အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ (Youth Olympic Games)

လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ (YOG) သည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ ကြီးကြပ်မှုဖြင့် အသက် ၁၅ နှစ်မှ ၁၈ နှစ်အကြား အားကစားသမားများအတွက် နိုင်ငံတကာ အားကစားနည်းတစ်ခုဖြစ်သည်။ 

လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပရန်စိတ်ကူးကို သြစတြီးယားနိုင်ငံမှ Johann Rosenzopf က ၁၉၉၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ဂွါတီမာလာမြို့တွင် ပြုလုပ်သော (၁၁၉) ကြိမ်မြောက် (IOC) အစည်းအဝေး၌ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီအဖွဲ့ဝင်များက အိုလံပစ်အားကစားပြိုင်ပွဲကို လူငယ်အားကစား တစ်ခုအဖြစ် ကျင်းပရန် အတည်ပြုခဲ့သည်။

ပြိုင်ပွဲများကို အိုလံပစ်အားကစားပြိုင်ပွဲများကဲ့သို့ပင် လေးနှစ် တစ်ကြိမ် ကျင်းပလေ့ရှိသည်။

ပထမဆုံး နွေရာသီအားကစားပြိုင်ပွဲကို ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်မှ ၂၆ ရက်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့ပြီး ပထမဆုံးအကြိမ် ဆောင်းရာသီအားကစားပြိုင်ပွဲကို သြစတြီးယားနိုင်ငံ Innsbruck တွင် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည်။

Youth Olympic Games

Summer Games

No.

Host Nation – City

Year

Date

Nations

Athletes

Sports

Ranking

1

Singapore – Singapore

2010

14.8 – 26.8

204

3524

26

China

2

China – Nanjing

2014

16.8 – 28.8

203

3579

28

3

Argentina – Buenos Aires

2018

6.10 – 19.10

206

4000

32

Russia

4

Senegal – Dakar

2026

22.10 – 9.11

 

Winter Games

No.

Host Nation – City

Year

Date

Nations

Athletes

Sports

Ranking

1

Austria – Innsbruck

2012

13.1 – 23.1

69

1022

7

Germany

2

Norway – Lillehammer

2016

12.2 – 22.2

71

1067

7

United States

3

Swizerland – Lausanne

2020

9.1 – 23.1

79

1872

8

Russia

4

South Korea – Gangwon

2024

19.1 – 2.2

Loading