နွေရာသီအိုလံပစ်အားကစားပွဲတော်(Olympic Games or Summer Olympic Games)
သမိုင်းကြောင်း
ခေတ်သစ်အိုလံပစ်အားကစားပြိုင်ပွဲကို ၁၈၉၄ တွင် ပြင်သစ်လူမျိုး ဗဲရွန်ဘွဲ့ရ ပီယဲကူဗာတင်မှ စတင်တည်ထောင်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ အပျော်တမ်း အားကစားသမားများအား ပြိုင်ပွဲ အမျိုးမျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြစေရန်နှင့် အားကစားသမားများအား နိုင်ငံရေးဖိအားများမှ ကင်းလွတ်၍ သန့်ရှင်းသော အားကစားနည်းများ ပိုမိုတိုးတက်လာစေရန် ဖြစ်သည်။
၁၈၉၆ ခုနှစ်တွင် ပထမဆုံးကျင်းပခဲ့သော အိုလံပစ်အားကစားပြိုင်ပွဲသည် ပုံမှန်အားဖြင့် လေးနှစ် တစ်ကြိမ် ကျင်းပသော နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာအားကစားပွဲတစ်ခုဖြစ်သည်။ ၂၀၂၀ ခုနှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲအား ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) သည် အားကစားပွဲများကိုစီစဉ်ပြီး အိမ်ရှင်နိုင်ငံ၏ ပြင်ဆင်မှုများကို ကြီးကြပ်သည်။ ၁၉၀၄ခုနှစ်မှ စတင်၍ အိုလံပစ် ပြိုင်ပွဲတိုင်းတွင် ပထမဆုများကို ရွှေတံဆိပ် ၊ ဒုတိယဆုများကို ငွေတံဆိပ်များနှင့် ကြေးတံဆိပ်များကို တတိယဆု အတွက် ချီးမြှင့်သည်။ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို နွေရာသီအိုလံပစ်ပြိုင်ပွဲ၏ အောင်မြင်မှုအရ ကျင်းပခဲ့ခြင်းဖြစ်သည်။
၁၈၉၆ ခုနှစ်တွင် နိုင်ငံ(၁၄)နိုင်ငံမှ အမျိုးသားပြိုင်ပွဲဝင် (၂၄၁)ဦးဖြင့် ပြိုင်ပွဲပေါင်း (၄၂)မျိုးကို ကျင်းပခဲ့ပြီး၊ ၂၀၂၀ ခုနှစ်တွင် နိုင်ငံပေါင်း (၂၀၆) နိုင်ငံမှ အားကစားနည်း (၃၃၉)နည်းဖြင့် ပြိုင်ပွဲဝင်ပေါင်း (၁၁,၃၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
နွေရာသီအိုလံပစ်ကို တိုက်ကြီးငါးတိုက်ရှိ နိုင်ငံပေါင်း (၁၉) နိုင်ငံတွင်ကျင်းပခဲ့သည်။ အဆိုပါ အားကစားပြိုင်ပွဲအား အမေရိကန်ပြည်ထောင်စုမှ လေးကြိမ် (၁၉၀၄, ၁၉၃၂, ၁၉၈၄ နှင့် ၁၉၉၆ ခုနှစ်) ၊ ဂရိတ်ဗြိတိန်မှ သုံးကြိမ်(၁၉၀၈, ၁၉၄၈နှင့် ၂၀၁၂ ခုနှစ်) ၊ ဂရိနိုင်ငံ (၁၈၉၆ နှင့် ၂၀၀၄ ခုနှစ်)၊ ပြင်သစ်နိုင်ငံ (၁၉၀၀ နှင့် ၁၉၂၄ခုနှစ်) ၊ ဂျာမနီနိုင်ငံ (၁၉၃၆ နှင့် ၁၉၇၂ခုနှစ်)၊ ဩစတြေးလျနိုင်ငံ (၁၉၅၆ နှင့်၂၀၀၀ခုနှစ်) နှင့် ဂျပန်နိုင်ငံ (၁၉၆၄ , ၂၀၂၀ ခုနှစ်) တို့မှ နှစ်ကြိမ်စီနှင့် ဆွီဒင် (၁၉၁၂ခုနှစ်)၊ ဘယ်လ်ဂျီယံနိုင်ငံ (၁၉၂၀ ခုနှစ်)၊ နယ်သာလန်နိုင်ငံ (၁၉၂၈ ခုနှစ်)၊ဖင်လန် (၁၉၅၂ ခုနှစ်)၊ အီတလီနိုင်ငံ(၁၉၆၀ ခုနှစ်)၊ မက္ကဆီကိုနိုင်ငံ (၁၉၆၈ ခုနှစ်)၊ ကနေဒါနိုင်ငံ (၁၉၇၆ ခုနှစ်)၊ ဆိုဗီယက်ယူနီယံ (၁၉၈၀ ခုနှစ်)၊ တောင်ကိုရီးယားနိုင်ငံ (၁၉၈၈ ခုနှစ်)၊ စပိန် နိုင်ငံ (၁၉၉၂ ခုနှစ်)၊ တရုတ်နိုင်ငံ (၂၀၀၈ ခုနှစ်)နှင့် ဘရာဇီးနိုင်ငံ (၂၀၁၆ ခုနှစ်) တို့မှတစ်ကြိမ်စီ အိမ်ရှင်နိုင်ငံများအဖြစ် အသီးသီး လက်ခံကျင်းပခဲ့ကြသည်။
၂၀၂၄ နွေရာသီအိုလံပစ်ပြိုင်ပွဲကို ပြင်သစ်နိုင်ငံ ပါရီမြို့၌ တတိယအကြိမ် ကျင်းပမည်ဖြစ်သည်။ (IOC) သည် ၂၀၂၈ နွေရာသီအိုလံပစ်ပြိုင်ပွဲအတွက် လော့စ်အိန်ဂျယ်လိစ်မြို့ ၊ ကယ်လီဖိုးနီးယားပြည်နယ်ကို ကျင်းပရန် ရွေးချယ်ထားသည်။
နွေရာသီအိုလံပစ် အားကစားပြိုင်ပွဲကို ဩစတြေးလျ၊ ပြင်သစ်နိုင်ငံ၊ ဂရိတ်ဗြိတိန်၊ ဂရိနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှာ နှစ်စဉ် ပုံမှန်မပျက် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အမေရိကန်ပြည်ထောင်စုသည် နွေရာသီအိုလံပစ်အတွက် ဆုတံဆိပ်ရဇယားတွင် အမြဲလိုလို ဦးဆောင်သည်။
List of Olympic Games (Summer Olympic Games)
No. |
Host Nation – City |
Year |
Date |
Nations |
Athletes |
Sports |
Ranking |
1 |
Greece – Athens |
1896 |
6.4 – 15.4 |
14 |
241 |
9 |
United States |
2 |
France – Paris |
1900 |
14.5 – 28.10 |
24 |
997 |
19 |
France |
3 |
United States – Saint- Louis |
1904 |
1.7 – 29.10 |
12 |
651 |
16 |
United States |
4 |
Great Britain – London |
1908 |
13.7 – 29.10 |
22 |
2008 |
22 |
Great Britain |
5 |
Sweden – Stockholm |
1912 |
5.5 – 22.7 |
28 |
2407 |
14 |
United States |
6 |
Berlin |
1916 |
Not Celebrated |
||||
7 |
Belgium – Antwerp |
1920 |
20.4 – 12.9 |
29 |
2626 |
22 |
United States |
8 |
France – Paris |
1924 |
3.5 – 27.6 |
44 |
3089 |
17 |
|
9 |
Netherlands – Amsterdam |
1928 |
28.7 – 12.8 |
46 |
2883 |
14 |
|
10 |
United States – Los Angeles |
1932 |
30.7 – 14.8 |
37 |
1332 |
14 |
|
11 |
Germany – Berlin |
1936 |
1.8 – 16.8 |
49 |
3963 |
19 |
Germany |
12 |
Tokyo |
1940 |
Not Celebrated |
||||
13 |
London |
1944 |
|||||
14 |
Great Britain – London |
1948 |
29.7 – 14.8 |
59 |
4104 |
17 |
United States |
15 |
Finland – Helsinki |
1952 |
19.7 – 3.8 |
69 |
4955 |
17 |
|
16 |
Australia, Sweden – Melbourne |
1956 |
22.11 – 8.12 |
67 |
3314 |
17 |
Soviet Union |
17 |
Italy – Rome |
1960 |
25.8 – 11.9 |
83 |
5338 |
14 |
|
18 |
Japan – Tokyo |
1964 |
10.10 – 24.10 |
93 |
5151 |
19 |
United States |
19 |
Mexico – Mexico |
1968 |
12.10 – 27.10 |
112 |
5516 |
17 |
United States |
20 |
Federal Republic of Germany – Munich |
1972 |
26.8 – 11.9 |
121 |
7134 |
19 |
Soviet Union |
21 |
Canada – Montreal |
1976 |
17.7 – 1.8 |
92 |
6084 |
18 |
|
22 |
USSR – Moscow |
1980 |
19.7 – 3.8 |
80 |
5179 |
21 |
United States |
23 |
United States – Los Angeles |
1984 |
28.7 – 12.8 |
140 |
6829 |
21 |
|
24 |
Republic of Korea – Seoul |
1988 |
17.9 – 2.10 |
159 |
8391 |
21 |
Soviet Union |
25 |
Spain – Barcelona |
1992 |
25.7 – 9.8 |
169 |
9356 |
23 |
Unified Team |
26 |
United States – Atlanta |
1996 |
19.7 – 4.8 |
197 |
10318 |
25 |
United States |
27 |
Australia – Sydney |
2000 |
15.9 – 1.10 |
199 |
10651 |
26 |
|
28 |
Greece – Athens |
2004 |
13.8 – 29.8 |
201 |
10625 |
28 |
|
29 |
China – Beijing |
2008 |
25.7 – 10.8 |
204 |
10942 |
28 |
China |
30 |
Great Britain – London |
2012 |
27.7 – 12.8 |
204 |
10768 |
26 |
United States |
31 |
Brazil – Rio De Janeiro |
2016 |
5.8 – 21.8 |
207 |
11238 |
28 |
|
32 |
Japan – Tokyo |
2020 |
23.7 – 8.8 |
206 |
11656 |
33 |
|
33 |
France – Paris |
2024 |
26.7 – 11.8 |
206 |
10714 |
32 |
– |
34 |
United States of America – LA |
2028 |
21.7 – 6.8 |
– |
– |
– |
– |
35 |
Australia – Brisbane |
2032 |
23.7 – 8.8 |
– |
– |
– |
– |