အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၄)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

Loading

ပြည်ထောင်စုဝန်ကြီး၊ ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၄)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက် နေပြည်တော်၊ ဩဂုတ်(၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၄)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉:ဝဝ)နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအုပ်ကြီးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနဖြစ်သည့် အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးတာဝန်ခံများအနေဖြင့် အားကစားကဏ္ဍအပြင် လူငယ်ရေးရာလုပ်ငန်းများကိုပါ ပူးတွဲတာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ မိမိအား ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအား Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအား Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေး နေပြည်တော်၊ ဩဂုတ်(၂)ရက်။ အားကစားနှင့လြူငယရြေးရာဝနကြှီးဌာန ဒုတိယဝနကြှီး ဦးမွိုးလှိုငသြညြ အငဒြိုနီးရှားနိုငငြံတှငြ ကငွြးပပှုလုပလြကွရြှိသည့ြ (၁၁)ကှိမမြှောကြ အာဆီယံမသနစြှမြးအားကစားပှိုငပြှဲတှငြ ပှေးခုနပြဈ အားကစားနညြး၊ ထိုကလြကွဘြောလြီဘောအားကစားနညြးနှင့ြ ရကေူးအားကစားနညြးတို့တှငြ မှနမြာနိုငငြံမှ ဝငရြောကယြှဉပြှိုငလြကွရြှိသည့ြ မှနမြာ့လကရြှေးစငမြသနစြှမြးအားကစားသမားမွား၏ ယှဉပြှိုငကြစားနမှေုမွားကို ယနေ့ဒသစေံတောခြွိနနြံနကြ (၈)နာရီတှငြ နပှညေတြောြ၊ ဝဏျဏသိဒိဓ အားကစားကှငြး အိုလံပဈကောမြတီရုံး၌ Virtual Online စနဈဖှင့ြ ကှည့ရြှုအားပေးခဲ့ပါသညြ။ မြန်မာအသင်းအနေဖြင့် ပြေးခုန်ပစ် အားကစားနည်းမှ မောင်တင်ညို သည် (လှံတံပစ်) ပြိုင်ပွဲတွင် ရွှေ(၁)ခု၊ မလော်လာဝင်းသည် မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ငွေ(၁)ခု၊ မောင်အောင်မြင့်မြတ် မီတာ(၁၀၀)အပြေးပြိုင်ပွဲ ကြေး(၁)ခု၊ မောင်ထွန်းလင်းသည် (လှံတံပစ်)ပြိုင်ပွဲတွင် ကြေး(၁)ခု၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဝန်ကြီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားနှင့် ဗိုဗီနမ်နည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဝန်ကြီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားနှင့် ဗိုဗီနမ်နည်းပြ သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ ဩဂုတ်(၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းခြင်း(၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲများမှ အရာထမ်း/အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အမှာစကားပြောကြားရာတွင် ၁၉၉၆ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် အားကစားဝန်ကြီးဌာနကို စတင်ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်၊ မေလမှ စတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက် ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့မှစတင်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ခြင်းသည် ယနေ့ဆိုလျှင်(၁)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၏ […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အသင်းများ၏ ပါဝင်ယှဉ်ပြိုင်နေမှုများအား Online စနစ်ဖြင့် ကြည့်ရှုအားပေး

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အသင်းများ၏ ပါဝင်ယှဉ်ပြိုင်နေမှုများအား Online စနစ်ဖြင့် ကြည့်ရှုအားပေး နေပြည်တော်၊ ဩဂုတ်(၁)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် မသန်စွမ်း ဘော်လီဘောအသင်းနှင့် ဖိလစ်ပိုင် အသင်းတို့၏ (အုပ်စုပတ်လည်)ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ယနေ့ဒေသစံတော်ချိန်မွန်းလွဲ (၃)နာရီ ခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အိုလံပစ်ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့ပါသည်။ (၁.၈.၂၀၂၂)ရက်နေ့တွင် မြန်မာအသင်းအနေဖြင့် ပြေးခုန်ပစ်အားကစားနည်းမှ မထက်ထက်အေးသည် Discus Throw (သံပြားပစ်) ပြိုင်ပွဲတွင် ရွှေတံဆိပ် (၁)ခု၊ မလောလာဝင်းသည် Long Jump (အလျားခုန်)ပြိုင်ပွဲတွင် ကြေးတံဆိပ်(၁)ခု၊ ရေကူးအားကစားနည်းမှ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနေထိုင်ရာ ဇမ္ဗူသီရိမြို့နယ်ရှိ(လူပျိုဆောင်/အပျိုဆောင်) များသို့ လိုက်လံကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနေထိုင်ရာ ဇမ္ဗူသီရိမြို့နယ်ရှိ(လူပျိုဆောင်/အပျိုဆောင်) များသို့ လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင်(၃၀)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာန(ကွင်း/ရုံ) ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးတို့ လိုက်ပါလျက် ယနေ့နံနက်(၁၀)နာရီအချိန်တွင် နေပြည်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနေထိုင်ရာ ဇမ္ဗူသီရိမြို့နယ်ရှိ (လူပျိုဆောင်/အပျိုဆောင်) များသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ သဇင်(၂) အဆောင်(၃) အပျိုဆောင်သို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ အခန်း(၂)ခန်းစီအတွက် ဘေစင်နှင့်ချက်ပြုတ်သည့် စင်(၁)ခုစီထားရှိပေးနိုင်ရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မီးကြိုးများ ဘရေကာ(မီးဘုတ်)များအား စနစ်တကျသွယ်တန်းတပ်ဆင်ပေးရန်၊ လုံခြုံမှုရှိစေရန်အတွက် အဝင်သံပန်းတံခါးနှင့် အခန်းရှေ့သံပန်းတံခါးများအား အကာအရံများ ကာရံပြုပြင် တပ်ဆင်ပေးသွားရန်နှင့် အိပ်ဆောင်များတွင် မီးသတ်ဆေးဘူးများ တပ်ဆင်ပေးသွားရန်၊ အဆောင် ပတ်လည်သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံ ရတနာပန္နက်တော်တင်အခမ်းအနားနှင့် ဝန်ကြီးဌာန ပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံ ရတနာပန္နက်တော်တင်အခမ်းအနားနှင့် ဝန်ကြီးဌာန ပေါင်းစုံပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက် နေပြည်တော်၊ ဇူလိုင်(၂၉)ရက်။ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ရွှေကြာပင်အားကစားကွင်း၌ RC (၂)ထပ် အထူးတန်းပွဲကြည့်စင်နှင့် မိုးလုံလေလုံအားကစားရုံ ရတနာပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ရွှေကြာပင် အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်သစ်စံဆောက်လုပ်ရေးကုမ္ပဏီနှင့် Greeco ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ပြည်သစ်စံဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် (၄၈၀’x၆၀’) RC (၂)ထပ် အနောက်ဘက်အထူးတန်းပွဲကြည့်စင် တည်ဆောက်ခြင်းစီမံကိန်း “ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ဆီမီးဖိုင်နယ်ပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ဆီမီးဖိုင်နယ်ပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင် (၂၈)ရက်။ ပိုက်ကျော်ခြင်း မျိုးဆက်သစ်အားကစားသမားများစွာပေါ်ထွက်လာစေရေးအတွက် ၂၀၂၂ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက် (၉:၀၀)နာရီမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ ပိုက်ကျော်ခြင်း(အမျိုးသား)ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာနအသင်းကို(၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စက်မှုဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြပါသည်။ အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို (၂၉.၇.၂၀၂၂)ရက်နေ့ နံနက်(၉:၀၀) နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ တတိယလုပွဲအဖြစ် စက်မှုဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ဗိုလ်လုပွဲပြိုင်ပွဲအဖြစ် […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ တက်ရောက်ကြည့်ရှုအားပေး

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင်(၂၈)ရက်။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ကို ယနေ့မွန်းလွဲ(၃)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၁)နှင့် ကွင်းအမှတ်(၃)တို့၌ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်  အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ဘောလုံးအားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ယနေ့နံနက်(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်းလေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်(၂)ဂိုးစီဖြင့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉) နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဇူလိုင်(၂၇)ရက်။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက် အကူပြုစေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ကို ယနေ့မွန်းလွဲ(၃)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ် (၁)နှင့် ကွင်းအမှတ်(၃)တို့၌ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် […]

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးရှိ အားကစားဥယျာဉ်စီမံကိန်း တည်ဆောက်နေမှုနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

Loading

ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပဲခူးတိုင်းဒေသကြီးရှိ အားကစားဥယျာဉ်စီမံကိန်း တည်ဆောက်နေမှုနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဇူလိုင်(၂၄)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်(၈)နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အားကစားဥယျာဉ်စီမံကိန်းရှိ မိုးလုံလေလုံအားကစားရုံ၊ အနောက်ဘက် အထူးတန်းပွဲကြည့်စင်နှင့် အရှေ့ဘက် ရိုးရိုးပွဲကြည့်စင် တည်ဆောက်မည့်နေရာ၌ မြေသန့် ပန္နက်ရိုက်မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ပန္နက်ရိုက်ခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး တိုင်းရုံးအနောက်ဘက်ရှိ မိုးလုံလေလုံအားကစားရုံတွင် လေ့ကျင့်လျက်ရှိသော စားပွဲတင်တင်းနစ် အားကစားသမားများနှင့် ဘတ်စကက်ဘော အားကစားသမားများ၏ […]