အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

Loading

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ စစ်တွေ၊ ဒီဇင်ဘာ(၃၀)ရက်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအား လူထုအားကစားလအဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။ စုပေါင်းလမ်းလျှောက်ပွဲကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စတင်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အတူ လမ်းလျှောက်ပွဲကိုပါဝင်ဆင်နွှဲကြသည်။ ရခိုင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို စစ်တွေမြို့ ဓညဝတီအားကစားကွင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အားကစားကွင်း ၌ စုပေါင်းကိုယ်လက် ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ်များကို ပြုလုပ်ခဲ့ကြပြီးပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများအဖြစ် ဂိုးကျဉ်ပြိုင်ပွဲ၊မီတာ (၅၀)အပြေးပြိုင်ပွဲ၊ […]

အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃ ခုနှစ်၊ အမျိုးသားတံခွန်စိုက်ကြက်‌တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်‌ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်တို့ပူးပေါင်းကျင်းပသည့် ၂၀၂၃ခုနှစ်၊ အမျိုးသားတံခွန်စိုက်ကြက်‌တောင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ ရန်ကုန်၊ ဒီဇင်ဘာ (၃၀)။ အားကစားနှင့်လူငယ်‌ရေးရာ၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်၂၀၂၃ ခုနှစ်၊ အမျိုးသားတံခွန်စိုက်ကြက်‌တောင်ပြိုင်ပွဲ(Myanmar National Championships 2023) ဗိုလ်လုပွဲပြိုင်ပွဲများကိုယ‌နေ့မွန်းလွဲပိုင်းကရန်ကုန်မြို့လမ်းမတော်မြို့နယ်အမျိုးသားကြက်‌တောင် အားကစားခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်း‌ဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်း‌ဒေသကြီး ၀န်ကြီးများတက်‌ရောက်ကြည့်ရှုအား‌ပေးသည်။ ဗိုလ်လုပွဲတွင် အမျိုးသားအကြီးတန်းတစ်ဦးချင်းပြိုင်ပွဲမှ ချန်ပီယံ ဘုန်းပြည့်နိုင်(Zawana)က ချန်ပီယံ ဟိန်းထွဠ် (MBF)ကိုရမှတ် ၁၄-၂၁၊ ၂၁-၁၉-၂၁-၁၃ ဖြင့် အနိုင်ရရှိသွားသည်။ ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲကိုကျင်းပရာ သာမန်တန်း အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသား+ အမျိုးသမီး နှစ်‌ယောက်တွဲ၊ အမျိုးသားသက်ကြီးတန်းနှစ်‌ယောက်တွဲ၊ ဝါသနာရှင်တန်း အမျိုးသား၊ အမျိုးသမီးနှစ်‌ယောက်တွဲ၊ အကြီးတန်း အမျိုးသမီးတစ်ဦးချင်း၊ နှစ်‌ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆု ရရှိကြ‌သော အားကစားသမားများအား ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင် […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသည့်သတင်း

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲသည့်သတင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

Loading

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ နေပြည်တော်၊ ဒီဇင်ဘာလ(၃၁)ရက်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးချင်းမှအစပြု၍ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောက အဆင့်အတန်းတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ(ပဉ္စမပတ်) လူထုအားကစားလှုပ် ရှားမှုအထိမ်းအမှတ်စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်စုစုပေါင်းအင်အား ၄၀၀၀ ကျော် ပျော်ပျော်ရွှင်ရွှင်ဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။ ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးရာ ပါဝင်ဆင်နွှဲကြသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၏ သတ်မှတ်လမ်းကြောင်းများအတိုင်း ပျော်ပျော်ပါးပါးလမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများနှင့် […]

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ စတင်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ စတင်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၃၀)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့်(၃)ကြား၌ ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/အမှုထမ်းများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။ လွန်ဆွဲပြိုင်ပွဲ ပထမနေ့ အုပ်စုပတ်လည် ပွဲစဉ်များအဖြစ် (အမျိုးသား)ပြိုင်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအသင်းကို (၂)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲ၊ (၁)ပွဲဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနအသင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ […]

၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ကွာတားဖိုင်နယ်ပွဲစဉ်များဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ကွာတားဖိုင်နယ်ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၃၀)။ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသည့် အားကစားသမားများပေါ်ထွက်လာစေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် ရင်းနှီးမှုရရှိစေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို နံနက်(၉)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ […]

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ အရာထမ်း/အမှုထမ်းများ၏ ၂၀၂၄ခုနှစ်၊ နှစ်သစ်ကူးကြိုဆိုပွဲနှင့် မိတ်ဆုံစားပွဲ အခမ်းအနားကျင်းပ

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ အရာထမ်း/အမှုထမ်းများ၏ ၂၀၂၄ခုနှစ်၊ နှစ်သစ်ကူးကြိုဆိုပွဲနှင့် မိတ်ဆုံစားပွဲ အခမ်းအနားကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၂၉)။ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနရှိ ဝန်ထမ်းများ၏ ၂၀၂၄ခုနှစ်၊နှစ်သစ်ကူးကြိုဆိုပွဲနှင့် မိတ်ဆုံစားပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁၄:၀၀)အချိန်၌ လူငယ်ရေးရာဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နှစ်သစ်ကူးကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် မိမိတို့ဦးစီးဌာနသည် ဖွဲ့စည်းခဲ့သည်မှာ (၁)နှစ်ကျော်ခန့်သာ ရှိသေးသော်လည်း ရည်မှန်းချက်များပြည့်မီစေရေး ဝန်ထမ်းများအားလုံးက ကြိုးစားဆောင်ရွက်ပေးနေသည့်အတွက် ချီးကျူးဂုဏ်ယူပါကြောင်း၊ ဝန်ထမ်းများ သက်သာချောင်ချိရေး အတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုလိုနှစ်သစ်ကူးကြိုဆိုပွဲတွင် ဝန်ထမ်းမိသားစုများနှင့် ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံရသည့်အတွက် များစွာဝမ်းမြောက်ရပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး […]

မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌဖလား ဆောင်းရာသီ တံခွန်စိုက် ရိုးရာခြင်းလုံးခတ် ဗိုလ်လုပွဲပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

Loading

မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌဖလား ဆောင်းရာသီ တံခွန်စိုက် ရိုးရာခြင်းလုံးခတ် ဗိုလ်လုပွဲပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ ရန်ကုန်၊ ဒီဇင်ဘာ (၂၉)။ ၂၀၂၃ ခုနှစ်၊ တတိယအကြိမ်မြောက် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် ဥက္ကဌဖလား ဆောင်းရာသီ တံခွန်စိုက် ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲဗိုလ်လုပွဲပြိုင်ပွဲနှင့်ဆုချီးမြင့်ခြင်းအခမ်းအနားကိုယနေ့မွန်းလွဲ(၃)နာရီက ရန်ကုန်တိုင်း‌ေဒသကြီး၊သင်္ဃန်းကျွန်းမြို့နယ်အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သု၀ဏ္ဏ၌ကျင်းပခဲ့သည်။ အမျိုးသားဆယ်ပေါက်တန်းဗိုလ်လုပွဲတွင် တော်၀င်ဌေးရတနာအသင်း က ဇမ္ဗရတနာအေးအသင်းကိုရမှတ်၁၃၅၃၊၁၂၄၂ရမှတ်ဖြင့်လည်း‌ေကာင်း၊အမျိုးသားခြောက်ပေါက်တန်းတွင်ကာကွယ်ရေးအသင်းကသူရိန်မင်းအသင်းကိုရမှတ်၁၀၉၈၊ရမှတ်၁၀၃၀ဖြင့်လည်း‌ေကာင်း၊အမျိုးသမီးလေးပေါက်တန်းတွင်စာဥအသင်းကခေတ္တရာရွှေပြည်အသင်းကိုရမှတ်၅၉၀၊ရမှတ်၅၁၉ဖြင့်အသီးသီးအနိုင်ရရှိသွားကြသည်။ ပှိုငပွှဲအပှီးဆုခှီးမှှင့ပွှဲကငွှးပရာ ပထမ၊ဒုတိယ၊တတိယဆု၊အကောငွးဆုံးအားကစားသမားဆုမှားနှင့အွသငွးအသန့ရွှငွးဆုံးဆု ရရှိကှ‌သောအားကစားသမားမှားအားမှနမွာနိုငငွံရိုးရာခှငွးလုံးအဖှဲ့ခှုပနွာယကဦးစိုးတင့ွ၊ဥကကြဌ ဦးသကလွှငွ၊တပမွ‌တောခွှငွးလုံး‌ကောမွတီဥကကြဌဗိုလမွှူးခှုပရွဲလှငွ၊အားကစားနှင့ကွာယပညာဦးစီးဌာနမှညှှနကွှား‌ရေးမှူးမှား၊မှနမွာနိုငငွံခှငွးလုံးအဖှဲ့ခှုပွ၊မှနမွာနိုငငွံရိုးရာအားကစားအဖှဲ့ခှုပမွှတာဝနရွှိသူမှား၊မှနမွာနိုငငွံရိုးရာခှငွးလုံးအဖှဲ့ခှုပမွှ အမှု‌ဆောငမွှားကတဈဦးခငွှးဆုတံဆိပွ၊‌ငှသေားဆုနှင့ဆွုဖလားမှား‌ပေးအပခွှီးမှှင့ကွှသညွ။ အဆိုပါပြိုင်ပွဲတွင် ဆယ်ပေါက်တန်းတွင် ခြောက်သင်း၊ ခြောက်ပေါက်တန်းတွင် ၁၁သင်း၊ လေးပေါက်တန်းတွင် လေးသင်း၊အားကစားသမား၂၀၀‌ေကျာ်၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ (၂၉)။ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသည့် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် ရင်းနှီးမှုရရှိစေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၉)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် ကာကွယ် ရေးဝန်ကြီးဌာနအသင်း တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းကို (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် […]

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

Loading

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲများ ဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာလ(၂၈)ရက်။ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးဖြင့် ရင်းနှီးမှုရရှိစေရေး၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသည့် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပသည်။ ဖူဆယ်(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အားကစားနှင့်လူငယ်ရေးရာလူငယ်ရေးရာဝန်ကြီးဌာန အသင်းနှင့် စွမ်းအင်ဝန်ကြီးဌာနအသင်း တို့ယှဉ်ပြိုင်ကစားခဲ့ကြရာ အားကစားနှင့်လူငယ်ရေးရာလူငယ် ရေးရာဝန်ကြီးဌာနအသင်းက စွမ်းအင်ဝန်ကြီးဌာနအသင်းကို(၃)ဂိုး၊(၂)ဂိုးဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြ ရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်းကို (၅) ဂိုး၊ (၁)ဂိုးဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်း […]