အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၁၃)။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများတွင် ကျရာအခန်း ကဏ္ဍအသီးသီးမှ စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် (၁၄.၁၂.၂၀၂၂) ရက်နေ့မှ (၄.၁.၂၀၂၃)ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည့်ဝန်ထမ်းများအားလုံးကို ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ အလားတူ (၂၉.၁၁.၂၀၂၂)ရက်နေ့မှစတင်လေ့ကျင့်ခဲ့ပြီး (၄.၁.၂၀၂၃)ရက်နေ့အထိ စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင်ပါဝင်ခဲ့ကြသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲ ချီတက်စစ်ကြောင်းနှင့် ထိုင်ကြည့်စစ်ကြောင်းများတွင်ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများကိုလည်း ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ ဒါ့အပြင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ယဉ်ကျေးမှုအဖွဲ့ဝင်များအား တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကြိုဆိုကျွေးမွေးရေး ဆောင်ရွက်ခဲ့ကြသည့်ဝန်ထမ်းများ၊ အလှပြယာဉ်နှင့် အားကစားပြိုင်ပွဲများကျင်းပနိုင်ရေးအတွက် အားကစားကွင်း/အားကစားရုံ အသီးသီးတွင် ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည့်ဝန်ထမ်းများ၊ အားကစားပြိုင်ပွဲများ မှတ်တမ်းတင်ရေးနှင့် သတင်းထုတ်ပြန်ရေးအတွက် ရိုက်ကူးရေးတာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ဆေးအကာအကွယ်ပေးရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအားလုံး တို့ကိုလည်း ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ သို့ဖြစ်ပါ၍ အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြသူများအားလုံးကို ဝန်ကြီးဌာနမှ ဂုဏ်ယူအသိအမှတ်ပြုသည့်အနေဖြင့် ဝန်ထမ်းတစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကုလားပဲ (၃၀)ကျပ်သားနှုန်းဖြင့် ဝန်ထမ်း(၇၄၃)ဦးအတွက် ဆန်(၉၄)အိတ်၊ ဆီ(၃၇၅)ပိဿာ၊ ကုလားပဲ(၂၂၅)ပိဿာ စုစုပေါင်းတန်ဖိုးငွေကျပ် (၉၉,၅၂,၅ဝဝိ/-) (ကိုးဆယ့်ကိုးသိန်း ငါးသောင်း နှစ်ထောင့်ငါးရာကျပ်) ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် စုစုပေါင်း ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ်(၄)ခုနှင့်‌ ကြေးတံဆိပ်(၁)ခုရရှိအောင် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမား များ/နည်းပြဝန်ထမ်းများနှင့် အားကစားပြိုင်ပွဲများအောင်နိုင်ရေး စွမ်းစွမ်းတမံ အားပေးခဲ့ကြသည့် ဝန်ထမ်းများအားလုံးကို အထူးပင်ဂုဏ်ပြုပါကြောင်း၊ နောင်ကျင်းပပြုလုပ်မည့် အားကစားပြိုင်ပွဲများတွင်လည်း ယခုထက် ပိုမိုအောင်မြင်မှုများရရှိစေရန်အတွက် ဝန်ကြီးဌာနကိုယ်စားပြု တာဝန်ထမ်းဆောင်ကြစေလိုကြောင်း၊ အလားတူ နိုင်ငံတော်အဆင့်အခမ်းအနားများ၌ ဝန်ထမ်းများအနေဖြင့် ယခုကဲ့သို့ စည်းစည်းလုံးလုံး တက်တက်ကြွကြွနှင့် ဝန်ကြီးဌာနကိုယ်စား နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် ကြိုးစားပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနား၌ ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ထိုင်ကြည့်စစ်ကြောင်း၊ အလှပြယာဉ်နှင့် အားကစားပြိုင်ပွဲများကျင်းပရေးအတွက် အားကစားကွင်း/အားကစားရုံအသီးသီးတွင် ပြင်ဆင်ဆောင်ရွက်ခဲ့ကြသောဝန်ထမ်းများကို အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများတွင် ပြိုင်ပွဲကျင်းပရေးကိစ္စများ၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံ ကျွေးမွေးရေးကိစ္စများတွင် တာဝန်ယူဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ အားကစားပြိုင်ပွဲများတွင် မှတ်တမ်းတင်ရေး၊ သတင်းထုတ်ပြန်ရေးနှင့် ဆေးအကာအကွယ်ပေးရေးလုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းကလည်းကောင်း ဆန်၊ ဆီနှင့် ကုလားပဲများကို အသီးသီး ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား ဂုဏ်ပြုချီတက်စစ်ကြောင်း၊ ထိုင်ကြည့်စစ်ကြောင်း၊ အလှပြယာဉ်နှင့် ကျရာအခန်းကဏ္ဍမှ တာဝန်ယူ ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။