အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

5th AVFASIAN Vovinam Championships 2024 ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၂)ခု ၊ ငွေတံဆိပ်ဆု(၃)ခုနှင့် ကြေးတံဆိပ်ဆု(၆)ခုဆွတ်ခူးရရှိခဲ့သော မြန်မာဗိုဗီနမ်အားကစားအဖွဲ့ ပြန်လည်ရောက်ရှိကြိုဆို

ရန်ကုန်၊ ဒီဇင်ဘာလ(၂၃)ရက်။

အင်ဒိုနီးရှားသမ္မတနိုင်ငံ ၊ ဘာလီမြို့တွင် ဒီဇင်ဘာ(၁၇)ရက်မှ (၂၂)ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် 5th AVFASIAN Vovinam Championships 2024 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရွှေတံဆိပ်ဆု (၂)ခု ၊ ငွေတံဆိပ်ဆု(၃)ခုနှင့် ကြေးတံဆိပ်ဆု(၆)ခု ဆွတ်ခူးရရှိခဲ့သော မြန်မာဗိုဗီနမ်အားကစားအဖွဲ့သည် ယနေ့နံနက်(၉)နာရီ(၁၅)မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ ရန်ကုန်တိုင်းဒေသကြီး အားကစားအောင်နိုင်ရေးအထောက်အကူပြုအဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံဗိုဗီနမ်အားကစားအဖွဲ့ချုပ် မှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းသား/သင်တန်းသူများနှင့် မိဘဆွေမျိုးများက သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြ သည်။

ယနေ့ ပြန်လည်ရောက်ရှိလာသည့် မြန်မာဗိုဗီနမ်အားကစားအဖွဲ့မှ အားကစားသမားများသည် ဒီဇင်ဘာ(၁၉)ရက်၌ ကျင်းပခဲ့သည့် Ying Yang sword form female ပြိုင်ပွဲတွင် မေဟန်နီအောင်လွင် က ပထမရွှေတံဆိပ်ဆုကိုလည်းကောင်း၊ Four Element staff form male ပြိုင်ပွဲတွင် တင်ထူးဇော်က ပထမရွှေတံဆိပ်ဆုကိုလည်းကောင်း၊ Dual form 3 ပြိုင်ပွဲတွင် အိုက်စိုးလင်းနှင့် တင်ထူးဇော်တို့အတွဲက ဒုတိယငွေတံဆိပ်ဆုကိုလည်းကောင်း၊ Ying Yang swond form male ပြိုင်ပွဲတွင် အိုက်စိုးလင်း က တတိယကြေးတံဆိပ်ဆုကိုလည်းကောင်း၊ 1 female defense Against 3 male with weapon ပြိုင်ပွဲတွင် အိုက်စိုးလင်း ၊ တင်ထူးဇော်၊ ရဲရင့်အောင် နှင့် အိ န္ဒြေဖူး တို့အတွဲက တတိယကြေးတံဆိပ်ဆုတို့ကိုဆွတ်ခူးရရှိခဲ့ပြီး၊ ဒီဇင်ဘာ (၂၀) ရက်တွင် ကျင်းပသည့် Cross form Female ပြိုင်ပွဲတွင် အိန္ဒြေဖူး က ဒုတိယ ငွေတံဆိပ် ဆုကိုလည်းကောင်း၊ Pair sword form male ပြိုင်ပွဲတွင် အိုက်စိုးလင်းနှင့် တင်ထူးဇော်တို့အတွဲက တတိယကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ဒီဇင်ဘာ(၂၁)ရက် တွင်ကျင်းပသည့် 50-55kg အတိုက် ပြိုင်ပွဲတွင် ရဲရင့်အောင် က ဒုတိယ ငွေတံဆိပ်ဆုကိုလည်းကောင်း၊ Dual form 3 female ပြိုင်ပွဲတွင် အိန္ဒြေဖူး နှင့် မေဟန်နီအောင်လွင် တို့အတွဲက တတိယ ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ Five – gate form male ပြိုင်ပွဲတွင် ရဲရင့်အောင် က တတိယကြေးတံဆိပ်ဆုကိုလည်းကောင်း၊ Pair sword form male ပြိုင်ပွဲတွင် အိန္ဒြေဖူး နှင့် မေဟန်နီအောင်လွင်တို့အတွဲက တတိယကြေးတံဆိပ်ဆုတို့ကိုအသီးသီးရရှိခဲ့ကြသည်။

အဆိုပါ 5th AVFASIAN Vovinam Championships 2024 ပြိုင်ပွဲတွင် မြန်မာ၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား၊ အိန္ဒိယ ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ အီရန်၊ ကာဂျစ်စတန်၊ တီမောနှင့် နီပေါနိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၁၃)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံ မှ အုပ်ချုပ်/နည်းပြအဖြစ် ဦးလွှမ်းအောင်နှင့် ဒိုင်လူကြီး(၃)ဦး ၊ အားကစားသမား အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၂)ဦး ၊ စုစုပေါင်း (၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ်(၂)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၆)ခု ၊ စုစုပေါင်းဆုတံဆိပ် (၁၁)ခု ဆွတ်ခူးရရှိခဲ့ကြောင်းသိရှိရသည်။