အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ကမ္ဘာ့ပီတန်းချန်ပီယံရှစ်ပြိုင်ပွဲတွင်ရွှေတစ်ခုရရှိသော မြန်မာပီတန်း အားကစားအဖွဲ့ပြန်လည်ရောက်ရှိ

ရန်ကုန်၊ နိုဝင်ဘာလ(၂၈)ရက်။

ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ် နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ လက်ခံကျင်းပခဲ့သည့် (၁၉)ကြိမ်မြောက်ကမ္ဘာ့ပီတန်းချန်ပီယံရှစ်( WOMEN & JUNIOR PETANQUE WORLD CHAMPIONSHIP – 2023)ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ဆုရ မြန်မာပီတန်းအားကစားအဖွဲ့သည် ယနေ့ ညနေ ၅ နာရီခွဲက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။ မြန်မာအသင်းသည်အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်း Shooting ပြိုင်ပွဲ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခင်ချယ်ရီသက်က Shooting ပြိုင်ပွဲတွင်ရွှေတံဆိပ်ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း (၄၁) နိုင်ငံအနက် မြန်မာအသင်းမှ အမျိုးသမီးတစ်ဦးချင်း Shooting ပြိုင်ပွဲတွင် ခင်ချယ်ရီသက် သည် ဗီယက်နမ်နှင့်ယှဉ်ပြိုင်ကစားရာရမှတ်(၄၂)ဖြင့် ပထမ ရွှေတံဆိပ်ဆုရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးချင်းတွင် ကမ္ဘာ့အဆင့် (၁)ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲသို့အဖွဲ့‌ခေါင်းဆောင် မြန်မာနိုင်ငံပီတန်းအားကစားအဖွဲ့ဥက္ကဌဦးအေးထွန်း၊ နည်းပြ၊ အားကစားသမားလေးဦးတို့အား အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပီတန်းအဖွဲ့ချုပ်မှတာဝန်ရှိသူများ ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ မိဘဆွေမျိုးများကကြိုဆိုခဲ့ကြ‌ကြောင်းသိရသည်။