၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်

၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက် နေပြည်တော်၊ ဇူလိုင် (၁၈)ရက်။ မြန်မာ့အားကစားလောကအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဘော်လီဘောမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဝန်ကြီးဌာနအချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နေ့လည်(၁၂:၀၀)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ နှင့် ဘော်လီဘောအားကစားနည်းကို စိတ်ပါဝင်စားသည့် အားကစားဝါသနာရှင်များ […]
၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲတတိယလုပွဲ ပွဲစဉ်များဆက်လက်ကျင်းပ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး

၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲတတိယလုပွဲ ပွဲစဉ်များဆက်လက်ကျင်းပ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင် (၁၇)ရက်။ မြန်မာ့အားကစားလောကအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဘော်လီဘောမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဝန်ကြီးဌာနအချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဘော်လီဘော အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ နံနက်ပိုင်းတွင် ဘော်လီဘော(အမျိုးသား) တတိယလုပွဲ ပြိုင်ပွဲ ပွဲစဉ်အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းမှ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များ ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များ ကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင် (၁၆)ရက်။ မြန်မာ့အားကစားလောကအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဘော်လီဘောမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဝန်ကြီးဌာနအချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေမှူးချူပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဘော်လီဘော အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ နံနက်ပိုင်းတွင် […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက် နေပြည်တော်၊ ဇူလိုင် (၁၅)ရက်။ မြန်မာ့ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကို အထောက်အကူ ပြုစေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေ(၃:၀၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးစိုင်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဦးချစ်နိုင်၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့တက်ရောက်

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့တက်ရောက် နေပြည်တော်၊ ဇူလိုင်(၁၅)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်(၄)ဦးတို့သည် (၁၁.၇.၂၀၂၂) ရက်နေ့မှ (၁၃.၇.၂၀၂၂)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအဖွဲ့ချုပ်ကောင်စီအစည်းအဝေး (SEAGF) Council Meeting သို့တက်ရောက်ရန် (၁၀.၇.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် (၁၇:၅၀)နာရီတွင် ရောက်ရှိခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၁.၇.၂၀၂၂)ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင် မြို့ရှိ Sokha ဟိုတယ်၌ နံနက် (၈:၃၀)နာရီတွင် ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီအစည်းအဝေးသို့ တက်ရောက်လာသော အာဆီယံအဖွဲ့ဝင် (၁၁)နိုင်ငံမှကိုယ်စားလှယ်များကို ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် SAMDECH AKA MOHA SENA […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပနေမှုအား ကြည့်ရှုအားပေး

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပနေမှုအား ကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင် (၁၄)ရက်။ ဝန်ထမ်းများ ကိုယ်စိတ်အပန်းပြေပျော်ရွှင်စေရေး၊ မိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာန အချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်းအသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပြီး (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို(၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ စွမ်းအင်ဝန်ကြီးဌာနအသင်းက တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနအသင်းကို […]
ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း သုံးယောက်တွဲအဖွဲ့လိုက် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပနေမှုအား ကြည့်ရှုအားပေး

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း သုံးယောက်တွဲအဖွဲ့လိုက် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပနေမှုအား ကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင် (၁၄)ရက်။ မြန်မာ့ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကို အထောက်အကူ ပြုစေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်းအားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ပါသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သုံးယောက်တွဲအဖွဲ့လိုက် (အမျိုးသား) ပြိုင်ပွဲ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းကနေပြည်တော်ကောင်စီနယ်မြေအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပနေမှုအား ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပနေမှုအား ကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင် (၁၃)ရက်။ ဝန်ထမ်းများ ကိုယ်စိတ်အပန်းပြေပျော်ရွှင်စေရေး၊ မိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာန အချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့ကြပြီး အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရာထူးဝန်အသင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းက […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း နှစ်ယောက်တွဲနှင့် သုံးယောက်တွဲအဖွဲ့လိုက် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပနေမှုအား ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်း နှစ်ယောက်တွဲနှင့် သုံးယောက်တွဲအဖွဲ့လိုက် (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပနေမှုအား ကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင် (၁၃)ရက်။ မြန်မာ့ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးကို အထောက်အကူ ပြုစေရန်နှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနနှင့် မြန်မာ နိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း(C)ရုံ၌ ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ ဆက်လက်ကျင်းပလျက်ရှိရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ ပိုက်ကျော်ခြင်း အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ပါသည်။ ယနေ့ပြိုင်ပွဲ နှစ်ယောက်တွဲ အဖွဲ့လိုက် (အမျိုးသား) ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ပွဲ(၁)ပွဲဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက […]
၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဆက်လက်ကျင်းပ

ကနေပြည်တော်၊ ဇူလိုင် (၁၂)ရက်။ ဝန်ထမ်းများ ကိုယ်စိတ်အပန်းပြေပျော်ရွှင်စေရေး၊ မိမိတို့ဝါသနာပါရာ အားကစားနည်းများဖြင့် ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာန အချင်းချင်းအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် (၈:၀၀)နာရီမှစတင်၍ အမျိုးသမီးပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ ပြည်ထောင်စုရာထူးဝန်အသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းမှ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားပြိုင်ပွဲ ပွဲစဉ်များအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းမှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းကို (၃)ပွဲ (၁)ပွဲဖြင့် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ ပြန်ကြားရေးဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့် လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းမှ စွမ်းအင်ဝန်ကြီးဌာနအသင်းကို (၃)ပွဲ ပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းမှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့မှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး […]