အာဆီယံနှင့်အာဆီယံအသိုက်အဝန်း တည်ဆောက်မှုအခြေအနေ ရှင်းလင်းမျှဝေခြင်းနှင့် တင်ပြမှုအရည်အချင်း မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ နိုဝင်ဘာလ(၂၈)ရက်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနရှိ ဝန်ထမ်းများအတွက် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ အာဆီယံနှင့် အာဆီယံအသိုက်အဝန်း တည်ဆောက်မှုအခြေအနေ ရှင်းလင်းမျှဝေခြင်းနှင့် တင်ပြမှုအရည်အချင်း မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် လူငယ်ရေးရာဦးစီးဌာနကို စတင်ဖွင့်လှစ်ပြီး (၁)နှစ်ကျော်ကာလအတွင်းမှာ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေးသင်တန်းများကို ယခုကဲ့သို့စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ပေးသွားမည့် သင်တန်းအား မိမိတို့ဌာနရှိဝန်ထမ်းများ၏ စွမ်းဆောင်မှု အရည်အသွေးမြင့်မားလာစေရန်နှင့် လုပ်ငန်းခွင်နှင့် သက်ဆိုင်သည့် ဆောင်ရွက်ချက်များအား အစီရင်ခံတင်ပြရာ၌ အနှစ်ချုပ်၍ စနစ်တကျရှင်းလင်းစွာ တင်ပြတတ်စေရန် ရည်ရွယ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းမှရရှိလာမည့် ဗဟုသုတများအပေါ် အကျိုးရှိရှိပြန်လည် အသုံးချစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲများမှအရာထမ်းများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့မှ (၂၉) ရက်နေ့အထိ ရုံးချိန်အတွင်း သင်တန်းသား/ သင်တန်းသူ (၂၅)ဦးဖြင့် (၂)ရက်တာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


