အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း

Loading

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်သည့်သတင်း

စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

Loading

စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ၂၉။ လယ်ဝေးခရိုင်အတွင်းရှိ မသန်စွမ်းလူငယ်များ ဂုဏ်သိက္ခာရှိရှိ အမှီအခိုကင်းစွာ ဘဝရပ်တည် နိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းပညာရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေ ရရှိနိုင်စေရေးတို့အတွက် ရည်ရွယ်၍ စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ် Training Center-2 ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် “ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဦးတည်ချက်ကို ချမှတ်၍ မသန်စွမ်းလူငယ်များအပါအဝင် လူငယ်ထုတိုးတက်စေရေးအတွက် အလေးထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များ အသိပညာ၊ ဉာဏ်ပညာ၊ ကိုယ်ကျင့်တရား၊ ဗလငါးတန်နှင့်ပြည့်စုံပြီး […]

လန်ချန်း – မဲခေါင်ပူးပေါင်းဆောင်ရွက်မှုပိုက်ကျော်ခြင်းပြိုင်ပွဲတွင်မြန်မာလက်ရွေးစင်အသင်း ငွေနှစ်ခု၊ ကြေးနှစ်ခုရရှိ

Loading

လန်ချန်း – မဲခေါင်ပူးပေါင်းဆောင်ရွက်မှုပိုက်ကျော်ခြင်းပြိုင်ပွဲတွင်မြန်မာလက်ရွေးစင်အသင်း ငွေနှစ်ခု၊ ကြေးနှစ်ခုရရှိ န်ကုန် ၊ အောက်တိုဘာ၂၈ရက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ နန်နင်းမြို့တွင်အောက်တိုဘာ၂၃ရက်မှ၂၇ရက်နေ့အထိ ကျင်းပခဲ့သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုတရုတ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအားကစားသမားများသွားရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေနှစ်ခု၊ ကြေးနှစ်ခုရရှိခဲ့‌သည်။ မြန်မာပိုက်‌ကျော်ခြင်းအားကစားအဖွဲ့တွင် အဖွဲ့‌ခေါင်းဆောင် ဦးစိုင်း‌ဇော်ထွန်းလင်း ၊ နည်းပြများ ၊ အုပ်ချုပ်သူများ ၊ ဒိုင်များနှင့် အားကစားသမားများသည် ယနေ့ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ပြန်လည်‌ရောက်ရှိလာရာမြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌဦးအောင်မြင့်မြတ်နှင့်အမှုဆောင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် ဗီယက်နမ်(A)အသင်းက ပထမ၊ မြန်မာအသင်းက ဒုတိယ၊ လာအိုအသင်း နှင့်ဗီယက်နမ်(B)အသင်းတို့ကပူးတွဲတတိယဖြင့်လည်း‌ကောင်း ၊ အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ဗီယက်နမ်(A)အသင်းကပထမ ၊ မြန်မာအသင်းက ဒုတိယ ၊ တရုတ်အသင်းနှင့် ဗီယက်နမ်(B)အသင်းတို့က ပူးတွဲတတိယ ၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် ထိုင်းအသင်းကပထမ၊ […]

ဒုတိယဝန်ကြီး ဦးထိန်လင်း အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ ၊ ဒုတိယအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးပြန်လည်ရောက်ရှိ

Loading

ဒုတိယဝန်ကြီး ဦးထိန်လင်း အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ ၊ ဒုတိယအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးပြန်လည်ရောက်ရှိ ရန်ကုန် ၊ အောက်တိုဘာလ ၂၆ ရက်။ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ အရှေ့တောင်အာရှ အားကစား အဖွဲ့ချုပ်များ၊ ဒုတိယအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ နံနက်(၁၁:၃၀)နာရီ အချိန်၌ လေယာဉ်အမှတ် 8M-336 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း တို့က ကြိုဆိုခဲ့ကြကြောင်းသိရှိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာ ချထားရေးဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ၂၅။၂၀၂၄ခုနှစ်ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁နာရီတွင် နေပြည်တော်၊ရုံးအမှတ်(၃၁)ရှိအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီဥက္ကဋ္ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ကလည်း “အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက် လက္ခဏာတို့ကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကိုလည်း ဖြစ်ပေါ်စေနိုင် သည့်အတွက် အားကစားနှင့်ပတ်သက်ပါက အားပေးဆောင်ရွက်ရမည်”ဟု လမ်းညွှန်ထားပါကြောင်း၊ အားကစားအဆင့်အတန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဘက်ဘက်ကလည်း အားပေးပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲနှင့်ပိတ်ပွဲအခမ်းအနားများကို စည်းကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲနိုင်စေရေးအတွက် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တက္ကသိုလ်/နည်းပညာကျောင်းများ၊ အခြေခံပညာကျောင်းများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ၏ သတ်မှတ်ထားသည့် […]

ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲများတွင် မြန်မာလှေလှော်အားကစားအဖွဲ့ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိ

Loading

ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲများတွင် မြန်မာလှေလှော်အားကစားအဖွဲ့ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိ ရန်ကုန် ၊အောက်တိုဘာ ၂၇ရက်။ ၂၀၂၄ခုနှစ်၊အောက်တိုဘာလ ၂၄ရက်မှ နိုဝင်ဘာလ ၃ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Yichang မြို့နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ Puerto Princesa မြို့တို့တွင် ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ခုနှစ် ၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup ) နှင့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲများတွင် မြန်မာလှေလှော်အားကစားအဖွဲ့ ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိရရှိထား‌ကြောင်းသိရှိရသည်။ အောက်တိုဘာ၂၅ ရက်နေ့၊ ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲ အမျိုးသားရှစ်တက်‌လှော် […]

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့်နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများရွေးချယ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့်နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများရွေးချယ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ ၂၄။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ ပထမအကြိမ် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၉ နာရီခွဲတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီ၊ ခုံသမာဓိဆပ်ကော်မတီနှင့် မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် ဖွင့်ပွဲ/ ပိတ်ပွဲ၊ ပြိုင်ပွဲကျင်းပမည့်နေရာ၊ နေ့ရက်များ၊ ရက်အလိုက်ဆုရရှိမှုများအား […]

ဒုတိယဝန်ကြီး ဦးထိန်လင်း (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ၊ ဒုတိယအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ရန်ပြည်ပထွက်ခွာ

Loading

ဒုတိယဝန်ကြီး ဦးထိန်လင်း (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ၊ ဒုတိယအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ရန်ပြည်ပထွက်ခွာ ရန်ကုန်၊ အောက်တိုဘာလ ၂၄ ရက်။ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်များ၊ ဒုတိယအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့သည် ယနေ့နေ့လယ် (၁၂:၄၀)နာရီ အချိန်၌ လေလေဥ်အမှတ် 8M-333 ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့်တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရှိရသည်။

၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာလှေလှော်အားကစားအဖွဲ့ပြည်ပထွက်ခွာ

Loading

၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာလှေလှော်အားကစားအဖွဲ့ပြည်ပထွက်ခွာ ရန်ကုန်၊ အောက်တိုဘာလ ၂၃ ရက်။ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့မှ နိုဝင်ဘာလ (၃)ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Yichang မြို့နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ Puerto Princesa မြို့တို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup) နှင့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှာ်ပြိုင်ပွဲ (2024 ICF Dragon Boat World Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း ဦးဆောင်သော မြန်မာလှေလှော်အားကစားအဖွဲ့သည် ယနေ့ နံနက် (၁၁:၀၀) နာရီအချိန်၌ လေယာဉ်ခရီးစဥ် အမှတ် CZ – 3056 […]