အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

မသန်စွမ်းအိုလံပစ်အားကစားပြိုင်ပွဲ (Paralympic Games)

အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ အားကစားကော်မတီ အမှတ်တံဆိပ်

  • မသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲ (Paralympic Games) သည် နိုင်ငံတကာ မသန်စွမ်းအားကစားပြိုင်ပွဲဖြစ်သည်။ အိုလံပစ်ကဲ့သို့ပင် နွေရာသီနှင့် ဆောင်းရာသီ အားကစားပြိုင်ပွဲ (၂)ခု ကျင်းပသည်။ အားကစားပွဲတော်ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ အားကစားကော်မတီ (International Paralympic Committee) မှ ကြီးကြပ်သည်။
  • အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ အားကစားကော်မတီ (International Paralympic Committee)သည် အဖွဲ့ဝင်(၁၇၆) နိုင်ငံပါဝင်သော နိုင်ငံတကာ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဖြစ်သည်။ ဌာနချုပ်မှာ ဂျာမနီတွင်ရှိသည်။
  • မူလက ကျောရိုးဒဏ်ရာ ရရှိထားသူများအတွက် ရည်ရွယ်သော အားကစားပွဲဖြစ်၍ “ paraplegic” ဟု အမည်ပေးခဲ့သည်။ သို့သော် အိုလံပစ်နှင့်အပြိုင် ကျင်းပသဖြင့် (၁၉၈၈) Seoul နွေရာသီမသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲမှစ၍ “ Paralympic” ဟု တရားဝင် အမည်ပေးခဲ့သည်။

Loading