၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ်နဂါးလှေလှော်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာလှေလှော်အားကစားအဖွဲ့ပြည်ပထွက်ခွာ
ရန်ကုန်၊ အောက်တိုဘာလ ၂၃ ရက်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့မှ နိုဝင်ဘာလ (၃)ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ Yichang မြို့နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ Puerto Princesa မြို့တို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup) နှင့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှာ်ပြိုင်ပွဲ (2024 ICF Dragon Boat World Championships) သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း ဦးဆောင်သော မြန်မာလှေလှော်အားကစားအဖွဲ့သည် ယနေ့ နံနက် (၁၁:၀၀) နာရီအချိန်၌ လေယာဉ်ခရီးစဥ် အမှတ် CZ – 3056 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့တွင် ဥက္ကဌဦးသောင်းထိုက်မင်း အဖွဲ့ခေါင်းဆောင်၊ အတွင်းရေးမှူး ဦးသက်လွင်၊ နည်းပြ ဦးဘုန်းမြင့်တေဇာနှင့် အားကစားသမား (၁၀)ဦး၊ စုစုပေါင်း (၁၃)ဦး လိုက်ပါသွားကြောင်းသိရှိရသည်။


