၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကြည့်ရှုအားပေး

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကြည့်ရှုအားပေး နေပြည်တော်၊ အောက်တိုဘာ(၉)။ လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၄၉)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ ဆက်လက်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝိတ်တန်းအလုက် အမျိုးသား (၄၈၊ ၅၁၊ ၅၇၊ ၆၃.၅၊ ၇၁၊ ၈၀) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ် (၆)ပွဲနှင့် အမျိုးသမီး (၅၇၊ ၆၃) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ် (၂)ပွဲ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုးသား (၄၈) […]
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်၍ ပြန်လည်ရောက်ရှိ

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်၍ ပြန်လည်ရောက်ရှိ ဟန်ကျိုး၊ အောက်တိုဘာလ(၈)ရက်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညဒေသစံတော်ချိန် ည( ၈ )နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့ရှိ အိုလံပစ်အားကစားကွင်း (Hangzhou Olympic Center)၌ ကျင်းပခဲ့သည်။ ပိတ်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံမှ အနုပညာရှင်များက ရိုးရာတေးသီချင်းများ ကပြဖျော်ဖြေခဲ့၍ ပြိုင်ပွဲဝင်နိုင်ငံ အားကစားအဖွဲ့ဝင်များက ကွင်းအတွင်း မှ ကပြဖျော်ဖြေသူများနှင့်အတူ ပါဝင်ဆင်နွဲခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အိုလံပစ်ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် အာရှအိုလံပစ်ကောင်စီခေတ္တဥက္ကဌက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အာရှအားကစားပြိုင်ပွဲ အထိမ်းအမှတ်အလံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအိုလံပစ်ကောင်စီမှတာဝန်ရှိသူတစ်ဦးက ဂျပန်နိုင်ငံ […]
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာ (၈)ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာ (၈)ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသည့်သတင်း

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပသည့်သတင်း
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည် ရောက်ရှိလာသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့အား ကြိုဆို

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည် ရောက်ရှိလာသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့အား ကြိုဆို
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား ကြိုဆိုမိတ်ဆက်လ္ဘက်ရည်ပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်/နည်းပြများနှင့် အားကစားသမားများအား ကြိုဆိုမိတ်ဆက်လ္ဘက်ရည်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၈)။ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဒိုင်လူကြီးများအား ကြိုဆိုမိတ်ဆက်လ္ဘက်ရည်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၃)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Gold Medal Hall ၌ ကျင်းပခဲ့သည်။ ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယကကြီး ဦးစိုးတင့်က ကြိုဆိုမိတ်ဆက်စကားပြောကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများစွာ ပေါ်ထွက်လာစေရန်အတွက် ယခုလို ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပြီး မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို […]
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပ

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၈)။ လက်ဝှေ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် လက်ဝှေ့ အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ (၄၉)ကြိမ်မြောက် ပြည်နယ်နှင့် တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး)လက်ဝှေ့ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံ၌ ဆက်လက်ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ဝိတ်တန်းအလိုက် အမျိုးသား(၅၄၊၆၀၊၆၇၊၇၅)ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၄)ပွဲနှင့် အမျိုးသမီး(၄၆၊၄၈၊၅၂၊၅၄၊၆၀) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်(၅)ပွဲ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမျိုသား(၅၄)ကီလိုတန်းပြိုင်ပွဲတွင် ခုတ်လျှမ်းတွမ်(ချင်း)နှင့် ဝင်းမြတ်အောင်(တနင်္သာရီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ခုတ်လျှမ်းတွမ်(ချင်း)ကလည်းကောင်း၊ ကိုကိုထွန်း(စစ်ကိုင်း)နှင့် စောလင်းအောင်(ဧရာဝတီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ကိုကိုထွန်း(စစ်ကိုင်း)ကလည်းကောင်း၊ အမျိုးသား(၆၀)ကီလိုတန်းပြိုင်ပွဲတွင် အေးကိုဇင်(ကရင်)နှင့် ရဲမြတ်သူ(ဧရာဝတီ)တို့ယှဉ်ပြိုင်ကစားခဲ့ရာ အေးကိုဇင်(ကရင်)ကလည်းကောင်း၊ ထွန်းလင်း(မန္တလေး)နှင့် ပြည့်ဖြိုးလှိုင်(မကွေး)တို့ယှဉ်ပြိုင်ကစားခဲ့ရာ ထွန်းလင်း(မန္တလေး)ကလည်းကောင်း၊ […]
ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား U-18 အမျိုးသား၊ U-22 အမျိုးသမီး၊ U-25 အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေးအသင်းအမှုဆောင်ဖလား U-18 အမျိုးသား၊ U-22 အမျိုးသမီး၊ U-25 အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ အောက်တိုဘာလ(၈)ရက်။ ရန်ကုန်တိုင်းဒေသကြီး မြန်မာဘော်လီဘောလူမှုရေး အသင်း အမှုဆောင်ဖလား U-18 အမျိုးသား၊ U-22 အမျိုးသမီး၊ U-25 အမျိုးသား ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် ၊ အောင်ဆန်းအားကစားကွင်း မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ် ရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဒုတိယဥက္ကဌ၊ မြန်မာဘော်လီဘော လူမှုရေးအသင်းဥက္ကဌ၊ ဒုတိယဥက္ကဌ ၊ အမှုဆောင်များနှင့်တာဝန်ရှိသူ များ၊ […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ အောက်တိုဘာ(၈)။ ရိုးရာခြင်းလုံးအားကစားနည်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ (Cluster-7) စားရိပ်သာခန်းမ၌ ကျင်းပသည်။ အစည်းအဝေး၌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာ တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ရိုးရားခြင်းလုံးအားကစားသမားများအချင်းချင်း သွေးစည်း ညီညွတ်မှုရှိပြီး ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ခြင်းလုံးအားကစားနည်းကို မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် ထိန်းသိမ်းမြှင့်တင်ပြီး မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်လာစေရေး၊ ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ထူးချွန်ထက်မြက် သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစား ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး […]
မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်ပြည့်အထိမ်းအမှတ် စုံညီအခမ်းအနားကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်ပြည့်အထိမ်းအမှတ် စုံညီအခမ်းအနားကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ ရန်ကုန်၊အောက်တိုဘာလ (၇)။ မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်း (၁၀)နှစ်ပြည့်အထိမ်းအမှတ် စုံညီအခမ်းအနားကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက်( ၁၀:၃၀)မိနစ်အချိန်တွင် အားကစားနှင့် ကာယပညာသိပ္ပံဝင်းအတွင်းရှိ အသင်း၏ အစည်းအဝေးခန်းမ၌ကျင်းပရာ ဥက္ကဌ ဦးစိုးသိန်းနှင့် ဒုတိယဥက္ကဌများ၊အတွင်းရေးမှူးနှင့် ကော်မတီအလိုက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများ စုံစုံညီညီ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ အသင်းဥက္ကဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းဖွဲ့စည်းခဲ့သည်မှာ (၁၀)နှစ်ပြည့်မြောက်ပြီဖြစ်တဲ့အတွက် ကျင်းပမည့်စုံညီအခမ်းအနားကို အားလုံးပျော်ပျော်ရွှင်ရွှင်စည်းစည်းရုံးရုံးဆောင်ရွက်သွားကြဖို့တိုက်တွန်းလိုကြောင်း၊အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊အသင်းကြီးအနေဖြင့် ၂၀၂၄ခုနှစ်ပြက္ခဒိန်ထုတ်ဝေရန်ဆောင်ရွက်နေသည်မှာလည်း အပြီးသတ်အချောထွက်ရှိလာပြီဖြစ်တဲ့အတွက် အထိမ်းအမှတ်လည်းဖြစ် ရန်ပုံငွေလည်း အထိုက်ေလျာက်ပြန်လည်ရရှိမည်ဟု မျှော်လင့်မိပါကြောင်း၊လက်ရှိအသင်း၏ရန်ပုံငွေကိုလည်း သုံးသင့်တာသုံးသလိုတိုးပွားအောင်ဆောင်ရွက်နိုင်မှသာ အသင်းဝင်များ၏သာရေး၊နာရေး၊ ကျန်းမာရေးကိစ္စရပ်များကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အသင်းအတွင်းရေးမှူး ဦးဇော်ဇော်မိုးက (၁၀)နှစ်ပြည့် စုံညီအစည်းအဝေးအတွက် ဆပ်ကော်မတီများဖွဲ့စည်းမှု ၊ တာဝန်ခွဲဝေမှုများကိုရှင်းလင်းပြောကြားမှုအပေါ် တက်ရောက်လာသည့် ကော်မတီအလိုက်မြန်မာ့အားကစားလက်ရွေးစင်ေဟာင်းများက ပြန်လည်ဆွေနွေးပြောကြားခဲ့သည်။ ထို့နောကအွသငွးဥကကြဌ ဦးစိုးသိနွးက နိဂုံးခှုပအွမှာစကားပှောကှားရာတှငနွှဈစဉဆွောငရွှကနွကှေ […]