(၂၁)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ပြည်ပထွက်ခွာ
![]()
(၂၁)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ပြည်ပထွက်ခွာ ရန်ကုန် ၊ ဇွန် ၂၃။ ၂၀၂၄ ခုနှစ် ၊ ဇွန်လ၂၅ ရက်မှ ဇူလိုင်လ ၆ ရက်အထိ အင်ဒိုနီးရှားနိင်ငံ၊ ဆာယာမြို့နှင့်မာလန်းမြို့တို့တွင် ကျင်းပပြုလုပ်မည့် (၂၁)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာတက္ကသိုလ်များအားကစားအဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်(၁) ဦးကျော်ဆန်းဦး ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အုပ်ချုပ်မှုအဖွဲ့နှင့် ဖူဆယ်၊ ပီတန်း၊ ဘော်လီဘော အမျိုးသား/အမျိုးသမီး၊ ဝူရှူး အားကစားသမားများ စုစုပေါင်း(၇၅)ဦးတိုသည် ယနေ့ နံနက် ၁၀:၃၅ အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူနိင်ငံ မှတဆင့်အင်ဒိုနီးရှားနိင်ငံသို့ ထွက်ခွာသွားမည်ဖြစ်ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း နှင့် မိဘဆွေမျိုးများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ အဆိုပါ […]
၂၀၂၄ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလ နှင့် ကာယကြံ့ခိုင်မှုအားကစား ပြိုင်ပွဲကျင်းပ
![]()
၂၀၂၄ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကျင်းပ ရန်ကုန် ဇွန်လ(၂၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်တို့ကြီးမှုးကျင်းပသော ၂၀၂၄ ခုနှစ် အိုလံပစ်နေ့အထိမ်းအမှတ်ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ (OLYMPIC DAY MOVEMENT 2024 BODY BUILDING AND PHYSIQUE SPORT COMPETITION )ကို ဇွန် ၂၂ ရက်နေ့နံနက် ၁၀ နာရီမှ စတင်၍ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓ္ဓမလမ်းရှိ မြန်မာကွန်ဗီးရှင်းစင်တာ(MCC)ခန်းမ၌ ကျင်းပသည်။ အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းနှင့်အမှုဆောင်များ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ပြိုင်ပွဲကိုအမျိုးသား […]
ရေကြည်မြို့နယ်အတွင်း လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ
![]()
ရေကြည်မြို့နယ်အတွင်း လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ ရေကြည်၊ ဇွန်လ (၂၀)ရက်။ အဆိုပါဟောပြောပွဲအခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ အ.ထ.က ငါးသိုင်းချောင်းကျောင်း၌ ယနေ့ မွန်းလွဲ ၁:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ပြန်/ဆက် တာဝန်ခံဦးခင်မောင်မြင့်က “ လူကုန်ကူးမှုတိုက်ဖျက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ငါးသိုင်းချောင်းနယ်မြေမှ ရဲအုပ်ဦးတင်လင်းထွဋ်က “ လူငယ်နှင့် မူးယစ်ဆေး ” ခေါင်စဥ်ဖြင့်လည်းကောင်း ရေကြည်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူးဦးအေးမင်းလတ်က “ လူငယ်နှင့်အစားအသောက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေးက “ လူငယ်နှင့်အားကစား ” ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးပြောကြားခဲ့ပြီး အားကစားအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်အားကစားဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် PFD အကများ၊ EIM “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဉ်ကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်သည့်သတင်း
![]()
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ပြည်နယ်နှင့် တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်သည့်သတင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
![]()
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော် ဇွန်လ(၂၁)ရက်။ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုများနှင့် ဝါသနာရှင်ပြည်သူများ တက်ရောက်ကြသည်။ ကြည့်ရှုအားပေး ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူ များနှင့်အတူ ၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များအဖြစ် ကီလိုတန်းအလိုက် […]
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
![]()
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ပဲခူး ဇွန် ၂၀ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးမိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အားကစားပြိုင်ပွဲများမှ ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လက်ရွေးစင်အဆင့်မှ နိုင်ငံ့ဂုဏ်ဆောင်ပေါ်ထွန်းရေး၊ မြန်မာ့ဘော်လီဘောအားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မားရေးကိုအထောက်ကူပြုစေရေး၊ ထူးချွန်ထက်မြတ်တဲ့လူငယ်သွေးသစ်အားကစားသမားများပေါ်ထွန်းလာစေရေးများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင် ဘော်လီဘောအသင်းများမှ အားကစားသစ္စာ အဓိဌာန်(၄)ချက်ကို ရွတ်ဆိုခဲ့ကြပြီးပြိုင်ပွဲဝင်အားကစားအသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။ ဆက်လက်၍ ပဲခူးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့ကျောင်းသားကျောင်းသူလေးများက ဘင်ခရာအက အလှများဖြင့် သရုပ်ပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီးမြန်မာဘောလီဘောလူမှုရေးအသင်းအမှုဆောင်ဥက္ကဌဦးရဲနိုင်က ဘင်ခရာတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေ(၄)သိန်းကျပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ဘော်လီဘောပြိုင်ပွဲအား ၂၀၂၄ခုနှစ် […]
ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့တက်ရောက်သည့်သတင်း
![]()
ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့တက်ရောက်သည့်သတင်း
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)တိုက်ကွမ်ဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ
![]()
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)တိုက်ကွမ်ဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၁၉)။ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင်ရှိကြသည့် တိုက်ကွမ်ဒိုအားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် တိုက်ကွမ်ဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် တိုက်ကွမ်ဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီခွဲမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ယနေ့ တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး)အတိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၅၀-၅၄)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(၅၈-၆၃)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၄၀-၄၃) ကီလိုတန်းပြိုင်ပွဲ အမျိုးသမီး(၅၇-၆၂)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၅၀-၅၄)ကီလိုတန်းပြိုင်ပွဲတွင် ဇော်ရိန်အောင်(ကချင်)က ကျော်ဇေယျာဖြိုး(ကယား)ကိုလည်းကောင်း၊ စောရန်ထူး(မန္တလေး)က နေစိုးရှိန်(ရန်ကုန်)ကို လည်းကောင်း၊ အမျိုးသား(၅၈-၆၃)ကီလိုတန်းပြိုင်ပွဲတွင် ဘုန်းထွဋ်အောင်(ရန်ကုန်)က စောအယ်လင်းဦး (ကယား)ကိုလည်းကောင်း၊ မျိုးမင်းကျော်(ပဲခူး)က […]
ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ
![]()
ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှုလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဇွန်(၁၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာ စကားပြောကြားရာတွင် လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သည့် “ နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့်အတိုင်း နိုင်ငံတော်အနေနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက် လျက်ရှိပြီး လူငယ်များ အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများကို အသုံးမပြုနိုင်အောင် ထိရောက်စွာကာကွယ်ပေးနိုင်ရန် ဌာနဆိုင်ရာ […]
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)တိုက်ကွမ်ဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ
![]()
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)တိုက်ကွမ်ဒိုပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဇွန်(၁၈)။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင်ရှိကြသည့် တိုက်ကွမ်ဒိုအားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် တိုက်ကွမ်ဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် တိုက်ကွမ်ဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပခဲ့သည်။ ယနေ့ တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး)အတိုက် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၄၆-၅၀)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား (-၄၆)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး(၄၃- ၄၆)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား(၄၆-၅၀)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား (-၄၆)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး (၄၃-၄၆)ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသမီး (-၄၀)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(၄၆-၅၀)ကီလိုတန်း ပြိုင်ပွဲတွင် ဇော်ဒန်အောင်(ကချင်)က ထက်မြတ်ထွန်း(ရခိုင်)ကိုလည်းကောင်း၊ […]