အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အဌမအကြိမ် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ အသင်းဝင်များစုံညီတွေ့ဆုံပွဲ အခမ်းအနားကျင်းပ

Loading

အဌမအကြိမ် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ အသင်းဝင်များစုံညီတွေ့ဆုံပွဲ အခမ်းအနားကျင်းပ ရန်ကုန် ၊ ဖေဖော်ဝါရီလ (၂)ရက် အဌမအကြိမ် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း၏ အသင်းဝင်များစုံညီ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင် နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ၊ အားကစားနှင့်ကာယပညာ (သိပ္ပံ)ရန်ကုန် ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦး ၊ရန်ကုန်‌တိုင်း‌ ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မင်းသန်း နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှ ဥက္ကဌ ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးများ ၊ မြန်မာ့အားကစား လက်ရွေးစင် ဟောင်းများအသင်း ဥက္ကဌ ၊ မြန်မာ့ဘောလုံးလက်‌ရွေးစင်ဟောင်း ဝဏ္ဏ‌ကျော်ထင် ဦးအေးမောင်ကြီး ၊ ဒုတိယဥက္ကဌများ၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၅ ခုနှစ်(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၅ ခုနှစ်(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက် နေပြည်တော်၊ ဖေဖော်ဝါရီ ၂ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ယဉ်ကျေးမှုအဖွဲ့များ ကြိုဆို နေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဖျော်ဖြေရေးအကအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျင်းပမည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)သို့ တည်းခိုနေထိုင်ရန် ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိလာကြသည့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် […]

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်သည့်သတင်း

Loading

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်သည့်သတင်း

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

Loading

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၃၁ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီ တို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် NayPyiTaw State Academy ၌ ကျင်းပခဲ့သည်။ ဦးစွာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME) စီးပွားရေးလုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှသာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးနိုင်ပြီး နိုင်ငံ့စီးပွားလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် (MSME) စီးပွားရေးလုပ်ငန်းရှင်များကို အားပေးချီးမြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်များကို […]

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

Loading

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ နေပြည်တော်၊ ဇန်နဝါရီ ၃၁ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံရှိ မြို့(၃)မြို့၌ ကျင်းပ သွားမည်ဟုသိရှိရပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အားကစားနည်း(၅၀)မျိုးတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း (၂၇)နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ အားကစားသမားများ လေ့ကျင့်မည့်ရက်၊ လေ့ကျင့်ရေးပစ္စည်းလိုအပ်ချက်၊ အားကစားအဖွဲ့ချုပ်အလိုက် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ ဝန်ကြီးဌာနအနေဖြင့် စခန်းသွင်းလေ့ကျင့်မည့် အားကစားသမားများအတွက် နေထိုင်စားသောက်မှု၊ […]

အားကစားနှင့်လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး

Loading

အားကစားနှင့်လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေး နေပြည်တော်၊ ဇန်နဝါရီ ၂၈ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ ရောက်ရှိနေသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ အားကစားနှင့်လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးအစီအစဉ်ဖြင့် လူငယ်မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ အားကစားကွင်းများတွင် ဆိုလာစနစ်သုံး မီးတိုင်များ တပ်ဆင်ပေးနိုင်ရေး ဆောင်ရွက်ပေးမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် တိုင်းဒေသကြီး ကိုယ်စားပြု မျိုးဆက်သစ်အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရေးအတွက် တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တာဝန် ရှိသူများလိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမနှင့် အားကစားကွင်းအားလည်းကောင်း၊ ရွှေဝယ်သီရိရင်ပြင်ရှိ ဖူဆယ်အားကစားခန်းမနှင့် ရွှေဝယ်သီရိ အားကစားခန်းမတို့အားလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ရွှေဝယ်သီရိအားကစားခန်းမတွင် လေ့ကျင့်လျက်ရှိသည့် ဘော်လီဘောမျိုးဆက်သစ် အားကစားသမားများအား […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြိတ်ခရိုင်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား ကြည့်ရှုစစ်ဆေးသည့် သတင်း

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြိတ်ခရိုင်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများအား ကြည့်ရှုစစ်ဆေးသည့် သတင်း

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြိတ်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မြိတ်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဇန်နဝါရီ ၂၇ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်တို့နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ မွန်းလွဲပိုင်းတွင် မြိတ်ခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြိတ်ခရိုင် အားကစားခန်းမအား စစ်ဆေးခဲ့ပြီး လက်ဝှေ့အားကစားနည်း စဉ်ဆက်မပြတ်စေရေးအတွက် လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် လက်ဝှေ့သင်တန်းအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်ပြီး အားကစားသမားများအသုံးပြုလျက်ရှိသည့် (အမျိုးသား/ အမျိုးသမီး) အဝတ်လဲခန်းအား ပြန်လည်ပြုပြင်ဆောင်ရွက် ပေးသွားရန်မှာကြားခဲ့ပြီး (အမျိုးသား/အမျိုးသမီး) ကာယဗလ အားကစားရုံ၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း၊ မြိတ်ခရိုင် မြို့မအားကစားကွင်းနှင့် တင်နစ်အားကစားကွင်းတို့အားလည်း‌ကောင်း၊ အားကစားကွင်းအတွင်း ကျောင်းသား/ကျောင်းသူများ၏ ပြေးခုန်ပစ် လေ့ကျင့်နေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီးနောက် ပြေးခုန်ပစ်အားကစားနည်း တိုးတက်ပြန့်ပွား‌‌ စေရန် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပ ရန်ကုန် ၊ ဇန်နဝါရီလ (၂၇)ရက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ အသက်မွေးဝမ်းကျောင်းပညာတက်ရာက်မည့်လူငယ်များနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန […]

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း

Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း