ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက် ရန်ကုန် ၊ အောက်တိုဘာ ၂၅ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် သည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး နှင့်တာဝန်ရှိသူများ လိုက်ပါလျက် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ စနစ်တကျဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှု များရရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ စခန်းဝင်လေ့ကျင်နေသည့် အားကစား အဖွဲ့များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် ပြိုင်ပွဲအမျိုးအစားအလိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ မြန်မာနိုင်ငံ Teqball […]
မျိုးဆက်သစ် တိုက်ကွမ်ဒိုအားကစားသမားများ မွေးထုတ်ပေးနိုင်ရန် JN 25 TAEKWON DO CLUB ဖွင့်လှစ်
![]()
မျိုးဆက်သစ် တိုက်ကွမ်ဒိုအားကစားသမားများ မွေးထုတ်ပေးနိုင်ရန် JN 25 TAEKWON DO CLUB ဖွင့်လှစ် ရန်ကုန် ၊ အောက်တိုဘာ ၂၄ရက် မျိုးဆက်သစ်တိုက်ကွမ်ဒိုအားကစားသမားများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်ကာ JN 25 TAEKWON DO CLUB ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးဘစံလမ်းရှိ The Zawana Badminton & Sport Arena ၌ကျင်းပပြုလုပ်သည်။ ယင်းတိုက်ကွမ်ဒိုကလပ်ဖွင့်ပွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ဒုတိယကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုက်ကွမ်ဒိုကလပ်များမှ သင်တန်းသား၊ သင်တန်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြပြီး ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က အမှာစကားများအသီးသီးပြော ကြားခဲ့ကြသည်။ ထို့နောက် […]
တောင်ကြီးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ
![]()
တောင်ကြီးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ တောင်ကြီးမြို့၊ အောက်တိုဘာလ(၂၄)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်နယ်လူငယ်ရေးရာဦးစီးဌာန ၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ တောင်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှပူးပေါင်းကျင်းပပြုလုပ်တဲ့ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ၂၃.၁၀.၂၀၂၅ ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်၌ တောင်ကြီးမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)နှင့် မွန်းလွဲ (၁၃:၀၀)နာရီအချိန်တို့တွင် အခြေခံပညာအထက်တန်းကျောင်းခွဲ(ထုံးဖို)ခန်းမတို့၌ အသီးသီးကျင်းပပြုလုပ်ခဲ့ရာအဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး၊ တောင်ကြီးခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုး ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဆူးညီညီသိန်းဝင်း ၊ မြန်မာလူငယ်မိတ်သဟာရအဖွဲ့ (MYF) Myanmar Youth Fellowship မှ ဦးဂျာလ နှင့် တာဝန်ရှိသူများကတက်ရောက်ခဲ့ကြပြီး လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန် ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း(အောင်သပြေ)မှ ကျောင်းခန်းမအတွင်း၌ ကျောင်းသား/ကျောင်းသူ (၃၈၀)ဦး ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ထုံးဖို)မှ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၂၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ စိုးရတနာခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ ဇာတိမာန်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တစ်နိုင်ငံလုံးတွင်ရှိသည့် ကျောင်းသား/ကျောင်းသူ လူငယ်များသည် နိုင်ငံ၏အနာဂတ်ကို ဖန်တီးတည်ဆောက်ကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြောင်း၊ လူငယ်များသည် မိမိတို့၏တန်ဖိုးမဖြတ်နိုင်သည့် လက်ရှိလူငယ်ဘဝကို […]
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များဆက်လက်ကျင်းပ
![]()
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များဆက်လက်ကျင်းပ ရန်ကုန်၊ အောက်တိုဘာ ၂၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့နှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များ ကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပဒုမ္မာအားကစားကွင်း၊ YTC လေ့ကျင့်ရေးကွင်း(၁) ရှိ (စက်ဘီးကွင်း)တို့၌ ဆက်လက်ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ပြိုင်ပွဲ ကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားဝါသနာရှင် ပရိတ်သတ်များ တခဲနက်လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များ အဖြစ် မွန်းလွဲ ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီး […]
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ရှုံးထွက်ပွဲစဉ်များဆက်လက်ကျင်းပ
![]()
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ရှုံးထွက်ပွဲစဉ်များဆက်လက်ကျင်းပ ရန်ကုန်၊ အောက်တိုဘာ ၂၁ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ရှုံးထွက် ပွဲစဉ်များ ကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပဒုမ္မာအားကစားကွင်း၊ တောင်ဒဂုံ အားကစားကွင်း၊ သီဟဒီပအားကစားကွင်းနှင့် YTC လေ့ကျင့်ရေးကွင်း(၁)ရှိ(စက်ဘီးကွင်း)တို့၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားဝါသနာရှင်ပရိတ်သတ်များ တခဲနက်လာရောက်ကြည့်ရှုအားပေးခဲ့ကြ သည်။ ယနေ့ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ရှုံးထွက် ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် […]
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃)နိုင်ငံဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုဖလားရရှိခဲ့သည့် အားကစားနှင့်ကာယပညာသိပ္ပံ ISPE အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်
![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃)နိုင်ငံဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုဖလားရရှိခဲ့သည့် အားကစားနှင့်ကာယပညာသိပ္ပံ ISPE အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက် ရန်ကုန်၊ အောက်တိုဘာ ၂၀ (၃)နိုင်ငံဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုဖလားရရှိခဲ့သည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ မြန်မာ ISPE အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အုပ်ချုပ်/ နည်းပြ၊ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ […]
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃) နိုင်ငံ ဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုဖလား ရရှိခဲ့သည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ မြန်မာ ISPE အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃) နိုင်ငံ ဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုဖလား ရရှိခဲ့သည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာသိပ္ပံ မြန်မာ ISPE အမျိုးသားဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် အားကစားဆိုင်ရာ အရာရှိကြီးများအစည်းအဝေး၊ (၈)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်
![]()
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် အားကစားဆိုင်ရာ အရာရှိကြီးများအစည်းအဝေး၊ (၈)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတက်ရောက် နေပြည်တော်၊ အောက်တိုဘာ ၁၉ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့၊ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၆)ကြိမ်မြောက် အားကစားဆိုင်ရာ အဆင့်မြင့် အရာရှိကြီး များအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို တက်ရောက်ရန်အတွက် အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ-(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် […]
အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့်တွေ့ဆုံ
![]()
အား/ကာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ အောင်မြင်မှုရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့်တွေ့ဆုံ ရန်ကုန်၊ အောက်တိုဘာလ ၁၉ရက် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ အားကစားအဖွဲ့အောင်မြင်မှုရရှိစေရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြား ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်(၄၀)တို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။ ဦးစွာအားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကအဖွင့်အမှာစကားပြောကြားရာ တွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ သို့ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အတွက် အဖွဲ့ချုပ်များမှတာဝန်ရှိသူများနှင့် အုပ်ချုပ်မှု၊ လေ့ကျင့်မှု၊ ယှဉ်ပြိုင်မှုနှင့် အောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး အပြီးသတ် တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီသို့ […]