ကာယပညာနှင့် အားကစားနည်းပြ(မွမ်းမံ)သင်တန်း အမှတ်စဉ်(၂)မှ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ

ကာယပညာနှင့် အားကစားနည်းပြ(မွမ်းမံ)သင်တန်း အမှတ်စဉ်(၂)မှ သင်တန်းသား/သင်တန်းသူများ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ၂၀၂၅ ခုနှစ်၊ ကာယပညာနှင့် အားကစားနည်းပြ (မွမ်းမံ) သင်တန်း အမှတ်စဉ် (၂) မှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၁၀) ဦးခန့်တို့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနမှ ဖွင့်လှစ်ထားရှိသည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် မြန်မာ့အားကစား လှုပ်ရှားမှုများပြခန်း၊ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်း ဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်းဓာတ်ပုံများပြခန်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံဂျူဒို အားကစားအဖွဲချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံခြင်းနှင့် ကာယပညာနှင့်အားကစားနည်းပြ(မွမ်းမံ)သင်တန်း အမှတ်စဉ်(၂)မှ သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံဂျူဒို အားကစားအဖွဲချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံခြင်းနှင့် ကာယပညာနှင့်အားကစားနည်းပြ(မွမ်းမံ)သင်တန်း အမှတ်စဉ်(၂)မှ သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယ ဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းနှင့်အဖွဲ့အား နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ ဦးစွာ ဥက္ကဋ္ဌ ဦးထွန်းထွန်းက ဂျူဒိုအားကစားနည်း တိုးတက်ဖွံ့ဖြိုးစေရန်နှင့် ဂျူဒိုမျိုးဆက်သစ် လူငယ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရန်အတွက် လက်ရှိသင်ကြားပေးလျက်ရှိသည့် ပြည်ပ မှ ငှားရမ်းထားသည့် ဂျပန်နည်းပြဆရာအား ဆက်လက်ငှားရမ်းပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေး စေလိုကြောင်း၊ အင်အားဖြည့်စွက်စာကျွေးမွေးမှုများနှင့် ထောက်ပံ့ပေးနေမှုအပိုင်းများ၊ လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းထောက်ပံ့နေမှုအပိုင်းများ၊ နည်းပြဆရာလိုအပ်မှုအပိုင်းများ၊ […]
အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာဦးစီးဌာန (ရန်ကုန်) ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား

အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကစားနှင့်ကာယပညာဦးစီးဌာန (ရန်ကုန်) ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား ရန်ကုန် ၊ ဖေဖော်ဝါရီလ (၁၄)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန (ရန်ကုန်)ရှိဝန်ထမ်းများ တွေ့ဆုံအမှာစကားပြောကြားခြင်း အခမ်းအနားကို ယနေ့ နေ့လယ် (၂)နာရီအချိန်တွင် တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ပြည်ထောင်စုခန်းမ၌ကျင်းပပြုလုပ်ရာ အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဌာနခွဲအလိုက် အရာထမ်း၊ အမှုထမ်းများ၊ အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေး ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမ များနှင့် အားကစားနည်း အလိုက်တာဝန်ခံများ၊ စုစုပေါင်း (၂၃၉) ဦး တက်ရောက်ခဲ့ပါသည်။ ဦးစွာအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦး က လမ်းညွှန် […]
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ကာယပညာနှင့် အားကစားနည်းပြ(မွမ်းမံ) သင်တန်းအမှတ်စဉ်(၂)မှ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံသည့်သတင်း

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံ ဂျူဒိုအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ကာယပညာနှင့် အားကစားနည်းပြ(မွမ်းမံ) သင်တန်းအမှတ်စဉ်(၂)မှ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံသည့်သတင်း
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ ခုနှစ် ဂျူဒိုအားကစားနည်း ပထမအကြိမ် လူရွေးချယ် လက်ရည်စမ်းပြိုင်ပွဲသို့ တက်ရောက်သည့်သတင်း

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ ခုနှစ် ဂျူဒိုအားကစားနည်း ပထမအကြိမ် လူရွေးချယ် လက်ရည်စမ်းပြိုင်ပွဲသို့ တက်ရောက်သည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယ ဝန်ကြီး ဦးထိန်လင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံနှင့်အဖွဲ့အား နေပြည်တော်၊ ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။ ဦးစွာ ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံက မြန်မာနိုင်ငံ E-Sports အားကစားနည်း တိုးတက်ဖွံ့ဖြိုး စေရန်၊ လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် E-Sports အားကစားနည်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သည့် အားကစားသမားများ မွေးထုတ် ပေးနိုင်စေရန်အတွက် ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်တွင် […]
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ အားလက်ခံတွေ့ဆုံသည့်သတင်း

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ အားလက်ခံတွေ့ဆုံသည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်း ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ ဝန်ထမ်းများ ဥပဒေဆိုင်ရာအသိပညာဗဟုသုတများတိုးပွားပြီး ဥပဒေရေးရာ စည်းမျဉ်း/ စည်းကမ်းများကို ပိုမိုသိရှိနားလည်နိုင်စေရန်နှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက အဖွင့်အမှာ စကားပြောကြားရာတွင် ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်သည့် အရာတစ်ခုဖြစ် သည့်အပြင် မိမိတို့နိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံသားများ၊ ပြည်သူများ မဖြစ်မနေ သိရှိလိုက်နာ စောင့်ထိန်းကြရမည့် သတ်မှတ်ပြဌာန်းချက်တစ်ရပ်လည်းဖြစ်သည့်အတွက် […]
ဒုတိယဝန်ကြီး ဦးဇင်မင်းထက် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အခြေခံပညာ အထက်ကျောင်း(ခွဲ) ဇီးဖြူပင်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်သည့်သတင်း

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အခြေခံပညာ အထက်ကျောင်း(ခွဲ) ဇီးဖြူပင်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်သည့်သတင်း
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ တို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဇီးဖြူပင် ကျောင်း၌ ကျင်းပခဲ့သည်။ ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဇီးဖြူပင်ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့အခမ်းအနားအား ကျင်းပရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ်သည် အဓိကကျကြောင်း၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် […]