အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော်၊ ဒီဇင်ဘာ ၂၁

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများတွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၄၀၀) ခန့်တို့သည် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် မြန်မာ့ အားကစားလှုပ်ရှားမှုများပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်း မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်ထုများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေး ခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။