အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

၂၀၂၃ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

Loading

၂၀၂၃ ခုနှစ် ၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ ရန်ကုန်၊ သြဂုတ်လ (၂၁)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ်၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုနည်းပြနှင့် ဒိုင်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ် ဥက္ကဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဌများ၊ အမှုဆောင်များ၊ သင်တန်းနည်းပြ ဆရာများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သင်တန်းသူများ တက်ရောက်ကြပါသည်။ အစီအစဉ်အရ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တက်ရောက်လာသော သင်တန်းသူများမှ အဖွဲ့လိုက် ဂါရဝပြုမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းဖွင့်လှစ်ရခြင်းသည် လူတစ်ဦး တစ်ယောက် ကစားခြင်းမှ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မြစ်စီးအားကစားကွင်း၌ ကျင်းပသည့် (၅၀ ကီလိုမီတာ ခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေးသည့်သတင်း

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မြစ်စီးအားကစားကွင်း၌ ကျင်းပသည့် (၅၀ ကီလိုမီတာ ခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေးသည့်သတင်း

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၅၀ ကီလိုမီတာ ခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲအား တက်ရောက်ကြည့်ရှုအားပေး

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၅၀ ကီလိုမီတာ ခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲအား တက်ရောက်ကြည့်ရှုအားပေး နေပြည်တော်၊ ဩဂုတ်လ(၂၀)ရက်။ အိုလံပစ်အားကစားနည်းတစ်ခုဖြစ်သည့် မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်၍  နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေး မြင်းစီးအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ၂၀၂၅ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ ကြီမှူးကျင်းပသည့် FEI One Star Endurance Qualification Round 1 (၅၀ ကီလိုမီတာခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲကို ယနေ့ နံနက်(၆)နာရီတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မြင်းစီးအားကစားကွင်း၌ ကျင်းပခဲ့သည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၅၀ ကီလိုမီတာခရီးရှည်ပြိုင်ပွဲ) အရည်အချင်းစစ် မြင်းစီးပြိုင်ပွဲအား တာလွတ်၍ စတင်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် […]

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာလက်ခံကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ တောင်ကြီးမြို့၊ ဩဂုတ်လ(၁၉)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်/ မျှော်မှန်းချက်များအတိုင်း အားကစားကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် အားကစားဆိုင်ရာဗဟုသုတများ ဘက်ပေါင်းစုံ တိုးတက်စေရေးကိုရည်ရွယ်ပြီး ” အားကစားမြှင့် တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့်အားကစားဆောင်ပုဒ်နှင့်အညီ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ ဦးအေးလှိုင် ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)၊ ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး ၊ […]

မြန်မာနိင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် Country Club တို့ စုပေါင်းလှုပ်ရှားအားကစားပြုလုပ်ခြင်းအခမ်းအနားကျင်းပ

Loading

မြန်မာနိင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် Country Club တို့ စုပေါင်းလှုပ်ရှားအားကစားပြုလုပ်ခြင်းအခမ်းအနားကျင်းပ ရန်ကုန် သြဂုတ်(၁၉)။ မြန်မာနိင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် Country Club တို့ စုပေါင်းလှုပ်ရှားအားကစားပြုလုပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၇)နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ရှိ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်လေ့ကျင့်ရေးခန်းမတွင် ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ချိုချိုလွင်၊ ဒေါ်ရီရီဝင်း၊ဒေါ်အေးအေးညွှန့်၊ ဒေါ်ခင်ညို၊ အထွေထွေအတွင်းရေးမှူး ဒေါ်အေးအေးရွှေနှင့် အလုပ်အမှုဆောင်များ၊ အသင်းကလပ်မှကစားသမားများတက်ရောက်ကြသည်။ ဦးစွာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြာပြီး Lighting နှင့် ပန်ကာများအတွက် Main Sponsor ဖြစ်လှူဒါန်းပေးသော ဦးမျိုးထိန်ဝင်းနှင့် ဒေါ်မီမီဆွေ (မြန်မာ့ရတနာစိန်ရွှေရတနာဆိုင်)တို့အား ဒုတိယဥက္ကဋ္ဌများက ဂုဏ်ပြုမှတ်တမ်းလွှာအားပေးအပ်ခဲ့သည်။ ဆက်လက်၍ Club အသီးသီးမှ စုစုပေါင်းလူဦးရေ(၁၂၀)ဦးခန့်က Fit GYM ၏ Yoga Instructor ဖြင့်(၁၅)မိနစ် […]

၂၀၂၃ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲကျင်းပ

Loading

၂၀၂၃ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲကျင်းပ နေပြည်တော်၊ ဩဂုတ်(၁၈)။ ၂၀၂၃ ခုနှစ်၊ အာဆီယံနေ့အထိမ်းအမှတ်ပြေးခုန်ပစ်အားကစားပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပခဲ့သည်။ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀)၊  မီတာ(၄၀၀)၊ မီတာ(၈၀၀) အပြေးပြိုင်ပွဲများ၊ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀x၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲနှင့် အမျိုးသား/ အမျိုးသမီး (Mix) မီတာ(၁၀၀x၄) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် အာဆီယံနေ့အထိမ်းအမှတ်နှင့်ပတ်သက်သည့် ဗဟုသုတ ဉာဏ်စမ်းအမေးအဖြေမေးခွန်း မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး မီတာ(၈၀၀) အပြေးပြိုင်ပွဲ တွင် ပထမဆုရရှိသည့် မကိမ်ရှန်းဒိတ်ဆာန်၊ ဒုတိယဆုရရှိသည့် မချယ်ဇင်ဝင်းနှင့် တတိယဆုရရှိသည့် မသင်းသင်းခိုင်တို့ကို အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းချိုကလည်းကောင်း၊ အမျိုးသား မီတာ(၈၀၀)အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် […]

အခြေခံရေကူးသင်တန်းအမှတ်စဥ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ ကျင်းပ

Loading

အခြေခံရေကူးသင်တန်းအမှတ်စဥ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ ကျင်းပ တောင်ကြီး၊ သြဂုတ်-၁၇။ ၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ဦးဆောင်လမ်းညွှန်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သည့်အခြေခံရေကူးသင်တန်းအမှတ်စဥ်(၁/၂၀၂၃) သင်တန်းဆင်းပွဲကိုသြဂုတ်(၁၇)ရက်မွန်းလွဲ(၂)နာရီကအား/ကာသိပ္ပံ (တောင်ကြီး) ရေကူးကန်၌ကျင်းပသည်။ သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကသင်တန်းကိုဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ ကျောင်းသား၊ကျောင်းသူ လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးပြုတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီးအရည်သွေးမြှင့်မားသည်အားကစားမောင်မယ်များပေါ်ထွက်လာစေရန်၊ ရေကူးအားကစားနည်းမှထူးချွန်ထက်မြတ်သည့်မျိုးဆက် သစ်ရေကူးအားကစားသမားများပေါ်ထွက်လာစေရန်နှင့်အရေးကြုံကသက်လုံကောင်းစေရန်ရည်ရွယ်၍ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင်ကျား(၂၁)ဦး၊ မ(၁၇)ဦး၊ စုစုပေါင်းသင်တန်းသားသင်တန်းသူ(၃၈)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် လူငယ်၊လူရွယ်များ အချိန်ကို အကျိုးရှိရှိအသုံးချပြီး ငယ်ရွယ်နုပျိုစဥ်တစ်ကိုယ်ရေကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားကို လေ့လာလိုက်စားစေရန်အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ပြည်နယ်အတွက်အားထားရသည့် ရေကူးအားကစားသမားများ ပေါ်ထွက်လာရန်မျှော်လင့်မိပါကြောင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းနည်းပြများဂုဏ်ပြုခြင်း၊ သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းသား၊ သင်တန်းသူများမှ ထူးချွန်ဆု(၂)ဆုတို့ကို ရှမ်းပြည်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်မှ ချီးမြှင့်ပေးပြီးရေကူးနည်းပြဆရာမှ ရေကူးနည်း(၄)မျိုးဖြစ်သည့် လိပ်ပြာကူး၊ ပက်လက်ကူး၊ ရင်မောင်တန်းကူး၊ အလွတ်ကူး (ခေါ်) လက်ပစ်ကူးခြင်းတို့ကို သရုပ်ပြကူခတ်ခဲ့ပြီး သင်တန်းသား၊သင်တန်းသူများမှလည်း သရုပ်ပြကူးခတ်ခဲ့ကြပါသည်။ […]

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ကောင်စီ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းသို့ တက်ရောက်သည့်သတင်း

Loading

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် ကောင်စီ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းသို့ တက်ရောက်သည့်သတင်း

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းတက်ရောက်

Loading

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်စကားဝိုင်းတက်ရောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် နေပြည်တော်လူငယ်ရေးရာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော် ကောင်စီလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များ၊ Naypyitaw State Academyမှ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများတက်ရောက်ကြသည်။ ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်အယူအဆ အသိအမြင်မှန်ကန်စေရေး၊ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရေးစသည့် လုပ်ငန်းစဉ်များကို […]

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကာယပညာနှင့်အားကစားအခြေခံ နည်းပြသင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည့်သတင်း

Loading

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကာယပညာနှင့်အားကစားအခြေခံ နည်းပြသင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားသည့်သတင်း