မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ
![]()
မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာ နေပြည်တော်၊ နိုဝင်ဘာလ(၇)ရက်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile application သင်တန်းသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကိုယ်စားလှယ်(၄)ဦးတို့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Social Zone ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်းအတွင်းရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် မြန်မာ့အားကစားလှုပ်ရှားမှုများပြခန်း၊ မြန်မာ့အားကစား မော်ကွန်းခန်းမအတွင်းရှိ မှတ်တမ်းတင်ထားသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများ၏ ပုံတူရုပ်တုများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ရရှိခဲ့ကြသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲ မှတ်တမ်းဓာတ်ပုံများပြခန်း၊ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ၊ အားကစားရွာနှင့် Social Zone ဖွင့်ပွဲမှတ်တမ်း ဓာတ်ပုံများပြခန်းနှင့် အားကစားပြတိုက် (စိတ်ဓာတ်မြှင့်တင်ရေး ခန်းမ)တို့ကို လာရောက်ကြည့်ရှုလေ့လာခဲ့ပြီး […]
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနား ပြင်ဆင်မည့်နေရာများနှင့် အိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း
![]()
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနား ပြင်ဆင်မည့်နေရာများနှင့် အိပ်ဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးသည့်သတင်း
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး
![]()
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာလ(၇)ရက်။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည့်နေရာများအား ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများနှင့် ဒိုင်/ဂျူရီများတည်းခိုနေထိုင်မည့် အိပ်ဆောင်များ ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးမည့် နေရာထိုင်ခင်းများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အားကစားပွဲတော်ကာလအတွင်း လျှပ်စစ်မီးများ မပြတ်တောက်စေရေးအတွက် အရန်မီးစက်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အားကစားလေ့ကျင့်ရေးစခန်း (Gold […]
ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ ခုနှစ် ၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းလိုက် အားကစားနည်းများအတွက် ပွဲစဉ်ဇယား ကြိုတင်ရေးဆွဲနိုင်ရေး အစည်းအဝေးသို့ တက်ရောက်သည့်သတင်း
![]()
ဒုတိယဝန်ကြီး ဦးထိန်လင်း ၂၀၂၄ ခုနှစ် ၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းလိုက် အားကစားနည်းများအတွက် ပွဲစဉ်ဇယား ကြိုတင်ရေးဆွဲနိုင်ရေး အစည်းအဝေးသို့ တက်ရောက်သည့်သတင်း
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းလိုက်အားကစားနည်းများအတွက် ပွဲစဉ်ဇယားကြိုတင်ရေးဆွဲနိုင်ရေး အစည်းအဝေးကျင်းပ
![]()
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်မည့် အသင်းလိုက်အားကစားနည်းများအတွက် ပွဲစဉ်ဇယားကြိုတင်ရေးဆွဲနိုင်ရေး အစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာ ၆ ။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ၂၃ နည်းမှ အသင်းလိုက်အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ဘက်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ တင်းနစ်နှင့် ခရစ်ကက် အားကစားနည်း ၁၀ နည်းနှင့်ပတ်သက်၍ ပြိုင်ပွဲ ပွဲစဉ်ဇယား ကြိုတင်ရေးဆွဲနိုင်ရေးအတွက် အုပ်စုမဲနှိုက်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ဦးစွာ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးနှင့် နည်းစနစ်ဆပ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး […]
မသန်စွမ်းသူများအတွက် ဖွင့်လှစ်ခဲ့သည့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနား
![]()
မသန်စွမ်းသူများအတွက် ဖွင့်လှစ်ခဲ့သည့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနား နေပြည်တော်၊ နိုဝင်ဘာ ၁ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများအတွက် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို ၂၉-၁၀-၂၀၂၄ ရက်နေ့မှ ၁-၁၁-၂၀၂၄ ရက်နေ့အထိ လယ်ဝေးမြို့၊ Training Center 2 တွင် ဖွင့်လှစ်ခဲ့ရာ လယ်ဝေးခရိုင်အတွင်းရှိ မသန်စွမ်းသင်တန်းသား/သူ ၃၂ ဦး တက်ရောက်ခဲ့ပါ သည်။ သင်တန်းတွင် စားသောက်ကုန်များအနေဖြင့် ရှောက်ယို၊ သင်္ဘောသီးယို၊ ခရမ်းချဉ်သီးယို၊ ကျောက်ဖရုံယို အပါအဝင် ယိုမျိုးစုံပြုလုပ်နည်းနှင့် ဇီးဖျော်ရည်၊ ရှောက်သီး ဖျော်ရည်၊ မကျည်းသီးဖျော်ရည်နှင့် သံပုရာရည်အဆီပြုလုပ်နည်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်။ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းအခမ်းအနားကို ၁-၁၁-၂၀၂၄ ရက်နေ့၊ ညနေ (၀၄:၀၀)နာရီအချိန်တွင် Training Center – 2 ၌ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာနမှ […]
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile Application တို့တွင် ဖော်ပြမည့်အချက်အလက်များအား ထည့်သွင်းနိုင်ရေးသင်တန်းပို့ချ
![]()
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile Application တို့တွင် ဖော်ပြမည့်အချက်အလက်များအား ထည့်သွင်းနိုင်ရေးသင်တန်းပို့ချ နေပြည်တော်၊ နိုဝင်ဘာ ၄။ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်၏ Website နှင့် Mobile Application တို့တွင် ဖော်ပြမည့်အချက်အလက်များအား ထည့်သွင်းနိုင်ရေးနှင့်စပ်လျဉ်း၍ သင်တန်းပို့ချခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပခဲ့ရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့(ICT)မှ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အထောက်အကူပြုရုံးအဖွဲ့မှ Data Collection Team (DCT) အဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအားကစားအဖွဲ့ချုပ်မှ ဘောလုံးတာဝန်ခံများနှင့် ဖူဆယ်တာဝန်ခံ ကိုယ်စားလှယ်များကို ၎င်း Website နှင့် […]
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံတို့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့်နေရာများ ကြည့်ရှုစစ်ဆေး
![]()
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးမင်းသိန်းဇံတို့ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့်နေရာများ ကြည့်ရှုစစ်ဆေး နေပြည်တော်၊ နိုဝင်ဘာ(၄)ရက်။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့်အတူ ယနေ့ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများ ကျင်းပပြုလုပ်မည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းသို့ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သည်။ ပြည်ထောင်စုဝန်ကြီးများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ဖွင့်ပွဲ/ပိတ်ပွဲကျင်းပမည့် နေရာ၊ LED တပ်ဆင်မည့်နေရာနှင့် မီးများတပ်ဆင်အသုံးပြုမည့် နေရာများကိုလည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များနှင့် အားကစားသမားများ ဝင်/ထွက်သွားလာမည့် နေရာများကိုလည်းကောင်း၊ ဖျော်ဖြေတင်ဆက်မည့် သီချင်းများအလိုက် ဆက်တင်ပစ္စည်းများ ထည့်သွင်းအသုံးပြုမည့် အစီအစဉ်များကိုလည်းကောင်း ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် အသေးစိတ်ဆွေးနွေးညှိနှိုင်းကြပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပဉ္စမအကြိမ် […]
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့် နေရာများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
![]()
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနား ကျင်းပမည့် နေရာများအား ကြည့်ရှုစစ်ဆေးသည့်သတင်း
ကမ္ဘာ့ဖလား နဂါးလှေလှော် ချန်ပီယံရှစ်ပ် လက်ရည်စစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၃)ဆု ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရ မြန်မာ့လှေလှော် အားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည့်သတင်း
![]()
ကမ္ဘာ့ဖလား နဂါးလှေလှော် ချန်ပီယံရှစ်ပ် လက်ရည်စစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၆)ခု၊ ငွေတံဆိပ်(၃)ဆု ဆွတ်ခူးရရှိခဲ့သည့် အောင်ပွဲရ မြန်မာ့လှေလှော် အားကစားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည့်သတင်း