အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီသွေးစည်းညီညွတ်မှုအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အလေးမနည်းပြ သင်တန်း (Level-2) ဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီသွေးစည်းညီညွတ်မှုအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အလေးမနည်းပြ သင်တန်း (Level-2) ဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဩဂုတ်လ(၇)ရက်။ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီသွေးစည်းညီညွတ်မှုအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် အလေးမနည်းပြ သင်တန်း(Level-2) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေး စခန်း(Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် ရေတို၊ ရေရှည်စီမံချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမခြေလှမ်းအဖြစ် အရှေ့တောင်အာရှနိုင်ငံများအလယ်တွင် အနိုင်ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ထိုမှတဆင့် အာရှနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအထိ အောင်မြင်မှုများရရှိအောင် ကြိုးပမ်းသွားကြစေလိုကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အလေးမအားကစားနည်းအနေဖြင့် ရွှေတံဆိပ် (၁)ခု၊ ကြေးတံဆိပ်(၂)ခုတို့ကို ထိုက်ထိုက်တန်တန် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားတက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ ဩဂုတ်(၇)ရက်။ လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့၊ နည်းပညာတက္ကသိုလ်၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာ ဗဟုသုတများနှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တက္ကသိုလ်များ၊ ကောလိပ်များ နှင့် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများနှင့် လူငယ် စကားဝိုင်းများကို လစဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်မျိုးသားလုံးသက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် […]

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ် မြန်မာ-တရုတ် ချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် လှူဒါန်းငွေပေးအပ်ခြင်းအခမ်းအနားတက်ရောက်

Loading

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ် မြန်မာ-တရုတ် ချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် လှူဒါန်းငွေပေးအပ်ခြင်းအခမ်းအနားတက်ရောက် ရန်ကုန်၊ သြဂုတ်လ(၆)ရက်။ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ် မြန်မာ-တရုတ် ချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် လှူဒါန်းငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉:၃၀)အချိန်တွင် ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး H.E. Mr Chen Hai နှင့် သံရုံးမိသားစုဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်မှ အားကစားသမားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအစီအစဉ် ပထမပိုင်းအရ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးမင်းသိန်းဇံ ကအဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ […]

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံလမ်းညွန်

Loading

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြင်းစီးအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံလမ်းညွန် ရန်ကုန်၊ သြဂုတ်လ (၅)ရက်။       မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံလမ်းညွှန်ဆွေးနွေးသည့် အခမ်းအနားကို ယနေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၊ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ရန်ကုန်မြင်းစီးအသင်း ( YECC )ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြင်းစီးကလပ် အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ ပထမဦးစွာအစည်းအဝေးတက်ရောက်လာသူများက တစ်ဦးချင်းစီ ပြည်ထောင်စုဝန်ကြီးအား မိတ်ဆက်ဂါရဝပြုပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင်  အားကစားနှင့်လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့အားကစားလောကတိုးတက်အောင်မြင်ရေးကို ဆောင်ရွက်ရခြင်းဖြစ်တဲ့အတွက် အားကစားနည်းပေါင်းစုံ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား သွားရောက်ကြည့်ရှုစစ်ဆေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား သွားရောက်ကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇူလိုင်(၂၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အားကစားကွင်းပတ်လည် အုတ်တံတိုင်းကာရံမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးစေရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးသည် အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ ရွှေမန်းတောင်အားကစားကွင်း ပတ်လည် Inner Fencing ပေ (၁၆၀၀) ကာရံခြင်း၊ ကွင်းပတ်လည် အကျယ် ပေ(၇၀) အရှည်‌ ပေ(၁၂၀၀) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံများ သန့်ရှင်းသာယာမှုရှိစေရေး၊ ရေရှည်တည်တံ့စေရေးနှင့် ပြည်သူများလာရောက် လေ့ကျင့်ကစားနိုင်စေရေးတို့အတွက် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၃၀)။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက် (၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင် (အမျိုးသမီး)ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို (၄)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ (အမျိုးသား)ပွဲစဉ်များတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၅)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၅)ဂိုး (၄)ဂိုး ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များ ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၇)ရက်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက် (၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင် (အမျိုးသမီး)ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို (၃)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၇)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ (အမျိုးသား)ပွဲစဉ်များတွင် ကချင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို (၈)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအသင်းက ကယားပြည်နယ်အသင်းကို (၄)ဂိုး (၃)ဂိုးဖြင့်လည်းကောင်း၊ […]

မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃) ကျင်းပ

Loading

မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃) ကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် လူငယ်ရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ဩဂုတ်လ (၁၂)ရက်နေ့ တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများနှင့် ကဏ္ဍအသီးသီးတွင် ထူးချွန်ဆုရရှိခဲ့ကြသူများကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထူးချွန်ဆုများအဖြစ် အားကစား၊ ပညာရေးနှင့် ကဏ္ဍအသီးသီးတို့တွင် အပြည်ပြည်ဆိုင်ရာထူးချွန်ဆုရရှိခဲ့ကြသူများ၊ အာဆီယံထူးချွန်ဆု၊ တစ်နိုင်ငံလုံးကဏ္ဍအလိုက်ထူးချွန်သူ ပထမတစ်ဦးကိုသာဆုချီးမြှင့်ရန်အတွက် ဝန်ထမ်းမိသားစုများမှ ထူးချွန်သူများ၊ အင်္ဂလိပ်စာထူးချွန်သူများ၊ ရေကြောင်း/လေကြောင်းလူငယ်၊ ကင်းထောက်လူငယ်၊ လူရည်ချွန်လူငယ်၊ မီးသတ်လူငယ်၊ ကြက်ခြေနီ လူငယ်နှင့် ပညာရေးထူးချွန်သည့်လူငယ်များကို ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ် ဆက်လက်ကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ် ဆက်လက်ကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၆)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဖူဆယ်အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် ဖူဆယ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက် (၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပခဲ့သည်။ ယနေ့ နံနက်ပိုင်းတွင် (အမျိုးသမီး)ပွဲစဉ်အဖြစ် မွန်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၂)ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်းကို (၄)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ (အမျိုးသား)ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၄)ဂိုး၊(၁)ဂိုး ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၇)ဂိုး၊ (၁)ဂိုးဖြင့် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၄)ဂိုး၊ (၃)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက […]

မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့်အထိမ်းအမှတ်ပွဲအခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့်အထိမ်းအမှတ်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင်(၂၅)ရက်။ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့်အထိမ်းအမှတ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရိုးရာခြင်းလုံးပညာရှင်ကြီးများနှင့် ခြင်းလုံးအားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာအားကစားနည်းများအနက်မှ ခြင်းလုံးအားကစားနည်းသည် အထင်ရှားဆုံးအားကစားနည်းတစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေသည့် အားကစားနည်းလည်းဖြစ်ပါကြောင်း၊ ရိုးရာခြင်းလုံးအားကစားနည်း တိုးတက်အောင်မြင်စေရန်အတွက် ၁၉၅၃ခုနှစ်၊ ဇူလိုင်(၁၀)ရက်နေ့မှစ၍ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ခြင်းလုံးအားကစားနည်း၏ “အပေးအယူ လွန်ကြည်ဖြူခြင်းမူစာဂ မျှစိတ္တ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ခြင်းလုံးခတ်ကစားခြင်းဖြင့် ရိုင်းပင်းကူညီလိုစိတ်နှင့် စုပေါင်းလုပ်ကိုင်မှုစိတ်ဓါတ်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ခြင်းလုံးအားကစားနည်းကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများအထိ တိုးတက်ပြန့်ပွားစေရေးအတွက် အခြေခံပညာကျောင်းများတွင် မြန်မာ့ရိုးရာခြင်းလုံးသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် […]