အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးမြို့ရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်းသည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးမြို့ရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်းသည့်သတင်း

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးမြို့ရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးမြို့ရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်း နေပြည်တော်၊ ဇူလိုင် (၇)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့သို့‌ ရောက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့က ပဲခူးတိုင်းအားကစားရုံမှ ကြိုဆိုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာအတွင်းကျင်းပမည့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးမှ ဘတ်စကက်ဘောအားကစားနည်း ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားသမားယှဉ်ပြိုင်နိုင်ရေးအတွက် ကျင်းပပြုလုပ်လျက်ရှိသည့် ခရိုင်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စားပွဲတင်တင်းနစ်အားကစားခန်းမကို ကြည့်ရှုစစ်ဆေးပြီး ပဲခူးတိုင်းဒေသကြီး အားကစားအောင်မြင်ရေးအတွက် လိုအပ်သည့်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး အားကစားဥယျာဉ်အတွင်း (၂၀၂၂-၂၀၂၃) (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်ရန်ပုံငွေကျပ် (၃၄၃၈.၈)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ပရိတ်သတ် (၄၀၇၀)ဆံ့ တိုင်းအားကစားကွင်း RC (၂)ထပ် […]

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) အခမ်းအနားကျင်းပသည့်သတင်း

Loading

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) အခမ်းအနားကျင်းပသည့်သတင်း

မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) အခမ်းအနားကျင်းပ

Loading

နေပြည်တော်၊ ဇူလိုင် ၅ ရက်။ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလူငယ်ရေးရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင်များက လူကိုယ်တိုင်စနစ်ဖြင့်လည်းကောင်း၊ နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌများနှင့် လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဗီဒီယိုကွန်းဖရင့် စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနအချင်းချင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများကြား၊ လူမှုအဖွဲ့အစည်းများနှင့် […]

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ကျင်းပခဲ့သည့်နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ(နဂါးလှေလှော်)ပြိုင်ပွဲတွင်‌မြန်မာရွှေတံဆိပ်နှစ် ခုဖြင့်နိုင်ငံအလိုက် ပထမရရှိသော‌ေအာင်ပွဲရမြန်မာအားကစားအဖွဲ့အားကြိုဆို

Loading

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ကျင်းပခဲ့သည့်နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ(နဂါးလှေလှော်)ပြိုင်ပွဲတွင်‌မြန်မာရွှေတံဆိပ်နှစ် ခုဖြင့်နိုင်ငံအလိုက် ပထမရရှိသော‌ေအာင်ပွဲရမြန်မာအားကစားအဖွဲ့အားကြိုဆို ရန်ကုန် ၊ ဇူလိုင် ၃ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ Barnaul မြို့တွင် ဇွန်(၂၈)ရက်နေ့မှ ဇူလိုင်(၁)ရက်နေ့အထိကျင်းပခဲ့သော နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ (နဂါးလှေပြိုင်ပွဲ) (Altai Regatta Dragon Festival ) ပြိုင်ပွဲတွင်မြန်မာရွှေတံဆိပ်နှစ် ခုဖြင့် နိုင်ငံအလိုက် ပထမရရှိသော‌အောင်ပွဲရမြန်မာအားကစားအဖွဲ့သည် ယ‌နေ့နံနက်က ရန်ကုန်မြို့သို့ပြန်လည်‌ရောက်ရှိရာ မြန်မာ‌လှေလှော်အားကစားအဖွဲ့အား ရန်ကုန်တိုင်း‌ဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်း‌ဒေသကြီး၀န်ကြီးများ ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာ၀န်ရှိပုဂ္ဂိုလ်များ၊မြန်မာနိုင်ငံလှေလှော်လှာ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ၊ အမှု‌ဆောင်များနှင့်‌ လှေလှော်အားကစားသမားများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား၊ကျောင်းသူများ၊မိဘဆွေမျိုးများ‌သောင်းသောင်းဖျဖျကြိုဆိုနှုတ်ဆက်ကြသည်။ မြန်မာအသင်းသည် မီတာ၂၀၀နှင့် မီတာ၅၀၀တို့တွင် ပထမဆု ရွှေတံဆိပ်တစ်ခုစီ ရယူခဲ့ပြီး မီတာ၂၀၀၀တွင် မြန်မာအသင်းအနေဖြင့်အကောင်းဆုံးယှဉ်ပြိုင်လှော်ခတ်သွားနိုင်သော်လည်း ရလဒ်အနေဖြင့် အဆင့်၆ ဖြင့်သာကျေနပ်ခဲ့ရ‌ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ရုရှား၊ မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှာ၊ […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ ဇူလိုင်လ(၂)ရက်။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအပေါ်ထပ်အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။ ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဦးစီးကော်မတီများနှင့် ဆပ်ကော်မတီများကို ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပထမအကြိမ်ကျင်းပပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် အားကစားနည်းများအလိုက် စည်းမျဉ်း/စည်းကမ်းများဆိုင်ရာကိစ္စရပ်များ၊ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ပြီးဖြစ်၍ ယခုအစည်းအဝေးသည် ပါဝင်ယှဉ်ပြိုင်မည့်အားကစားနည်းများ၊ ပြောင်းလဲပြင်ဆင်ရေးဆွဲမည့် စည်းမျဉ်း/စည်းကမ်း၊ နည်းဥပဒေများကို အသေးစိတ်ဆွေးနွေးတင်ပြအတည်ပြုနိုင်ရန်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ မသန်စွမ်းအားကစားပြိုင်ပွဲများပါထည့်သွင်းကျင်းပသွားမည်ဖြစ်၍ ထည့်သွင်းကျင်းပမည့် အားကစားနည်းများနှင့် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားအင်အားစာရင်းများကို ကြိုတင်ပြင်ဆင်ထားရန် ချိတ်ဆက်ဆောင်ရွက်ထားပြီဖြစ်၍ အဖွဲ့ချုပ်မှ […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အားကစားအသင်းများ အောင်မြင်မှုရရှိစေရေးအတွက် ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အားကစားအသင်းများ အောင်မြင်မှုရရှိစေရေးအတွက် ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီး ၊ ဇူလိုင် ၃။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် မှ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်သို့ ရှမ်းပြည်နယ်အားကစားအသင်း ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး နှင့် အောင်မြင်မှုရရှိနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၁၄း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ သက်ဆိုင်ရာအားကစားနည်းအလိုက်ဆပ်ကော်မတီအဖွဲ့ဝင်များက တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ် ၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ပြည်နယ်အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန် ၊ ပြည်နယ် […]

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင်(၁)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင် ခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းသား/သမီးများနှင့် အားကစားနှင့်ကာယပညာ သိပ္ပံများမှ သင်တန်းသား/သင်တန်းသူများကို ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ပေးလျက်ရှိသည့်အတွက် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအနေဖြင့် ယခုတက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ခြင်းသည် ရည်မှန်းချက် ပန်းတိုင်မဟုတ်သေးဘဲ ဘဝအစ၏ ပထမဆုံးခြေလှမ်းတစ်ခုသာဖြစ်ကြောင်း၊ ပညာရှာသည့်အချိန်တွင် ပညာတစ်ခုတည်းကိုသာ ဆက်လက်ဆည်းပူး လေ့လာသွားရန်နှင့် “အစကောင်းမှ အနှောင်းသေချာ” ဆိုသလို ဘဝအစတက်လမ်းမှ အခြေခံကောင်းမွန်ခိုင်မာစွာဖြင့် ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွား နိုင်ပြီး […]

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်၏ ပဏာမလက်ရွေးစင်လူရွေးချယ်ရေးပြိုင်ပွဲကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်၏ ပဏာမလက်ရွေးစင်လူရွေးချယ်ရေးပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဇွန်(၂၇)။ ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်၏ ပဏာမလက်ရွေးစင်လူရွေးချယ်ရေးပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးနှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး)ဝိတ်တန်းများအလိုက် အမြန်မနှင့် နှစ်ဆင့်မ ပြိုင်ပွဲများအား ယှဉ်ပြိုင်ခဲ့ရာ အလေးမအားကစားသမား အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၁၁)ဦး၊ စုစုပေါင်းအားကစားသမား(၁၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံခဲ့သည်။ အမျိုးသား(+၈၉)ကီလိုတန်းပြိုင်ပွဲတွင် ဝင်းနိုင်ထွန်းက နှစ်ဆင့်မစံချိန်(၁၇၆)ကီလိုဖြင့် မြန်မာပြည် စံချိန်(၁၇၅)အား ကျော်လွန်၍ စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

တတိယအကြိမ် (၈၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ် ပြိုင်ပွဲကျင်းပ

Loading

တတိယအကြိမ် (၈၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ် ပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဇွန်(၃၀)။ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာမြင်းစီးအားကစားနည်းမှ မြင်းစီးအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်၍ တတိယအဆင့် (၈၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲနှင့် (၆၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲတို့ကို ယနေ့ နံနက်(၅)နာရီမှစတင်၍ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က တတိယအကြိမ် (၈၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲနှင့် (၆၅)ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား စတင် တာလွှတ်ပေးခဲ့သည်။ ယနေ့ တတိယအကြိမ် (၈၅)ကီလိုမီတာ […]