မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဖလား တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဖလား တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ ရန်ကုန်၊ နို၀င်ဘာ(၆)။ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌဖလား တင်းနစ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူတင်းနစ်ကွင်း၌ကျင်းပသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး၀န်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဌနှင့် အမှုဆောင်များနှင့်တာ၀န်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်ဥက္ကဌ ဦးမျိုးသူရက ပြိုင်ပွဲနှင့်ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့်တာ၀န်ရှိသူများက အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြပြီး ပထမနေ့ပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲတွင် အမျိုးသား U-12၊ အမျိုးသမီး U-14၊ အမျိုးသား လူသစ်တန်းနှစ်ယောက်တွဲ၊ အမျိုးသမီးအလွတ်တန်းနှစ်ယောက်တွဲ၊ အမျိုးသားပထမတန်း၊ ဒုတိယတန်း၊ အသက်၅၀၊ ၆၀နှစ်အထက်နှစ်ယောက်တွဲ၊ အသင်းလိုက်ပြိုင်ပွဲများယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။ ယင်းပြိုင်ပွဲကို နို၀င်ဘာ၆ရက်မှ၁၂ရက်အထိ ကျင်းပမည်ဖြစ်ပြီးပြိုင်ပွဲ၀င် အသင်း၂၀၊ အားကစားသမား၂၈၀ကျော်၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော်၊ နိုဝင်ဘာ(၆)။ ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Cluster-7(စားရိပ်သာ)၌ ကျင်းပခဲ့သည်။ အစီအစဉ်ရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာတိုက်ကွမ်ဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ မျိုးဆက်သစ် တိုက်ကွမ်ဒိုအားကစားသမား ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ တိုက်ကွမ်ဒို အားကစားနည်းကို အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုရရှိနိုင်ရေးအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုက်ကွမ်ဒိုကလပ်များနှင့်ပူးပေါင်း၍ ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များရှိပါက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့်ပေါင်းစပ်ညှိနှိုင်းပြီး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ […]
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးသည့်သတင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးသည့်သတင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်ကြည့်ရှုအားပေး နေပြည်တော် နိုဝင်ဘာ ၃ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး(အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (C) ၌ ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ၊ ဝန်ထမ်းမိသားစုများနှင့် အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ဦးစွာ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲ(အမျိုးသမီး) ဗိုလ်လုပွဲပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက […]
အရှေ့တောင်အာရှ သက်ငယ်တန်း ကြက်တောင်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ရွှေ(၁၁)ခု၊ငွေ(၄)ခု၊ကြေး(၂)ခုဆွတ်ခူးရရှိ

အရှေ့တောင်အာရှ သက်ငယ်တန်း ကြက်တောင်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ရွှေ(၁၁)ခု၊ငွေ(၄)ခု၊ကြေး(၂)ခုဆွတ်ခူးရရှိ ရန်ကုန်၊ နိုဝင်ဘာ (၄ )။ ကမ္ဘောဒီးယားနိုင်ငံကအောက်တိုဘာ၃၀ ရက်မှ နိုဝင်ဘာ ၃ ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် Badminton Asia Junior Under 15 -17 (Southeast Asia) Regional Championships 2023 (Team Event) ပြိုင်ပွဲတွင်မြန်မာနိုင်ငံကြက်တောင်အသင်းသည် ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်းနှင့် အရှေ့တီမောနိုင်ငံတို့ကို ဖြတ်ကျော်၍အနိုင်ယူကာ ရွှေ(၁၁)ခု၊ငွေ(၄)ခု၊ကြေး(၂)ခုဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲ၌အမျိုးသားအသက်၁၅နှစ်တစ်ဦးချင်းပြိုင်ပွဲတွင်ပထမ(ရွှေ)ညီဇေယျ၊တတိယ(ကြေး)ရဲလင်းထက်၊အမျိုးသားနှစ်ယောက်တွဲတွင်ပထမ(ရွှေ)ညီဇေယျ+ရဲလင်းထက်၊အမျိုးသမီးတစ်ဦးချင်းတွင်ပထမ(ရွှေ)လင်းလင်းထက်၊ဒုတိယ(ငွေ)သဒ္ဒါထက်ကျော်၊အမျိုးသမီးနှစ်ယောက်တွဲတွင်ပထမ(ရွှေ)လင်းလင်းထက်+သဒ္ဒါထက်ကျော်၊အမျိုးသား+အမျိုးသမီးတွင်ပထမ(ရွှေ)ညီဇေယျ+လင်းလင်းထက်၊ဒုတိယ(ငွေ)ရဲလင်းထက်+သဒ္ဒါထက်ကျော်၊တို့ရရှိခဲ့ကြသည်။ထို့ပြင်အသက်၁၇နှစ် အမျိုးသားတစ်ဦးချင်းတွင်ပထမ(ရွှေ)ဉာဏ်ရှိန်လင်း၊ဒုတိယ(ငွေ)ဘုန်းထက်ကျော်၊အမျိူသားနှစ်ယောက်တွဲတွင်ပထမ(ရွှေ)ဉာဏ်ရှိန်လင်း+ဘုန်းထက်ေကျာ်၊အမျိုးသမီးတစ်ဦးချင်းတွင်ပထမ(ရွှေ)အိမ့်ချစ်ဖူး၊ဒုတိယ(ငွေ)ယွန်းလဲ့အိမ်၊နှစ်ယောက်တွဲတွင်တတိယ(ကြေး)အိမ့်ချစ်ဖူး+ယွန်းလဲ့အိမ်၊အမျိုးသား+အမျိုးသမီးပြိုင်ပွဲတွင်ပထမ(ရွှေ)ဘုန်းထက်ဇော်+အိမ့်ချစ်ဖူး၊အသင်းလိုက်ပြိုင်ပွဲအသက်၁၅နှစ်တွင်ပထမ(ရွှေ)၊အသင်းလိုက်အသက်၁၇နှစ်တွင်ပထမ(ရွှေ)အသီးသီးဆွတ်ခူးရရှိခဲ့ကြကြောင်းသိရသည်။ အဆိုပါမြန်မာကြက်တောင်အားကစားအဖွဲ့တွင်အဖွဲ့ခေါင်းဆောင်မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်အမှုဆောင်ဦးရဲမြင့်၊အုပ်ချုပ်၊နည်းပြ၊အားကစားသများသည်ယနေ့ညပိုင်းကရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာရာမြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌဦးအောင်ပိုင်နှင့်အမှုဆောင်များ၊အားကစားသမားများ၏မိဘ၊ဆွေမျိုးများကြိုဆိုခဲ့ကြကြောင်းသိရသည်။
၂၀၂၃ခုနှစ်၊ Fitness Dance ရက်တို ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

၂၀၂၃ခုနှစ်၊ Fitness Dance ရက်တို ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ (၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေရန်အတွက် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရေးနှင့် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲများတွင် စနစ်တကျ သရုပ်ပြသနိုင်ရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီခွဲတွင် အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ၌ ၂၀၂၃ခုနှစ်၊ Fitness Dance ရက်တို ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အခမ်းအနားတွင် အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းသန့်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁/၂/၃)နှင့် Fitness Dance သီချင်းများ ကို သင်ကြားပို့ချခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ ဌာနခွဲအသီးသီးမှ သင်တန်းသား/ သင်တန်းသူ(၁၄)ဦး […]
အာဆီယံ/ နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် (၂)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားကျင်းပ

အာဆီယံ/ နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ် (၂)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားကျင်းပ နေပြည်တော်၊ နိုဝင်ဘာ (၂)။ အာဆီယံနှင့်နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ၏ အတွေ့အကြုံ ရှင်းလင်းမျှဝေခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ(၁၃:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က လမ်းညွှန်အမှာစကား ပြောကြားရာတွင် မိမိတို့လူငယ်ရေးရာဦးစီးဌာနသည် ဌာနသစ်ဖြစ်ပြီး တည်ဆောက်ဆဲကာလ ဖြစ်သည့်အတွက် မျိုးဆက်သစ်လူငယ်များ၏ အခန်းကဏ္ဍသည်အလွန်အရေးကြီးပြီး အထူးကြိုးစား ကြရန်တိုက်တွန်းလိုပါကြောင်း၊ ဝန်ထမ်းလူငယ်များအနေဖြင့် မိမိတို့ရဲ့အရည် အချင်းများကို မြှင့်တင်နိုင်ရေး စဉ်ဆက်မပြတ် လေ့လာကြိုးပမ်း အားထုတ်စေလိုပါကြောင်း၊ […]
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည့်သတင်း

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည့်သတင်း
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ရန်ကုန်၊ နိုဝင်ဘာလ(၂)ရက်။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Nong Rong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့ နေ့လယ် (၃)နာရီခွဲ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်း အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အောင်ဆန်းအားကစားပြိုင်ဝင်း၏ လက်ရှိ အခြေအနေကို အထူးတန်း ပွဲကြည့်စင်ပေါ်မှ ရှင်းလင်းပြသခဲ့သည်။ ယင်းနောက် အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးမှ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီးနောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် […]
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ နေပြည်တော်၊ နိုဝင်ဘာ (၂)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှ စတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ယနေ့ ဘော်လီဘောပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး) ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်အသင်းနှင့် […]