အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အမျိုးသမီးကိုယ်လုံပညာသင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး၊ အောက်တိုဘာ ၁၆ ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ပူးပေါင်းဖွင့်လှစ်သည့် အမျိုးသမီးကိုယ်လုံပညာသင်တန်းဆင်းပွဲအား ယနေ့ နေ့လည် ၁၁း၃၀ နာရီအချိန်တွင် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသင်တန်းဆင်းပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ၊ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှင့်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယက ဒေါ်ညိုမီစော ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ ဇနီး ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ ဇနီး ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးကြီး၏ ဇနီး ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီး ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှင့်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ ဥက္ကဌ ဒေါ်ထားထားဝင်း ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၏ ဇနီး ၊ ခရိုင် / မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ သင်တန်းနည်းပြဆရာများ နှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဖွင့်လှစ်ခဲ့ရခြင်း၏ ရည်ရွယ်ချက်များမှာ ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဆင့်အတန်းတိုးတက်မြင့်မားစေရေးနှင့် ကိုယ်ကာယကြံ့ခိုင်မှုပြည့်ဝစေရေးတို့အတွက် ယခုသင်တန်းအား ဖွင့်လှစ်ပေးခဲ့ရခြင်းဖြစ်ပါကြောင်းနှင့် အမျိုးသမီးများအနေဖြင့် မိမိကိုယ်ကိုပြန်လည်ခုခံကာကွယ်နိုင်စေရန်ရည်ရွယ်၍ ၇.၁၀.၂၀၂၄ရက်နေ့မှ စတင်ကာ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဖွင့်လှစ်သွားခဲ့တာဖြစ်ပြီး အဆိုပါသင်တန်းအား သင်တန်းသူစုစုပေါင်း(၁၆)ဦးတက်ရောက်ခဲ့ကြကာအဆိုပါသင်တန်းကို ၁၆.၁၀.၂၀၂၄ရက်နေ့ထိ (၁၀)ရက်ကြာသင်ကြားပို့ချပေးခဲ့ကြောင်းသိရှိခဲ့ရကာ သင်တန်းထူးချွန်ဆုများရရှိခဲ့ကြသော သင်တန်းသူများ နှင့် သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။