အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် Logo ပြိုင်ပွဲ ဆုရရှိသူ ဦးစိုးသီဟကျော်နှင့် Mascot ရေးဆွဲသူ ဦးသန်းဇော်တို့သည် ယနေ့နံနက် (၁၀:၀၀) နာရီတွင် လည်းကောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လွန်ဆွဲနှင့် ထုပ်ဆီးတိုးပြိုင်ပွဲ တာဝန်ခံ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင် (၃) ဦးတို့သည် ယနေ့နံနက် (၁၀:၃၀) နာရီတွင်လည်းကောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းနှင့် မြန်မာ့အားကစား မော်ကွန်း ခန်းမအတွင်း မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစား သမားများ၏ ပုံတူရုပ်ထုများပြခန်းတို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။