အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက် နေပြည်တော်၊ အောက်တိုဘာ (၂၀)။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး ဒေသအသီးသီးရှိ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ(၃:၀၀)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးစိုင်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကိုလှိုင်၊ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ လေ့လာရေးခရီးစဉ်ဆောင်ရွက်ခြင်းအခမ်းအနား တက်ရောက်

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများ လေ့လာရေးခရီးစဉ်ဆောင်ရွက်ခြင်းအခမ်းအနား တက်ရောက် နေပြည်တော်၊ အောက်တိုဘာ(၂၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် လူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိက တာဝန်ယူဆောင်ရွက်လျက်ရှိရာ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ သိပ္ပံနည်းပညာ၊ လူမှုရေးစသည့် လူငယ်ကဏ္ဍများတွင် ပိုမိုဖြည့်ဆည်းမြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အ.ထ.က(၅)နေပြည်တော်၊ အ.ထ.က(၆)နေပြည်တော်၊ အ.ထ.က(၁၁)နေပြည်တော်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ ယနေ့နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ လေ့လာရေးခရီးစဉ်အား စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနအနေဖြင့် ရည်မှန်းချက်၊ မူဝါဒနှင့်လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ လူငယ်ရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် လူငယ်ဆိုင်ရာကဏ္ဍ(၁၆)ရပ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာဟောပြောပွဲများကို […]

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂၁)။ မြန်မာ့ဘောလုံးအားကစားလောက အဆင့်အတန်းဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ကွင်းအမှတ်(၁)နှင့်(၃)တို့၌ ယနေ့ နံနက်(၇)နာရီနှင့် ညနေ(၃)နာရီခွဲအချိန်တို့ တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်စိုးမိုးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ ယနေ့ ပထမအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက်(၇)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ကွင်းအမှတ်(၃)၌ မကွေးတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မကွေးတိုင်းဒေသကြီးအသင်းမှ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ အားကစားကွင်း/ အားကစားရုံများအား လိုက်လံစစ်ဆေးပြီး ဘတ်စကတ်ဘောပြိုင်ပွဲအား ကြည့်ရှုအားပေးသည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ အားကစားကွင်း/ အားကစားရုံများအား လိုက်လံစစ်ဆေးပြီး ဘတ်စကတ်ဘောပြိုင်ပွဲအား ကြည့်ရှုအားပေးသည့်သတင်း

နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းသို့ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ(ဟောင်း)၊ မြန်မာ့လက်ရွေးစင် ရေကူးအားကစားသမားဟောင်း ဦးနန္ဒကျော်စွာနှင့်အဖွဲ့လာရောက်လေ့လာ

Loading

နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ရှိ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ(ဟောင်း)၊ မြန်မာ့လက်ရွေးစင် ရေကူးအားကစားသမားဟောင်း ဦးနန္ဒကျော်စွာနှင့်အဖွဲ့လာရောက်လေ့လာ နေပြည်တော်၊ အောက်တိုဘာ(၁၉)။ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ ယနေ့မွန်းလွဲ (၁:၃၀)နာရီအချိန်တွင် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းကြီးများဖြစ်ကြသော ဦးနန္ဒကျော်စွာ၊ ဦးမြင့်အောင်နှင့် ဒေါ်ချိုချိုတင်တို့ လာရောက် လေ့လာကြည့်ရှုခဲ့ကြပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ(ဟောင်း)၊ မြန်မာ့လက်ရွေးစင်ရေကူးအားကစားသမားဟောင်း ဦးနန္ဒကျော်စွာနှင့်အဖွဲ့သည် မြန်မာ့အားစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများ ပြခန်းအားလည်းကောင်း၊ မြန်မာ့ အားကစားမော်ကွန်းခန်းမအတွင်း မှတ်တမ်းတင်ထားရှိထားသော နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်တုများအား လေ့လာကြည့်ရှုနေစဉ် လူထုအားကစားနှင့်ပညာပေးဌာနခွဲမှ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးဌေးအောင်မှ လိုက်လံရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင်ရေကူးအားကစားသမားများ၏ ပဏာမလူရွေးချယ်ပွဲ လာရောက်ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဏာမလက်ရွေးစင်ရေကူးအားကစားသမားများ၏ ပဏာမလူရွေးချယ်ပွဲ လာရောက်ကြည့်ရှုအားပေး နေပြည်တော်၊ အောက်တိုဘာ(၁၉)။ ၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပဏာမလက်ရွေးစင် ရေကူးအားကစားသမားများ၏ ပဏာမလူရွေးချယ်ပွဲကို ယနေ့နံနက်(၉:၀၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ရေကူးကန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ရေကူးအားကစားသမားများအား ပဏာမရွေးချယ်ပွဲသို့ ပြည်နယ်နှင့်တိုင်းဒေသကြီးများနှင့် အားကစားနှင့်ကာယပညာသိပ္ပံများမှ ရေကူးအားကစားသမား(၁၇)ဦးသည် (ကျား၊မ) မီတာ(၅၀) ပက်လက်ကူး၊ ရင်ဘောင်တန်းကူး၊ အလွတ်ကူး၊ (ကျား၊မ)မီတာ(၁၀၀)နှင့် မီတာ(၅၀) လိပ်ပြာကူး၊ (မ)မီတာ(၁၀၀)အလွတ်ကူးနှင့် ပက်လက်ကူး၊ (ကျား၊မ)မီတာ(၂၀၀) တစ်ဦးချင်း (၄)မျိုးကူး အမျိုးအစား(၈)မျိုးတို့တွင် အသီးသီးဝင်ရောက်ရွေးချယ်ခံခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် […]

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-16(အမျိုးသား) ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-16(အမျိုးသား) ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၈)။ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-16(အမျိုးသား)ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် လူတွေ့စစ်ဆေးခြင်း၊ ပွဲစဉ်ဇယားရေးဆွဲခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။ ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ ကျန်းမာကြံ့ခိုင်သော လူငယ်/လူရွယ်များပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ မျိုးဆက်သစ် လူငယ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ထူးချွန်ထက်မြက်သော ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ယခုပြိုင်ပွဲအား ကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ ဘတ်စကက်ဘောပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ ရန်ကုန်မြို့ရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး၍ ဘတ်စကက်ဘောပြိုင်ပွဲအား သွားရောက်ကြည့်ရှုအားပေး ရန်ကုန်၊ အောက်တိုဘာလ(၁၈)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၈)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းအဆင့်မြှင့်တင် တည်ဆောက်နိုင်မည့် အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဦးစွာ အစည်းအဝေးခန်းမတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်း/အားကစားရုံဌာနခွဲ ညွှန်ကြားရေးမှူးဦးမင်းမင်းထွန်းမှ အောင်ဆန်းအားကစားပြိုင်ဝင်း၏ သမိုင်းအကျဉ်း၊ တည်နေရာ၊ လက်ရှိပွဲကြည့်စင်ပရိတ်သတ်ဝင်ဆံ့မှုအခြေအနေ၊ အဆောက်အဦးများ ပျက်စီးမှုအခြေအနေနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား Powerpointဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီးနောက် အောင်ဆန်းအားကစားပြိုင်ဝင်းအတွင်းရှိ အရှေ့ဘက်ပွဲကြည့်စင်၊ တောင်ဘက်ပွဲကြည့်စင်၊ အနောက်ဘက်ပွဲကြည့်စင်၊ မြောက်ဘက်ပွဲကြည့်စင်များရှိ ပျက်စီးနေသောအဆောက်အဦးအနေအထားများ၊ ခြံစည်းရိုးများ၊ ဘောလုံးကွင်းနှင့် ကွင်းပတ်လည်ရှိ ရေစီးရေလာကောင်းမွန်ရန် ကိစ္စရပ်များ၊ ဘော်လီဘောလေ့ကျင့်ရုံအတွင်းရှိ လူဦးရေဝင်ဆံ့နိုင်မှု အနေအထားများ၊ ပြင်ဆင်ရန်လိုအပ်သည့် အနေအထားများအား ကြည့်ရှုစစ်ဆေးလမ်းညွှန်မှာကြားခဲ့ပါသည်။ […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည့်သတင်း နေပြည်တော်၊ အောက်တိုဘာလ(၁၇)ရက်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ခရီးစဉ်၌ လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။ ဦးစွာ အားကစားကွင်း ရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစိုးလွင်တို့က ဇွဲကပင် အားကစားကွင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများနှင့် […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနက လူငယ်ပရဟိတဂေဟာများမှ လူငယ်များ လေ့လာရေးအစီအစဉ် ဆောင်ရွက်ခြင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနက လူငယ်ပရဟိတဂေဟာများမှ လူငယ်များ လေ့လာရေးအစီအစဉ် ဆောင်ရွက်ခြင်း နေပြည်တော်၊ အောက်တိုဘာ(၁၆)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနသည် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကဗဟိုချက်ဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို လူငယ်များ သိရှိနားလည်စေရန်အတွက် လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်နေသည့် နေပြည်တော်ကောင်စီနယ်မြေရှိ ကျောင်းစုနှင့်အေးမေတ္တာစံ လူငယ်ပရဟိတဂေဟာများမှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ ယမန်နေ့နံနက်(၈)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဒုတိယအကြိမ် လေ့လာရေးခရီးစဉ် ဆောင်ရွက်သည့်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုလေ့လာရေးခရီးစဉ်တွင် အားကစားလေ့လာရေးအစီအစဉ်များသာမက မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများ မတိမ်ကော မပပျောက်စေရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ” ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ” များကိုပါ သွားရောက်လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် လူငယ်ဆိုင်ရာကဏ္ဍ(၁၆)ရပ်တွင် စာပေအနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍများလည်းပါရှိသဖြင့် […]