အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်  ခြင်းလုံးအားကစားသမားများ လေ့ကျင့်နေမှုများနှင့် ဘော်လီဘောပြိုင်ပွဲအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီ(၁၈)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်(၉)နာရီအချိန်တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ခြင်းလုံးအားကစားရုံတွင် ကမ္ဘောဒီးယားနိုင်ငံမှ ခြင်းလုံးအားကစားသမားများနှင့် မြန်မာ့လက်ရွေးစင်ခြင်းလုံးအားကစားများ၏ ပူးတွဲလေ့ကျင့်နေမှုများအား လိုက်လံ ကြည့်ရှုအားပေးခဲ့ပြီးနောက် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘော်လီဘော ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။