အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အိုလံပစ်ပြိုင်ပွဲများ

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်၊ (၁၄)ကြိမ်မြောက် လန်ဒန် အိုလံပစ်အားကစားပွဲတော်တွင် တရား၀င် စတင်ယှဉ်ပြိုင်ခဲ့သည်။

 

(၁၄)ကြိမ်မြောက် လန်ဒန်အိုလံပစ် (၁၉၄၈) – ( အင်္ဂလန် )

စိန်ဖေ (ပြေးခုန်ပစ် – မီတာ ၁၀၀၊ မီတာ ၂၀၀) ၊ မျိုးသန့် (လက်ဝှေ့) ၊ စောဟာဒီ (လက်ဝှေ့)

 

(၁၅)ကြိမ်မြောက် ဟယ်လ်စင်ကီအိုလံပစ် (၁၉၅၂) – ( ဖင်လန် )

ဘီသော်မဆင် (လက်ဝှေ့)၊ ကျားဘငြိမ်း(လက်ဝှေ့)၊ စတင်လေမဂျစ် (လက်ဝှေ့)၊ စံလှ (လက်ဝှေ့) ၊ ထွန်းမောင် (အလေးမ)၊ ကျော်ရင် (အလေးမ)၊ ( စံလှ – ကိုယ်အလေးချိန်တက်သွား၍ မပြိုင်ခဲ့ရပါ။ )

 

(၁၆)ကြိမ်မြောက် မဲလ်ဘုန်းအိုလံပစ် (၁၉၅၆) – ( သြစတြေးလျ )

မီတုန်းနော် (ပြေးခုန်ပစ်-မာရသွန်)၊ သိန်းမြင့်(လက်ဝှေ့)၊ ရဲချစ်(လက်ဝှေ့)၊ တီအောင်(လက်ဝှေ့)၊ ရဲဆွေ (လက်ဝှေ့)၊ ထွန်းမောင် (အလေးမ)၊ ချူကီး (အလေးမ)၊ ထွန်းကြွယ် (အလေးမ)၊ ဘင်ချူး (ရွက်လှေ)၊ ခင်ဖေကြီး (ရွက်လှေ)၊ မောင်မောင်လွင် (ရွက်လှေ)

 

(၁၇)ကြိမ်မြောက် ရောမအိုလံပစ် (၁၉၆၀) – ( အီတလီ )

သန်းထွန်း(လက်ဝှေ့)၊ လှညွန့်(လက်ဝှေ့)၊ သိန်းမြင့် (လက်ဝှေ့)၊ မီတုန်းနော် (ပြေးခုန်ပစ်)

 

(၁၈)ကြိမ်မြောက် တိုကျိုအိုလံပစ် (၁၉၆၄) – ( ဂျပန် )

သိန်းမြင့်(လက်ဝှေ့)၊ တင်ထွန်း(လက်ဝှေ့)၊ ဂျိတ်ဘားဝါး(လက်ဝှေ့)၊ ရှင်ဘွေဂမ်း (ပြေးခုန်ပစ်)၊ တင်မောင်နီ(ရေကူး)၊ ကျော်ရှိန် (သေနတ်ပစ်)၊ ကျော်အေး (သေနတ်ပစ်)၊ ချစ်မြ (အလေးမ)၊ မြသိန်း(အလေးမ)၊ ဖေအေး(အလေးမ)   

 

(၁၉)ကြိမ်မြောက် မက်ဆီကိုအိုလံပစ် (၁၉၆၈) – ( မက္ကဆီကို )

လှသိန်း (ပြေးခုန်ပစ် – မာရသွန်)

 

(၂၀)ကြိမ်မြောက် မြူးနစ်အိုလံပစ် (၁၉၇၂) – ( ဂျာမနီ )

လှသိန်း(ပြေးခုန်ပစ်)၊ ဂျင်မီ (ပြေးခုန်ပစ်)၊ အောင်ကြီး (အလေးမ)၊ ၀င်းမောင် (လက်ဝှေ့)၊ ဒေါ်လာ(လက်ဝှေ့)၊ ဘောလုံးအားကစားပြိုင်ပွဲတွင် – တင်အောင်၊ မောင်မောင်ညွန့်၊ စိန်၀င်း၊ မောင်မောင်တင်၊ တင့်စိန်၊ မျိုး၀င်းညွန့်၊ စံအေး၊ စိုးမြင့်(အရှုတ်)၊ အေးမောင်ကြီး၊ အေးမောင်လေး၊ မြင့်ကြူး၊ ရဲညွန့်၊ ၀င်းမောင် (ကြည်းတပ်)၊ သန်းစိုး(ဆပ်သီး)၊ တင်အောင်မိုး၊ လှဋ္ဌေး၊ ခင်မောင်လေး တို့ပါ၀င်ခဲ့ကြသည်။

 

ယင်းပြိုင်ပွဲတွင် မြန်မာဘောလုံးအသင်း အသန့်ရှင်းဆုံးဆု ရရှိခဲ့သည်။

 

အောင်ကြီး (အလေးမ) သည် အမြန်မ ၁၀၅ ကီလိုတွင် ကမ္ဘာ့စံချိန်သစ် နှင့် အိုလံပစ်စံချိန်သစ် တင်နိုင်ခဲ့သည်။

 

(၂၁)ကြိမ်မြောက် မွန်ထရီရယ်အိုလံပစ် (၁၉၇၆) – ( ကနေဒါ )

မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုပါ။

 

(၂၂)ကြိမ်မြောက် မော်စကိုအိုလံပစ် (၁၉၈၀) – ( ရုရှား )

ခင်စိုး (ပြေးခုန်ပစ်-မာရသွန်) ၊ စန်းမြင့် (အလေးမ)

 

(၂၃)ကြိမ်မြောက် လော့စ်အိန်ဂျလိစ်အိုလံပစ် (၁၉၈၄) – ( အမေရိက )

ဇော်လတ် (လက်ဝှေ့)

 

(၂၄)ကြိမ်မြောက် ဆိုးလ်အိုလံပစ် (၁၉၈၈) – ( တောင်ကိုရီးယား )

ခင်ခင်ထွေး (ပြေးခုန်ပစ်)၊ မာမာမင်း (ပြေးခုန်ပစ်)

 

(၂၅)ကြိမ်မြောက် ဘာစီလိုနာအိုလံပစ် (၁၉၉၂) – ( စပိန် )

ခင်ခင်ထွေး (ပြေးခုန်ပစ်)၊ မကျင်လွမ် (လမ်းလျှောက်)၊ မြင့်ကံ (လမ်းလျှောက်)၊ ဖြူဖြူသန့် (ဂျူဒို)

 

(၂၆)ကြိမ်မြောက် အတ္တလန္တာအိုလံပစ် (၁၉၉၆) – ( အမေရိကန် )

မြင့်စိုး (သေနတ်ပစ်)၊ ခင်ခင်ထွေး (ပြေးခုန်ပစ်)၊ မြင့်ဋ္ဌေး (ပြေးခုန်ပစ် – လမ်းလျှောက်)

 

(၂၇)ကြိမ်မြောက် ဆစ်ဒနီအိုလံပစ် (၂၀၀၀) – ( သြစတြေးလျ )

မောင်မောင်ငယ် (ပြေးခုန်ပစ် – တာဝေး) ၊ ချယ်ရီ (မီတာ ၄၀၀ တန်းကျော်ပြေး)၊ ခင်မိုးနွယ် (အလေးမ)၊ ကေသီ၀င်း (အလေးမ)၊ ဆွေဆွေ၀င်း (အလေးမ)၊ မိုးသူအောင် (ရေကူး – မီတာ ၅၀ ၊ မီတာ ၁၀၀)၊ သီသီ၀င်း (တစ်ဦးချင်းမြားပစ်)

 

(၂၈)ကြိမ်မြောက် အေသင်အိုလံပစ် (၂၀၀၄) – ( ဂရိ )

နန်းအေးခိုင် (အလေးမ)၊ သင်းသင်းခိုင် (မြားပစ်)

 

(၂၉)ကြိမ်မြောက် ဘီဂျင်းအိုလံပစ် (၂၀၀၈) – ( တရုတ် )

စိုးမင်းသူ (ပြေးခုန်ပစ်-မီတာ ၅၀၀၀)၊ လဲ့လဲ့၀င်း (ပြေးခုန်ပစ်-မီတာ ၂၀၀)၊ နေမျိုးအောင် (မြားပစ်)၊ ဘုန်းမြင့်တေဇာ (ကယက်)၊ ရွှေဇင်လတ် (အနောက်တိုင်းလှေလှော်)၊ ကျော်ဇင် (မီတာ ၅၀၊ မီတာ ၁၀၀ – အလွတ်ကူး)

 

(၃၀)ကြိမ်မြောက် လန်ဒန်အိုလံပစ် (၂၀၁၂) – ( အင်္ဂလန်)

နေမျိုးအောင်(မြားပစ်)၊ ဇော်ဝင်းသက်(ပြေးခုန်ပစ်-မီတာ ၄၀၀)၊ နီလာစန်း(ပြေးခုန်ပစ်-မာရသွန်)၊ အေးအေးအောင်(ဂျူဒို)၊ ရွှေဇင်လတ်(အနောက်တိုင်းလှေလှော်)၊ မောင်ကြူ (သေနတ်ပစ်)

 

(၃၁)ကြိမ်မြောက် RIO အိုလံပစ် (၂၀၁၆) – ( ဘရားဇီ)

စန်းယုထွေး (မြားပစ်)၊ စန်းနိုင်(ပြေးခုန်ပစ်-မီတာ ၅၀၀၀)၊ ဆွေလီမြင့် (ပြေးခုန်ပစ်-မီတာ ၈၀၀)၊ ရန်နိုင်စိုး(ဂျူဒို)၊ သင်းမြတ် (ရေကူး)၊ အိအိသက် (ရေကူး)၊ ရဲထွန်းနောင်(သေနတ်ပစ်)

(၃၂)ကြိမ်မြောက် တိုကျို အိုလံပစ် (၂၀၂၀) – (ဂျပန်)

 ရဲထွန်းနောင်(သေနတ်ပစ်)၊ သက်ထားသူဇာ (ကြက်တောင်) 

Loading