နည်းပြ(နည်းစနစ်)၊ စာရင်းကိုင်(၂)နှင့်ဒု-ကြီးကြပ်ရေးမှူး(ထိန်းသိမ်းရေး)ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် ရေးဖြေစာမေးပွဲကျင်းပ
![]()
နည်းပြ(နည်းစနစ်)၊ စာရင်းကိုင်(၂)နှင့်ဒု-ကြီးကြပ်ရေးမှူး(ထိန်းသိမ်းရေး)ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် ရေးဖြေစာမေးပွဲကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂၃)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဌာနခွဲများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လစ်လပ်လျက်ရှိသော နည်းပြ(နည်းစနစ်)၊ စာရင်းကိုင်(၂)နှင့် ဒု-ကြီးကြပ်ရေးမှူး(ထိန်းသိမ်းရေး)ရာထူးနေရာများသို့ တိုးမြှင့်ခန့်ထားနိုင်ရန်အတွက် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူ စုစုပေါင်း(၈၉)ဦးအား ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲ အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါ ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်သူများကို (၂၄.၁၀.၂၀၂၃)ရက်နေ့ နံနက်(၇)နာရီတွင် လေ့ကျင့်ရေးကွင်း(၁)တွင် ကြံ့ခိုင်စွမ်းရည်နှင့်အဓိကအားကစားနည်းအား ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရေကူးဒိုင် မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်သည့် သတင်း
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရေကူးဒိုင် မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်သည့်သတင်း
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၃ ခုနှစ် ၊ အသက် (၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်သည့်သတင်း
![]()
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၃ ခုနှစ် ၊ အသက် (၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်သည့်သတင်း
ရေကူးဒိုင်မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် ၂၀၂၃ ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ
![]()
ရေကူးဒိုင်မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် ၂၀၂၃ ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၂၀)။ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရေကူးအားကစားနည်းစဉ်ဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေး၊ မိမိနိုင်ငံအတွင်းမှ လူငယ်များရေကူးအားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရေးနှင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရေကူးအားကစားသမားများ စဉ်ဆက်မပြတ်ထွက်ပေါ်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ရေကူးဒိုင်မွမ်းမံသင်တန်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားရာတွင် ရေကူးအားကစားနည်းသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့်အားကစားနည်းတစ်ခုဖြစ်သည့်အပြင် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အားကစားသမားတစ်ဦးတည်းဖြင့် ဆုတံဆိပ်များစွာရယူပေးနိုင်သည့် အားကစားနည်းတစ်ခုလည်းဖြစ်သည့်အတွက် အရည်အချင်းရှိသည့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် […]
၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ
![]()
၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၉)။ ပြေးခုန်ပစ်အားကစားနည်း အဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီးပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး) ကြိုးတပ်သံလုံးပစ်၊ (အမျိုးသား)(၁၀မျိုးစုံ) (အမျိုးသမီး)(၇မျိုးစုံ)ပြိုင်ပွဲ (အမျိုးသမီး) ကီလိုမီတာ(၂၀)လမ်းလျှောက်၊ (အမျိုးသား/အမျိုးသမီး) မီတာ (၁၀၀၀၀)၊ (အမျိုးသား/အမျိုးသမီး)သံလုံးပစ်၊ (အမျိုးသား) တုတ်ထောက်ခုန်၊ (အမျိုးသား/ အမျိုးသမီး) မီတာ (၄၀၀x၄) လက်ဆင့်ကမ်း၊ (အမျိုးသား/ အမျိုးသမီး) မီတာ၂၀၀၊ (အမျိုးသမီး)တန်းမြင့်ခုန်၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၂၀၂၃ခုနှစ် အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ကြည့်ရှုအားပေး ဆုချီးမြှင့်
![]()
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ၂၀၂၃ခုနှစ် အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ ကြည့်ရှုအားပေး ဆုချီးမြှင့် နေပြည်တော်၊ အောက်တိုဘာ(၁၈)။ ပြေးခုန်ပစ်အားကစားနည်းအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီးပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား)ကီလိုမီတာ၂၀လမ်းလျှောက်၊ (အမျိုးသမီး) ကြိုးတပ်သံလုံးပစ်၊ (အမျိုးသား)(၁၀မျိုးစုံ-၆) မီတာ(၁၁၀)တန်းကျော်ပြေး၊ (အမျိုးသမီး)(၇မျိုးစုံ-၁) မီတာ(၁၀၀)တန်းကျော်ပြေး၊ (အမျိုးသား/အမျိုးသမီး) မီတာ၂၀၀၊ (အမျိုးသမီး)(၇မျိုးစုံ-၂) […]
၂၀၂၄ ခုနှစ်၊ (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
![]()
၂၀၂၄ ခုနှစ်၊ (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၇)။ ၂၀၂၄ ခုနှစ် (၇၆)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းများ အဆင့်မီပြီး အောင်မြင်မှုများရရှိစေရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတွင် တင်ပြဆွေးနွေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သည့်အစည်းအဝေးကို ယနေ့မွန်းလွဲ (၁)နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၃၁)၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းအစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲများတွင် အားကစားနည်းများအားလုံးပါဝင်ယှဉ်ပြိုင်ပြီး ယခင်နှစ်များအတိုင်းအောင်မြင်မှုများရရှိစေရန်အတွက် အားကစားသမားများကို ယခုကတည်းက စနစ်တကျ ရွေးချယ်စုစည်းပြီး စခန်းသွင်းလေ့ကျင့်ပေးသွားရန်လိုကြောင်း၊ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိအကြီးကဲများထံ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် ဘောလုံး(ကျား/မ)၊ […]
၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ စတင်ကျင်းပ
![]()
၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ စတင်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၁၇)။ ပြေးခုန်ပစ်အားကစားနည်းအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီးပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၇)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံး အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသား/အမျိုးသမီး)သံပြားဝိုင်းပစ်၊ (အမျိုးသား ၁၀မျိုးစုံ-၁) မီတာ-၁၀၀၊ (အမျိုးသမီး) မီတာ ၁၀၀၀၀၊ (အမျိုးသား ၁၀မျိုးစုံ-၂)အလျားခုန်၊ (အမျိုးသား) မီတာ-၁၀၀၀၀၊ (အမျိုးသမီး) တုတ်ထောက်ခုန်၊ (အမျိုးသား ၁၀မျိုးစုံ-၃) သံလုံးပစ်၊ (အမျိုးသား) သံပြားဝိုင်းပစ်၊ (အမျိုးသား/အမျိုးသမီး)မီတာ-၄၀၀၊ (အမျိုးသား ၁၀မျိုးစုံ-၄)တန်းမြင့်ခုန်၊ (အမျိုးသား) မီတာ-၁၁၀ […]
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓါတ်ပုံပြိုင်ပွဲ ကျင်းပမည်
![]()
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓါတ်ပုံပြိုင်ပွဲ ကျင်းပမည်
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည့်သတင်း
![]()
အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ သွေးစည်းညီညွတ်ရေးအစီအစဉ်အရ ဖွင့်လှစ်သည့် ပြေးခုန်ပစ်နည်းပြသင်တန်း အဆင့်(၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပသည့်သတင်း