငယ်၊ ကြက်ခြေနီ လူငယ်နှင့် ပညာရေးထူးချွန်သည့်လူငယ်များကို ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ် ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ် ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၆)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက် (၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင် (အမျိုးသမီး)ပွဲစဉ်အဖြစ် မွန်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၂)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို (၄)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ (အမျိုးသား)ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၄)ဂိုး၊(၁)ဂိုး ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၇)ဂိုး၊ (၁)ဂိုးဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၄)ဂိုး၊ (၃)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက […]
မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့်အထိမ်းအမှတ်ပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့်အထိမ်းအမှတ်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၅)ရက်။ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့်အထိမ်းအမှတ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရိုးရာခြင်းလုံးပညာရှင်ကြီးများနှင့် ခြင်းလုံးအားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာအားကစားနည်းများအနက်မှ ခြင်းလုံးအားကစားနည်းသည် အထင်ရှားဆုံးအားကစားနည်းတစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေသည့် အားကစားနည်းလည်းဖြစ်ပါကြောင်း၊ ရိုးရာခြင်းလုံးအားကစားနည်း တိုးတက်အောင်မြင်စေရန်အတွက် ၁၉၅၃ခုနှစ်၊ ဇူလိုင်(၁၀)ရက်နေ့မှစ၍ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ခြင်းလုံးအားကစားနည်း၏ “အပေးအယူ လွန်ကြည်ဖြူခြင်းမူစာဂ မျှစိတ္တ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ခြင်းလုံးခတ်ကစားခြင်းဖြင့် ရိုင်းပင်းကူညီလိုစိတ်နှင့် စုပေါင်းလုပ်ကိုင်မှုစိတ်ဓါတ်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ခြင်းလုံးအားကစားနည်းကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများအထိ တိုးတက်ပြန့်ပွားစေရေးအတွက် အခြေခံပညာကျောင်းများတွင် မြန်မာ့ရိုးရာခြင်းလုံးသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင်လ(၂၄)ရက်။ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်ပြိုင်ပွဲရုံ၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယအောင်သိန်း၊ ဒေါက်တာမှုထန်၊ ဦးမောင်ကို၊ ဒေါက်တာအောင်ကျော်မင်း၊ ဒေါက်တာ ကျော်ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲမှထူးချွန်ထက်မြက်သည့် သွေးသစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲမှတစ်ဆင့် သွေးသစ်လူငယ်ဘောလုံးသမားများကို ရွေးချယ်လေ့ကျင့်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားပါကြောင်း၊ […]